ရန်ကုန် – ဩဂုတ်(၂)

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ရွေနံ့သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လင်မယား ဟာ ဒီနေ့ ဩဂုတ်လ(၂) ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အုပ်ချုပ်ရေးမှူးလင်မယား ကို ပုလဲမြို့သစ် ရွှေနံ့သာ ကျေးရွာအုပ်စု ပေါင်းကူးဥာဏရပ်ကွက် ဒေါ်ငို တံတားလမ်းမှာ ကားကိုမိုင်းခွဲပြီး ပစ်ခတ်ခဲ့တာပါ။ “သူက စစ်ကောင်စီရဲ့ အကြီးစား ဒလန်ပဲ ပြည်သူတွေကို ဖိနှိပ်တာတွေရော တပည့်မွေးပြီး ဆဲဆိုတာ တွေပါအမြဲလုပ်နေတဲ့သူ ဧည့်စာရင်းတိုင်ရင်လဲ ပိုက်ဆံတောင်းတယ် ပြီးတော့ အမြဲရစ်နေတာ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဦးဝင်းနိုင်ထွန်းဟာ နီလာ၊ပတ္တမြား၊ရွှေနံ့သာ၊ငွေနံ့သာ ပေါင်းကူး ရပ်ကွက်တွေကို ကိုင်တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ သင်္ဃန်းကျွန်းကြီး ဘက်နဲ့ ရွှေနံသာဘက်က ဆိုင်ကယ် ကယ်ရီတွေကို ဖမ်းဆီးတာတွေရှိနေပြီး ဘယ်လောက်ဖမ်းဆီးခံထား ရတယ်ဆိုတာကိုတော့ သံလွင်တိုင်းမ် အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ ဒေသခံတွေရဲ့ ပြောဆိုမှုအရ ပစ်ခတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူး လင်မယားဟာ သေဆုံးသွား ခဲ့ပြီဖြစ်တယ်လို့ သိရပြီး ဒီပစ်ခတ်ရှင်းလင်းမှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.