ဆိုးလ် – ဩဂုတ်(၂) 

တောင်းကိုရီးယား မိဘ၊ဆရာအဖွဲ့တွေက အသက်တစ်နှစ်က ငါးနှစ်အထိ ကျောင်းအပ်နှံရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဩဂုတ်လ(၁) ရက်နေ့မှာ ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး အဲ့ဒီလို ကလေးငယ်တွေဟာ ဉာဏ်ရည်ဉာဏ်သွေး မပြင်ဆင်ရသေးပဲ အပြောင်းအလဲကြောင့် ကလေး ထိန်းရှာဖွေချိန်မှာလည်း အခက်အခဲတွေ တိုးလာမှာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ 

လူထုထောက်ခံမှုရရှိရင် ၂၀၂၅ ခုနှစ်အစောပိုင်းကစတင်ပြီး အသက်အရွယ်ကို လျှော့ချပေး မယ်လို့ ပညာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုထားပါတယ်။ 

တောင်ကိုရီးယားနိုင်ငံရဲ့ ကလေးမွေးဖွားနှုန်း အလွန်နည်းပါးနေတဲ့အတွက် လုပ်သားအင်အား တွေကျဆင်းလာတဲ့အတွက် အဲ့ဒီအစီအစဉ်ဟာ ပြည်သူတွေရဲ့ ပညာရေးကို စောလျှင်စွာ ပြီး မြောက်ပြီး လုပ်သားအင်အား တိုးချဲ့ဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

မိဘ၊ဆရာ အစုအဖွဲ့(၃၆) ဖွဲ့ရဲ့ ညွန့်ပေါင်းအဖွဲ့ဟာ တနင်္လာနေ့မှာ သမ္မတရုံရှေ့မှာ စုဝေးဆန္ဒပြ ခဲ့ကြပြီး အစီအစဉ်ကို ဖျက်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။ 

ကျောင်းတက်ချိန် အစောပိုင်း ကုန်ဆုံးပြီးနောက် ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ နည်းလမ်း ရှာဖွေဖို့ ခက်ခဲတဲ့အတွက် မိဘတွေက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ 

မိသားစုတွေမှာ မိဘနှစ်ပါစလုံးက အလုပ်လုပ်နေကြပြီး ကလေးထိန်းဌာနတွေဟာ ယေဘူယျ အနေနဲ့ တစ်နေကုန် စောင့်ရှောက်မှုကိုသာ ဝန်ဆောင်မှု ပေးကြတာပါ။ 

ဆရာတွေရဲ့ ကန့်ကွက်မှုတွေမှာ ငါးနှစ်သားတွေဟာ ကျောင်းတက်ဖို့ ငယ်ရွယ်လွန်းပြီး ကျောင်းစတက်ချိန် အစောပိုင်းမှာ မိဘတွေက သားသမီးတွေကို အရှေ့ရောက်အောင် အပြိုင်အဆိုင် လုပ်ဆောင်ကြတဲ့အတွက် ကိုယ်ပိုင်ကျူရှင်ကို ပိုမိုအသုံးပြုလာကြတာကြောင့် ဆရာတွေက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ 

အသိဉာဏ်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထည့်သွင်းစဉ်းစားရင် ကျောင်းကို စောစီးစွာ တက်ရောက်တာဟာ မသင့်လျော်သလို ပုဂ္ဂလိက ပညာရေးနဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေ အတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာမှုလို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်သေနိုင်တယ်လို့ ညွန့် အပေါင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

၂၀၁၉ ခုနှစ်မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းက အဖွဲ့ဝင် နိုင်ငံပေါင်း(၃၈) နိုင်ငံထဲက (၂၆) နိုင်ငံမှာ ကလေးတွေဟာ အသက်ခြောက်နှစ်မှာ ပညာစတင် သင်ကြားကြပြီး ဩစတေးလျ၊နယူးဇီလန်နဲ့ အိုင်ယာလန်နိုင်ငံတို့မှာတော့ အသက်ငါးနှစ်မှာ ခွင့် ပြုထားတာဖြစ်ပါတယ်။ 

ဒီနှစ်ကုန်မှာ အဲ့ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ လုံလောက်တဲ့ တုံ့ပြန်ချက်ရရှိဖို့ မျှော်လင့်တယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောဆိုထားပြီး ရှေ့ပြေးအစီအစဉ်မစတင်မီ ကလေးထိန်းကျောင်းနဲ့ တခြားပံ့ပိုးကူညီမှုတွေကို တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ကလေးမိခင်တစ်ဦးကတော့ အစိုးရဟာ ကလေးတွေကို ပိုမိုကောင်းမွန်စွာ ပြုစုစောင့်ရှောက် နိုင်စေဖို့ ဆရာ/ဆရာမတွေကို ပိုမိုလုံခြုံစေဖို့ စာသင်ကျောင်းတွေမှာ ကူညီသင့်တယ်လို့ ပြောဆို ခဲ့ပါတယ်။ 

“ဒါက ကျောင်းတွေဟာ ပညာရေးနဲ့ ကလေးထိန်းကျောင်းမှုရဲ့ အခန်းကဏ္ဍနှစ်ခုကို တာဝန်ယူထားရမယ်လို့ ဆိုလိုပါတယ်” လို့ သူမက ပြောခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.