August 2, 2022

ထီးလင်းမြို့ပေါ်က မြန်မာ့စီးပွားရေးဘဏ်အနီးဗုံးပေါက်လို့ ဘဏ်မန်နေဂျာနဲ့ ရဲထိခိုက်မှုရှိခဲ့

ထီးလင်း – ဩဂုတ်(၂) မကွေးတိုင်း ထီးလင်းမြို့ပေါ်က မြန်မာ့စီးပွားရေးဘဏ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီက မြို့ပေါ်လာတဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဩဂုတ်လ(၂) ရက်နေ့ မနက်(၉) နာရီဝန်းကျင်မှာ YDF – Htilin ကဗုံး(၃) လုံးနဲ့ တိုက်ခိုက် ခဲ့တာဖြစ်ပြီး ရဲနှစ်ဦးနဲ့ ဘဏ်မန်နေဂျာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့…

ပုလဲမြို့သစ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်မယားပစ်သတ်ခံရ

ရန်ကုန် – ဩဂုတ်(၂) ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ရွေနံ့သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လင်မယား ဟာ ဒီနေ့ ဩဂုတ်လ(၂) ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အုပ်ချုပ်ရေးမှူးလင်မယား ကို ပုလဲမြို့သစ် ရွှေနံ့သာ ကျေးရွာအုပ်စု ပေါင်းကူးဥာဏရပ်ကွက် ဒေါ်ငို တံတားလမ်းမှာ ကားကိုမိုင်းခွဲပြီး ပစ်ခတ်ခဲ့တာပါ။ “သူက စစ်ကောင်စီရဲ့ အကြီးစား…

မြိုင်မှာ NUG ဆရာအတက်ပညာမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မြိုင် – ဩဂုတ်(၂) အမျိုးသားညီညွတ်ရေးအစိုးရ NUG ကြားကာလပညာရေး မြိုင်မြို့နယ် ပြည်သူ့ အခြေပြုကျောင်း ဆရာ အတက်ပညာမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ကို ဒီနေ့ ဩဂုတ်လ(၂) ရက်နေ့မှာ ကျင်းပ ခဲ့ပါတယ်။ ဓာတ်ပုံ – CJ

၂၀၂၁ ဇွန်လက ၂၀၂၂ ဇွန်လ(၃၁)ရက်အတွင်း စစ်ကောင်စီတပ်သား နှစ်သောင်းနီးပါးသေဆုံးခဲ့ပြီး တပ်ရင်းမှူးအဆင့်လည်း ပါဝင်တယ်လို့ NUG ထုတ်ပြန်

မော်လမြိုင် – ဩဂုတ်(၂)အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ၂၀၂၁ ခုနှစ် ဇွန်လ(၁) ရက်နေ့ကနေ၂၀၂၂ ဇွန်လ(၃၀) ရက်နေ့အထိ (၁၈၁၁၆) ဦးသေဆုံးခဲ့ပြီး (၆၁၂၈) ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ခုံခံတော်လှန်တိုက်ပွဲ (၅၃၃၇) ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်ရင်းမှူးအဆင့်ပါ သေဆုံးထားတာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှုဖြစ်စဉ် (၅၅၅၀) ကြိမ်အထိ ရှိခဲ့ပြီး ပြည်သူ(၂၉၀၈) ဦး…

ပုထိုးလုံရေနံမြေဓာတ်အားပေးစက်ရုံအင်ဂျင်နီယာမှူးကို ကောင်းစွန်စွာ ထိန်းသိမ်းထားတယ်လို့ YDF- Kyaw ထုတ်ပြန်

ကျော- ဩဂုတ်-(၂) မကွေးတိုင်းကျောမြို့နယ် ပုထိုးလုံရေနံမြေဓာတ်အားပေးစက်ရုံ အင်ဂျင်နီယာမှူးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှာက်ထားပြီး ဆေးကုသမှုပေးနေတယ်လို့ YDF-Kyaw က ဒီနေ့ ဩဂုတ်လ(၂) ရက်နေ့ မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၇) ရက်နေ့က ပုထိုးလုံရေနံမြေ ဓာတ်အားပေးစက်ရုံ​ ကို YDF တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး MOGE အင်ဂျင်နီယာမှူးဖြစ်တဲ့ ဦးမင်းအောင်အပါအဝင် ဝန်ထမ်း (၂၄) ဦးကို…

စင်ကာပူနိုင်ငံတွင် အမျိုးသားလိင်တူချစ်သူများ လက်ထပ်ထိမ်းမြားခွင့် တားမြစ်ချက်ကို ပြင်ဆင်ရေး မအောင်မြင်ဖြစ်နေ

စင်ကာပူ၊ သြဂုတ် (၂) စင်ကာပူနိုင်ငံမှာ အမျိုးသားချင်း လိင်ဆက်ဆံခြင်းသည် ရာဇဝတ်မှုကျူးလွန်သည်ဟူသော ကိုလိုနီ ခေတ်ဥပဒေသည် မည်သို့သော လက်ထပ်မှုမျိုးကိုမဆို ကာကွယ်ပေးမယ်ဆိုတာ အကြီးတန်းဝန်ကြီးမှ အာမခံထားသော စင်ကာပူနိုင်ငံရှိ လူထုအကြား ဆွေးနွေးမှုမြင့်တက်နေပါတယ်။ ဥပဒေနှင့် ပြည်ထဲရေးဝန်ကြီး K.Shanugam ရဲ့ ပြောဆိုချက်အရ အစိုးရအနေဖြင့် ယင်းစည်းမျဥ်းကို ပြန်လည် သုံးသပ်နေချိန်မှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ တရားဝင်မှုကို တရားရုံးများမှာ စိန်ခေါ်…

တောင်ကိုရီးယားမှာအသက်ငါးနှစ်အောက် ကျောင်းဝင်ခွင့်အစီအစဉ်ကို ကျောင်းသားမိဘတွေ ကန့်ကွက်

ဆိုးလ် – ဩဂုတ်(၂) တောင်းကိုရီးယား မိဘ၊ဆရာအဖွဲ့တွေက အသက်တစ်နှစ်က ငါးနှစ်အထိ ကျောင်းအပ်နှံရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဩဂုတ်လ(၁) ရက်နေ့မှာ ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး အဲ့ဒီလို ကလေးငယ်တွေဟာ ဉာဏ်ရည်ဉာဏ်သွေး မပြင်ဆင်ရသေးပဲ အပြောင်းအလဲကြောင့် ကလေး ထိန်းရှာဖွေချိန်မှာလည်း အခက်အခဲတွေ တိုးလာမှာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ လူထုထောက်ခံမှုရရှိရင် ၂၀၂၅ ခုနှစ်အစောပိုင်းကစတင်ပြီး အသက်အရွယ်ကို လျှော့ချပေး မယ်လို့ ပညာရေးဝန်ကြီးဌာနက…

စီးပွားရေးလုပ်ငန်းမြှင့်တင်ဖို့ နိုင်ငံတကာဆေးခြောက်ပွဲတော်ကို ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပမယ်

ပတ္တရား – ဩဂုတ်(၁) ဆေးခြောက်ကို ကျန်းမာရေးဆိုင်ရာ အသုံးပြုမှု မြှင့်တင်ပြီး ကျန်းမာရေးခရီးသွားလုပ်ငန်း (Health Tourism) စုဝင်းတဲ့ ပင်လယ်မြို့တော်ကို မီးမောင်းထိုးပြသနိုင်စေဖို့ နိုင်ငံတကာ ဆေးခြာက်ပွဲတော်ကို ပတ္တရားမြို့မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ သက်ဆိုင်တဲ့ လူတွေကို ထောက်ပံ့ကူညီနိုင်ဖို့ ဆေးခြောက် ကို ဆေးဘက်ဆိုင်ရာ အသုံးပြုမှုကို မြှင့်တင်မှာဖြစ်တဲ့အတွက် ပတ္တရားမြို့ CISW…