မကွေး – ဩဂုတ်(၁)

မကွေးတိုင်း မကွေးမြို့မစျေးအနောက်ဘက်က ပျံကျစျေးသည်တွေကို စစ်ကောင်စီက လူထုသစ္စာအဓိဌာန်းပြုပွဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စျေးလာမရောင်းချဖို့ ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စျေးသည်တွေ သံပုံးတီးဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်ပြီး ဒီနေ့ ဩဂုတ်လ(၁) ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေလာရောက်ပိတ်ပင်ခဲ့ကြတာပါ။ “အဓိကကတော့မကွေးကလည်း ဘယ်တော့မှ စစ်အာဏာရှင်စနစ်အောက်မှာ ခေါင်းငုံ့သွားမှာ မဟုတ် ဘူး။ရသမျှနည်းနဲ့ ဆက်တော်လှန်နေမှာလို့ သိစေချင်တာပါ။ စစ်အာဏာရှင် ကတော့သူတို့ကို တော် လှန်လို့ဆိုပြီး ဒီလိုမျိုးရက်ရက်စက်စက်နှင်ထုတ်လိုက်တာပေါ့။ ပြန်ကြည့်မယ်ဆိုရင် အာဏာ ရှင်ရှိ နေသမျှကျွန်တော်တို့လွတ်လွတ်လပ်လပ်စျေးရောင်းခွင့်အလုပ်လုပ်ပိုင်ခွင့်တွေရှိမှာမဟုတ်ပါဘူး” လို့ မကွေးလူထုတိုက်ပွဲကော်မတီက ကိုချစ်ဝင်းမောင်က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒါ့အပြင် အခုလို ပြုမှုခံရတာဟာ စစ်အာဏာရှင်ရှိနေ့သမျှ ကြုံနေရမှာဖြစ်ပြီး တစ်နိုင်ငံလုံးက ပြည်သူသာမက မကွေးကပြည်သူလူထု အနေနဲ့လည်း စုစည်းတော်လှန်ကြဖို့ သူက ပြောပါ သေးတယ်။ “လာတုန်းက စစ်ကောင်စီလက်ပါးစေရဲတွေကော၊ရဲမေတွေကော ကားကြီးကားငယ်နဲ့လာတာ။ ဖမ်းဆီးခံရတာတော့မရှိဘူး။ နောက်စျေးလာမရောင်းဖို့ ပြောသွားတယ်”လို့ ဒေသခံတစ်ဦး ကပြောပါတယ်။လက်ရှိအချိန်မှာ မကွေးတိုင်းအတွင်းက ပေါက်၊ထီးလင်း၊ဂန့်ဂေါ၊ဆော၊ယောဒေသ၊ မြိုင်၊ပခုက္ကူ၊ ရေစကြိုနဲ့ လောင်းရှည်စတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကိုင်းတိုင်းပြီးရင် မကွေးတိုင်းဟာ ဒုတိက အများဆုံးမီးရှို့ခံရတာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေရှိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.