ပါရီ – ဇူလိုင်(၃၁) 

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရေးအကျဉ်းသားလေးဦးကို စစ်အစိုးရက ကွပ်မျက် ခဲ့တာနဲ့ပတ်သတ်ပြီးဆန့်ကျင်ဖို့ ပါရီမြို့ ဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဇူလိုင်လ(၂၉) ရက်နေ့ က ဆင့်ခေါ်ခဲ့တယ်လို့ သံတမန်သတင်းရင်းမြစ်တစ်ခုက AFP ကို ပြောခဲ့ပါတယ်။ 

စစ်ကောင်စီက ကွပ်မျက်ခဲ့တာဟာ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်ပြီးနောက်ဆက်တွဲ ဖြစ်လာမှာကို စိုးရိမ်မှုတွေရှိနေတဲ့အတွက် စစ်အစိုးရကို နိုင်ငံတကာ က တင်းတင်းကြပ်ကြပ် အရေးယူမှုတွေပြုလုပ်ဖို့ တောင်းဆိုနေကြပါတယ်။ 

“မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ 2021 ခုနှစ် ဖေဖော်ဝါ ရီလက အာဏာသိမ်းပြီးကတည်းက မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေ ထူထောင်ဖို့ မြန်မာသံ အမတ်ကြီးကိုလည်း သတိပေးထားပါတယ်” လို့ သတင်းရင်းမြစ်တစ်ဦး ကပြောပါတယ်။ 

ကွပ်မျက်ခံရသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ က လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်၊ဝါရင့်ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးကျော်မင်းယု ခေါ် ကိုဂျင်မီ နဲ့ လူငယ်နှစ်ဦး ဖြစ်ပါတယ်။ 

စစ်ကောင်စီက သူတို့ လေးဦးကို အကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေတွေနဲ့ သေဒဏ်ချမှတ်ခဲ့တဲ့ အတွက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့လေးဦးကို သေဒဏ်ပေးထိုက်သူတွေဖြစ်လို့ ကွပ်မျက်ခဲ့ တာဖြစ်တယ်လို့ နိုင်ငံတကာကို တုံ့ပြန်ထားပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.