မော်လမြိုင် ၊ ဇူလိုင်(၂၇)

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ဒီနှစ် ဇူလိုင် လ(၁၅) ရက်နေ့အထိ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ်၊အဆောက်အအုံ ၂၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ISP Myanmar က ထုတ်ပြန်ပါတယ်။ISP Myanmar ကတော့ နေအိမ်နဲ့အဆောက်အအုံတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခံရတာ၊ လက်နက်ကျည်တွေ ထိမှန်ပြီး ပျက်စီးဆုံးရှုံးခဲ့ရတာနဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်စီးနင်း မီးရှို့ခဲ့မှုတွေကြောင့် ဆုံးရှုံးခဲ့ရတာလို့ ဆိုထားပါတယ်။ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံတွေထဲမှာ စစ်ကိုင်းတိုင်းအတွင်းက နေအိမ်နဲ့အဆောက်အအုံ ၂၀၀၀၀ ကျော်နဲ့ အများဆုံး မီးရှို့ဖျက်ခံခဲ့ရသလို မကွေးတိုင်းကတော့ ၅၀၀၀ ကျော်နဲ့ ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခံထားရတာပါ။ကျန်ရှိတဲ့ နေအိမ်၊ အဆောက်အအုံ ၂၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဒေသတွေမှာတော့ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်း စတဲ့ ဒေသတို့ ပါဝင်ပါတယ်။ဒီနှစ် ဇူလိုင်လ (၁) ရက်ကနေ (၁၅) ရက်နေ့အတွင်းမှာတော့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် အဆောက်အအုံ (၅၃၅)လုံးကျော်ရှိခဲ့ပြီး အဲဒီထဲက စစ်ကိုင်းတိုင်းက နေအိမ် (၂၈၀) ကျော်နဲ့ မကွေးတိုင်းက (၂၃၀) ကျော် မီးရှို့ဖျက်ဆီးခံရကာ အရပ်သားသေဆုံးမှု ခြောက်ဦးထက်မနည်း ရှိခဲ့တယ်လို့ ISP Myanmar က ဆိုထားပါတယ်။ISP Myanmar ကတော့ ဒီအချက်အလက်တွေဟာ လွတ်လပ်တဲ့သတင်းမီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေခံပြီး လက်လှမ်းမီသမျှ စုစည်းထားတာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

18918914 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.