ဂျာကာတာ ၊ ဇူလိုင် (၂၁)

ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာအတွက် တရားဝင်ခွင့်ပြုမည့် မူးယစ်ဆေးဝါးဥပဒေအား တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုကို တရားသူကြီး ကိုးဦးရဲ့ ခုံရုံးက ဆုံးဖြတ်ချက်ဖြင့် ဇူလိုင် ၂၀ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။  

အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကျောထောက်နောက်ခံပေးထားသော ဦးနှောက်ချို့ယွင်းတဲ့ ရောဂါခံစားနေရတဲ့ ကလေးတွေရဲ့ မိခင်သုံးဦးဟာ နိုင်ငံရဲ့တင်းကျပ်တဲ့ မူးယစ်ဆေးဝါးဥပဒေအား တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုကို ၂၀၂၀ ခုနှစ်မှာ တင်သွင်းခဲ့ပြီး ရောဂါလက္ခဏာများ ကုသရန် ဆေးခြောက် အသုံးပြုမှုအတွက် ငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။ 

တရားသူကြီးများက တရားလိုများကို ထောက်ခံတဲ့ စီရင်ချက်ကို သက်သေပြဖို့ သုတေသနဆိုင်ရာ အချက်အလက်များ လုံလောက်မှုမရှိဟု ပြောဆိုသော်လည်း မူးယစ်ဆေးဝါးကို ကုသရေးသုံးစွဲမှုဆိုင်ရာ သုတေသနကို ချက်ချင်းလုပ်ဆောင်ရန် အစိုးရအား တိုက်တွန်းခဲ့ပါတယ်။ 

“အစိုးရအနေနဲ့ ချက်ချင်းလိုက်နာသင့်တယ်လို့ တရားရုံးက အလေးပေးပြောကြားလိုပါတယ်၊ ဒီဖြစ်ရပ်မှာ ဥပဒေပြောင်းလဲနိုင်ခြေအပါအဝင် မူဝါဒတွေကို ဆုံးဖြတ်ရာမှာ ဒီရလဒ်တွေကို အသုံးပြုနိုင်မှာဖြစ်တယ်” လို့  အင်ဒိုနီးရှားနိုင်ငံသားအများအပြားက နှစ်သက်သဘောကျတဲ့ တရားသူကြီး ဆူဟာတိုယိုက ပြောပါတယ်။ 

ဆေးဘက်ဆိုင်ရာအကြောင်းပြချက်တွေအတွက် မူးယစ်ဆေးဝါးကို သုံးစွဲခွင့်မပြုခြင်းဟာ ကျန်းမာရေးဝန်ဆောင်မှုများရရှိရန်နှင့် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုမှ အကျိုးကျေးဇူးများရရှိဖို့ နိုင်ငံသားများရဲ့ အခွင့်အရေးတွေကို ချိုးဖောက်တာဖြစ်တယ်လို့ တရားလိုရှေ့နေများက စောဒကတက်ခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ၏ ဥပဒေသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေများထဲမှ တစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါး အမြောက်အမြား လက်ဝယ် သို့မဟုတ် ရောင်းဝယ်ဖောက်ကားမှုအတွက် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်ခြင်းနဲ့ သေဒဏ်ပေးတာတွေလည်း ပါဝင်ပါတယ်။ 

၂၀၁၈ ခုနှစ်တွင် ဆေးခြောက်ကို မီးစိမ်းပြတဲ့ ဒေသတွင်းမှာ ပထမဆုံးနိုင်ငံဖြစ်လာခဲ့တဲ့ ထိုင်းနိုင်ငံကို  ယခုနှစ်တွင် ဆေးခြောက်စိုက်ပျိုးခြင်းနှင့် သုံးစွဲမှုတို့ဖြစ်သည်။

သို့သော်  အသက် (၁၃) နှစ်အရွယ် ဦးနှောက်ချို့ယွင်းတဲ့ရောဂါခံစားနေရတဲ့ သမီးဖြစ်သူရဲ့ မိခင်က ဂျကာတာမြို့လယ်ရှိ လူစည်ကားတဲ့လမ်းတစ်ခုမှာ ဆေးခြောက်ကို တရားဝင်ဖြစ်အောင် ဆေးဘက်ဆိုင်ရာ သုတေသနပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပြီး မကြာသေးမီအချိန်မှာဘဲ အဆိုပါကိစ္စဟာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ 

အသက် (၄၃) နှစ်အရွယ်မိခင်က “ကူညီပါ ငါ့ကလေးဆေးခြောက်လိုတယ်” လို့ရေးသားထားတဲ့ စာတန်းကို လူစည်ကားတဲ့ လမ်းပေါ်မှာ ကိုင်ဆောင်ပြီး အကူအညီတောင်းခံခဲ့ပြီးတဲ့နောက် အဆိုပါကိစ္စဟာ ဗိုင်းရပ်စ်လို ပျံ့နှံ့သွားခဲ့တာပါ။ 

အင်ဒိုနီးရှားပါလီမန်သည် မကြာသေးမီက ဆေးခြောက်အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းများကို ပြင်ဆင်ရန် ဆွေးနွေးခဲ့ပြီး ၎င်း၏အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

တရားဝင်ခွင့်ပြုရန် လှုပ်ရှားမှုတိုင်းဟာ ဒေသတွင်းတွင် ပထမဆုံးသော ဆေးခြောက်ကို ၂၀၁၈ ခုနှစ်တွင် မီးစိမ်းပြနိုင်ခဲ့ပြီး ယခုနှစ်တွင် ဆေးခြောက်စိုက်ပျိုးခြင်းနှင့် သုံးစွဲမှုတို့ကို ခွင့်ပြုပေးခဲ့တဲ့ ထိုင်းနိုင်ငံ၏ လုပ်ဆောင်မှုအတိုင်းဖြစ်တယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.