July 15, 2022

ဆောင်နန်းခဲကျေးရွာနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့ ငါးဦးသေဆုံး

ဖယ်ခုံ ၊ ဇူလိုင်(၁၅) ရှမ်းနဲ့ ကယားနယ်စပ် ဖယ်ခုံမြို့ ဆောင်းနန်းခဲကျေးရွာနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လ(၁၃) ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား(၅)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဆောင်နန်းခဲနဲ့ တောင်ပို့ကွဲ ရွာ နားက စစ်ကောင်စီတပ်စခန်းကို ဇူလိုင်လ(၁၃) ရက်နေ့ နေ့လည်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကဝင်ရောက်တိုက်ခိုက် ခဲ့တာပါ။ တိုက်ပွဲဟာ (၁) နာရီလောက်ကြာခဲ့ပြီး စစ်ကောင်စီဘက်က…

မြောက်ဒဂုံ ရဲစခန်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်

ရန်ကုန် ၊ ဇူလိုင်(၁၅) မြောက်ဒဂုံမြို့မရဲစခန်းကို ဒီနေ့ဇူလိုင်လ(၁၄) ရက်နေ့ မနက်ပိုင်းက ကားတစ်စီးနဲ့ လာရောက် ပစ်ခတ်ခဲ့လို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။ “မနက်အစောကြီးလာပစ်တာ မနက် ခြောက်နာရီကျော်လောက် ဘန်ကာအရှေမှာ နေတဲ့အချိန် ပစ်ခံရတာ ထိတဲ့သူတွေရှိတယ်လို့ ကြားတယ်” လို့ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါ တယ်။…

နိုင်ငံတဝန်းမှာ မြေမြုပ်မိုင်းနဲ့ စစ်လက်ကျန် ပစ္စည်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံး

ရန်ကုန် ၊ ဇူလိုင် (၁၅) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကနေ အခုနှစ်မေလထိ ၁၆ လတာကာလအတွင်း မြေမြုပ်မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။ ယူဆီဆက်မြန်မာရဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းဖြစ်ရပ်တွေကို စောင့်ကြည့်လေ့လာချက်တွေအရ အဲဒီ…

ရေဖြူမြို့နယ် စရဖရုံး ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် အဆောက်အဦး တစ်ခုလုံး ပြိုကျပျက်စီး

ရေဖြူ ၊ ဇူလိုင် (၁၅) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အရှေ့ဘက်ကမ်း နဝဒေးလမ်းရှိ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖရုံး) ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် အဆောက်အဦး တစ်ခုလုံး ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီစရဖရုံးကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ ည ၁၀ နာရီလောက်မှာ အမည်မသိ အဖွဲ့အစည်းတစ်ခု ဗုံးထောင်ဖောက်ခွဲခဲ့တာ ဖြစ်ပြီး ဗုံးဖောက်ခွဲခံရတာကြောင့် အဆောက်အဦး…

ကျောက်ကြီးမြို့နယ်မှာ ကရင်လူငယ် ၂၃ ဦး လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံနေရ

ကျောက်ကြီး ၊ ဇူလိုင် (၁၅) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ကရင်လူငယ်(၂၃)ဦးကို ဖမ်းဆီးပြီးနောက် လက်ပြန်ကြိုးတုပ်ကာ လမ်းမပေါ်မှာ တနေ့လုံး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ် ဒေါင်းမို့ကျေးရွာအုပ်စုရှိ အလယ်စုကျေးရွာနဲ့ ဝါးပင်စုကျေးရွာထဲကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃…

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် စက်သုံးဆီအရောင်းဆိုင်တွေ အရှုံးပေါ်နေ

မော်လမြိုင် ၊ ဇူလိုင် (၁၅) အာဏာသိမ်း စစ်ကောင်စီက စက်သုံးဆီဈေးကွက်ကို ထိန်းချုပ်ထားပြီး နေ့စဉ်နဲ့အမျှ ရည်ညွှန်းဈေးနှုန်းတွေ ကန့်သတ်ထုတ်ပြန်နေတာကြောင့် အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကို အရင်က တင်သွင်းမှုနဲ့ကုန်ကျစရိတ်အပေါ် မူတည်ပြီး စက်သုံးဆီဆိုင်တွေက ဈေးနှုန်းသတ်မှတ် ရောင်းချခဲ့ရာကနေ ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်ကစပြီး စစ်ကောင်စီက နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားတဲ့ ဈေးနှုန်းအတိုင်း…

ဒေါ်လာစျေး ထိုးတက်ကာ ယူရိုငွေကြေးကျဆင်းလာပြီး ဂျပန်ယမ်းက ဆယ်စုနှစ်အတွင်း စျေးအနိမ့်ဆုံးသို့ ကျဆင်းလာ

လန်ဒန် ၊ ဇူလိုင် ၁၅ ဇူလိုင် ၁၄ရက်မှာ ကန်ဒေါ်လာစျေးဟာ ၂၄နှစ်အတွင်း တစ်ဖန်ပြန်မြင့်တက်လာပြီး ယူရိုငွေကြေးလည်း ကျဆင်းလာကာ ဂျပန်ယမ်းကတော့ ဆယ်စုနှစ်အတွင်းစျေးအနိမ့်ဆုံးသို့ ကျဆင်းလာတာမို့ ငွေကြေးရင်းနှီမြှုပ်နှံသူတွေအနေနဲ့ ခွေးသွားစိပ်သဖွယ် တွဲဆက်လည်ပတ်နေတဲ့ ဒီငွေကြေးတွေနဲ့ လည်ပတ်မှုမှာမြှုပ်နှံဖို့ ဗဟိုဘဏ် အတိုးနှုန်းတွေကို အတော်ချိန်ဆနေကြရပြီလို့ ရိုက်တာ သတင်းကဖော်ပြလိုက်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမငြိမ်မသက်ဖြစ်မှုကြောင့် ဒေါ်လာစျေးဟာ ဒုံးပျံနဲ့စွဲတင်လိုက်သလို မြင့်တက်လာခဲ့ပြီး ဒေါ်လာအညွှန်းကိန်းဟာ ယခုနှစ်မှာ…

အီးယူရဲ့ ရုရှားကို နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်မှာ ဂတ်စ်ပါဝင်မှာမဟုတ်ဘူးလို့ ချက်ခေါင်းဆောင်ဆို

ပရက်ဂ် – ဇူလိုင်(၁၅) ဥရောပသမဂ္ဂရဲ့ ရုရှားအပေါ် (၇) ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှု တစ်ရပ်ကို ပြင်ဆင်နေ ပေ မယ့် အဖွဲ့ဝင်နိုင်ငံတွေဟာ လုံလောက်အောင် ချိန်ညှိနိုင်တာမရှိသေးတဲ့အတွက် ရုရှားဓာတ်ငွေ့ တင်သွင်းမှုကိုတားဆီးမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိထားပြီးဖြစ်တယ်လို့ ချက် ဝန်ကြီးချုပ်က ရိုက်တာကိုပြောပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဖိအားတွေတိုးမြင့်လာစေဖို့ အတွက် EU ရဲ့ အမှုဆောင်အရာရှိက ဒဏ်ခတ်ပိတ်ဆို့မှုဟာ…

သီရိလင်္ကာရဲ့လက်ရှိဝန်ကြီးချုပ် ရာနေးလ်ကို ယာယီသမ္မတခန့်အပ်ဖို့ သမ္မတဟောင်းက အခြေခံဥပဒေအရ ကိုးကားပြောဆို

ကိုလံဘို – ဇူလိုင်(၁၅) သီရိလင်္ကာနိုင်ငံ သမ္မတ ဂိုဒါဘာရာဟာ နိုင်ငံကိုစွန့်ခွါသွားပြီးနောက် လက်ရှိဝန်ကြီးချုပ် ရာနေးလ်ဝစ်ခရင်ဆင်မ်ဂီကို သီရီလင်္ကာရဲ့ ယာယီသမ္မတအဖြစ်ကြေငြာလိုက်တဲ့နေ့မှာပဲ ဝန်ကြီးချုပ်အသစ်ကိုခန့်အပ်ဖို့ ပါလီမန်ပြောရေးဆိုခွင့်ရှိသူဆီကို မေးမြန်းခဲ့တယ်လို့ သတင်း ထုတ်ပြန်ရေးအဖွဲ့က ဇူလိုင်လ(၁၃) ရက်နေ့က ပြောဆိုခဲ့ပါတယ်။ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်ဖြစ်သူ ရာနေးလ်ဝစ်ခရင်ဆင်မ်ဂီဟာ အစိုးရအဖွဲ့နြံ အတိုက်အခံနှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ လူတစ်ဦး ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ကြေငြာဖို့…