လန်ဒန် – ဇူလိုင်(၆) 

ရုရှားကျူးကျော်မှုကြောင့် ပျက်စီးသွားတဲ့ ယူကရိန်းနိုင်ငံပြန်လည်ထူထောင်ဖို့ အကူအညီပေး မယ့်အရေးကို အဓိကထားဆွေးနွေးမယ့် ညီလာခံကို ဗြိတန်နိုင်ငံက လာမယ်၂၀၂၃ ခုနှစ်မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်တယ်လို့ နိုင်ငံခြားရေးရုံးက ပြောဆိုခဲ့ပါတယ်။ 

ယူကရိန်းပြန်လည်ထူထောင်ရေးညီလာခဲ့(URC 2022) ကိုလူဂါနိုမှာ လာမယ့် တနင်္လာနေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး တခြားနိုင်ငံတွေကို ကိုယ်စားပြုတဲ့ ယူကရိန်းနိုင်ငံရဲ့ ကိုယ်စားလှယ် အဖွဲ့တွေ၊နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို စုစည်းပြီး နိုင်ငံကို ဘယ်လိုပုံစံပြန်တည်ဆောက်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာပါ။ 

လာမယ့် ၂၀၂၃ ခုနှစ်ညီလာခံကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ယူကရိန်းအပါအဝင် တခြာ းနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ဗြိတိန်က ပြောဆိုခဲ့ပြီး လန်ဒန်မှာ ရုံးခန်းတစ်ခု တည်ထောင်ကာ ပြန်လည်ထူထောင်ရေးဆိုင်ရာ အစီအမံတွေကို ယူကရိန်းနဲ့ သူတို့ရဲ့ မဟာမိတ် တွေညှိနှိုင်းကူညီဖို့အတွက် ကြီးကြပ်ရေးဘုတ်အဖွဲ့မှာ ဆောင်ရွက်မှာဖြစ်တယ်လို့ ဗြိတိန်က ပြောဆိုခဲ့ပါတယ်။ 

“စစ်ပွဲအတွင်း ယူကရိန်းနိုင်ငံကို ပံ့ပိုးကူညီမှုတွေကို ဦးဆောင်ခဲ့ပြီး ယူကရိန်းအစိုးရရဲ့ ပြန်လည် တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ဆက်လက်ပံ့ပိုးပေးမှာပါ” လို့ 

 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရုစ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ရုရှားရဲ့ ကျူးကျော်စစ်ပွဲက ယူကရိန်းပြန်လည်ထူထောင်လာတာဟာ အာဏာရှင်စနစ် အပေါ် ဒီမိုကရေစီပါဝါရဲ့ သင်္ကေတဖြစ်သလို ရုရှားသမ္မတ ဗလာဒီမာမူတင်ဟာ ယူကရိန်းကို ဖျက်ဆီးဖို့ ကြိုးပမ်းမှုတွေကြောင့် ပိုမိုအားကောင်းပြီး ပိုမိုစည်းလုံးညီညွတ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ ပြသရမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ ယူကရိန်းက ရုရှားစကားပြောသူတွေကို အမျိုးသားရေးဝါဒီ ဒါမှမဟုတ် နာဇီလက်သစ်နှိပ်စက်ညှဉ်းပန်းမှုကနေ ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ရုရှားက ပြောခဲ့ ပေမယ့် ယူကရန်းကို နယ်ချဲ့သိမ်းပိုက်တဲ့ စစ်ပွဲဟာ အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်လို့ ဝေဖန်ထားကြပါတယ်။ 

သမ္မတဇယ်လန်းစကီးက ဗြိတိန်ကို ယူကရိန်းနဲ့ အနီးတဝိုက်ဒေသ ပြန်လည်ထူထောင်ရေးမှာ ရပ်တည်ကာကွယ်ပေးဖို့ တောင်းဆိုထားတယ်လို့ နိုင်ငံခြားရေးရုံးကပြောဆိုထားပြီး ယူကရိန်း နိုင်ငံကို ရင်းနှီးမြှုပ်နှ့မှုတွေ ထည့်သွင်းကူညီဖို့ သူတို့ရဲ့ ဘဏ္ဍာရေးကဏ္ဍကျွမ်းကျင်သူတွေကို ဗြိတန်က ကတိပြုထားပါတယ်။ 

ဗြိတန်ဟာ နိုင်ငံစုံချေးငွေအတွက် ဒေါ်လာ (၁.၅) ဘီလျံတန်ဖို့ရှိအာမခံချက်နဲ့ နှစ်နိုင်ငံကြား ထောက်ပံ့မှုမှာ ပေါင်သန်း (၁၀၀) ကျော်ကူညီပေးဖို့ သဘောတူထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.