နေပြည်တော် – ဇူလိုင်(၆) 

တရုတ်နဲ့မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသငါးနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ပုံဂံမြို့မှာ စီးပွားရေးပူးပေါင်းဆောင်ရွက် မှုတွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။ 

လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အရ အဲ့ဒီဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ ခြားရေးဝန်ကြီး ပရက်ဆော့ခွန်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် တက် ရောက်ခဲ့သလို ထိုင်း၊လာအိုနဲ့ ဗီယက်နမ်က တာဝန်ရှိသူတွေလဲ တက်ရောက်ခဲ့ကြပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ သီးခြားတွေ့ဆုံထားပြီး တရုတ်ရဲ့ ခါးပတ်တကွင်းလမ်းတစင်းနဲ့ ချိတ်ဆက်ထားတဲ့ တရုတ်- မြန်မာစီးပွားရေးစင်္ကြံကို အရှိန်မြှင့်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြသလို သက်ဆိုင်ရာ မဟာဓာတ်အားလိုင်း ချိတ်ဆက်မှုလုပ်ဆောင်ဖို့လည်း သဘောတူညီခဲ့ကြပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုတွေ့ဆုံပွဲဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ သူတို့ရဲ့ အစိုးရကို အသိအမှတ်ပြုတာဖြစ်တယ်လို့ သတင်ထောက်တွေ ကိုပြောဆိုထားပါတယ်။ 

အခြေခံအဆောက်အအုံနဲ့ တခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့အတွက် လျန်ချန်း-မဲခေါင်မူဘောင်ကို တရုတ်နိုင်ငံက ၂၀၁၅ ခုနှစ်မှာဖွဲ့စည်းခဲ့ပြီး အရှေ့တောင်အာရှရဲ့ အရှည်ဆုံးမြစ်ဖြစ်ပြီး တရုတ်နိုင်ငံအပိုင်ကို Lancang လို့ အမည်ပေးထားပါတယ်။

ဝမ်ယ်ိက မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆော့ခွန်နဲ့ တွေ့ဆုံကာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေဘောင်အတွင်းက နိုင်ငံရေးပြန်လည်သင့်မြတ်ရေးကို အားပေးဖို့ နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပြန်လည်စတင်ရေးအတွက် အာဆီယံနဲ့ လက်တွဲ ဆောင်ရွက်သွားဖို့ မျှော်လင့်တယ်လု့ ပြောဆိုခဲ့ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်တွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို လိုက်နာဖို့ အာဆီယံ(၁၀) နိုင်ငံကိုလည်း မျှော်လင့်ထားတယ်လို့ ဝမ်ယိက ပြောခဲ့ပါသေးတယ်။ 

တရုတ်နိုင်ငံရဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်ကနေ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ မန္တလေးကို ရထားလမ်းဖောက်လုပ်ဖို့ စစ်အစိုးရကစီစဉ်နေပြီး စစ်ကောင်စီဟာ စီမံကိန်း ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက် တောင်းခံထားသလို ဒေါ်လာ(၈.၉) ဘီလျံလောက်ကုန်ကျမယ်လို့ ခန့်မှန်းထားကြပါတယ်။ 

မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူနန်ပြည်နယ် တာလီနဲ့ ရွှေလီမြို့တွေကို ရထားလမ်း ဖောက်လုပ်ဖို့အတွက် ပြီးခဲ့တဲ့ မေလက ဥမင်လိုဏ်ခေါင်းခြောက်ခုကို ပြီးစီးအောင် လုပ်ဆောင်ခဲ့ သလိုအဓိကအခက်အခဲတွေကို ရှင်းလင်းထားပြီးဖြစ်တယ်လို့ တရုတ်အစိုးရပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။ 

အဲ့ဒီရထားလမ်းကြောင်းကို အိန္ဒိယသမုဒ္ဒရာ တစ်လျှောက် မြန်မာ့အနောက်ဘက်ကမ်းရိုးတန်း ကိုချဲ့ထွင်ပြီး တရုတ်ဦးဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်နေတဲ့ ဆိပ်ကမ်းတစ်ခုနဲ့ ချိတ် ဆက်သွားမှာပါ။ 

မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီလိုလားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကိုင် ပဋိပက္ခ တွေကြီးထွားနေတဲ့အတွက် တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ပရောဂျက်တွေလုပ်ဆောင်မရအောင် အတားအဆီးတွေအဖြစ်ရှိနေပါတယ်။ 

တရုတ်နိုင်ငံလက်အောက်ခံ ဝမ်ပေါင်သတ္တုတွင်းလုပ်ငန်းခွဲလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ စစ်ကိုင်း ဒေသလက်ပံတောင်း ကြေးနီစီမံကိန်းကိုလုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ်တိုက်ခိုက်နေတာတွေရှိတယ်လို့ သိရပါတယ်။ 

ဝမ်ပေါင်က အဲ့ဒီတိုက်ခိုက်မှုတွေကို ရှုတ်ချတယ်လို့ ပြီးခဲ့တဲ့ လက ကြေညာချက်ထုတ်ပြန်ထား သလို သူတို့အလုပ်သမားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ဆိုထားပါတယ်။ 

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.