နယူးဒေလီ – ဇွန်(၃၀) 

နိုင်ငံတွင်း ဟိန္ဒူနဲ့ မွတ်ဆလင် လူမျိုးတွေ ကို ဆက်ဆံရေး တင်းမာမှုတွေဖြစ်ပေါ်စေဖို့ လှုံဆော်တဲ့ အကြောင်းအရာတွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တွစ်တာမှာ ဖော်ပြခဲ့တဲ့ နာမည်ကြီး မွတ်ဆလင်သတင်းထောက်တစ်ဦးကို အိန္ဒိယတရားရုံးက ဇွန်လ(၂၈) ရက်နေ့က ရဲတပ်ဖွဲ့ကို လေးရက်ကြာ စစ်ဆေးမေးမြန်းခွင့်ပြုခဲ့ပါတယ်။ 

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကို ပြီးခဲ့တဲ့ (၄) နှစ်က ပြစ်တင်ဝေဖန်တဲ့ ပိုစ်တင်ထားတာနဲ့ ပတ်သက်ပြီး အမည်မသိ တွစ်တာအသုံးပြုသူတစ်ဦးက အချက်အလက်စစ်ဆေးတဲ့ ဝဘ်ဆိုဒ် အော်တာနယူးစ် ရဲ့ တွဲဖက်တည်ထောင်သူ မိုဟာမက်ဇူယီယာ ကို တိုင်ကြားခဲ့လို့ ဖမ်းဆီး စစ်ဆေး နေတာပါ။ 

ဟိန္ဒူအမျိုးသားရေးဝါဒီ ( BJP) ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက တမန်တော်မိုဟာမက်နဲ့ ပတ်သက်တဲ့ လူထုဆူပူအုံကြွမှုဖြစ်ပေါ်လာစေဖို့ လှုံဆော်တဲ့ မှတ်ချက်တစ်ခုအပေါ်မှာ မွတ်ဆလင် ဖြစ်တဲ့ ဇူဘီယာက အာရုံစိုက်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ 

ပရိသတ် တစ်သန်းခွဲလောက်ရှိတဲ့ မှတ်ချက်တွေနဲ့ ဇူဘီယာရဲ့ တွစ်ပိုစ့်ဟာ ပျံနှံ့သွားခဲ့ပြီး BJP က အစ္စလာမ်ဆန့်ကျင်ရေး သဘောထားမှတ်ချက်တွေအတွက် ပြောရေးဆိုခွင့်ရှိသူကို ဆိုင်းငံ့ထား ခဲ့သလို ပြည်တွင်းနဲ့ နိုင်ငံတကာ ဖိအားတွေလျှော့ချဖို့ အရာရှိတစ်ဦးကိုလည်း ထုတ်ပယ်ထားခဲ့ပါတယ်။ 

မွတ်ဆလင်နိုင်ငံအများအပြားက ကန့်ကွက်တိုင်ကြားတာတွေလုပ်ဆောင်ခဲ့သလို နိုင်ငံတွင်း နေရာတော်တော်များများမှာလဲ ဆန္ဒပြပွဲတွေကြောင့် အနည်းဆုံး လူ(၂) ဦးသေဆုံးပြီး လူ(၄၀၀) ကျော်ကို ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

“ကျွန်ုပ်ရဲ့ အမှုသည်က သူ့အလုပ်ကြောင့် ပစ်မှတ်ထားခံနေရတယ်၊ သူဟာ ဩဇာကြီးတဲ့သူတွေ ကို စိန်ခေါ်သလိုဖြစ်နေလိမ့်မယ် သို့သော် ပစ်မှတ်ထားရခြင်းမှာ အကြောင်းရင်း မဟုတ်ဘူး” လို့ ဇူဘီယာရဲ့ ရှေ့နေ ဗရင်ဒါ ဂရိုဗာကပြောပါတယ်။ 

ဒါ့အပြင် ဇူဘီယာဟာ သူ့ရဲ့တွစ်တာမှာ ဟိန္ဒူဘာသာနဲ့ သရော်ထားတဲ့ ရုပ်ရှင်တစ်ကားကို ၂၀၁၈ ခုနှစ်က တင်ထားတာနဲ့ ပတ်သက်ပြီး ဟိန္ဒူဘာသာဝင်တွေကြား ဘာသာရေးဆိုင်ရာ ခံစားချက် တွေကို ထိခိုက်တယ်ဆိုတဲ့ သက်သေမပြန်ိုင်တဲ့အတွက် အမှုဟာ အဓိပ္ပါယ်မဲ့တယ်လို့ သူက ဝေ ဖန်ထားပါသေးတယ်။ 

ပြည်ထဲရေးဝန်ကြီးဌာန၊ BJP ကတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကတော့ ဒီအမှုဟာ စစ်ဆေးနေတဲ့ အခြေအနေမှာ ရှိနေသေးလို့ မှတ်ချက်ပေးဖို့ မရှိဘူးလို့ ငြင်ဆိုခဲ့ကြပါတယ်။ 

အတိုက်ခံခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တချို့ကတော့ ဇူဘီယာ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ရှုတ်ချခဲ့ကြသလို  သူဟာ အော်တာနယူးစ် ရဲ့ ပူးတွဲတည်ထောင်သူ ပရာတစ် ဆင်ဟာနဲ့ အတူ ဒီနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ကာတင်စာရင်း ဝင်ခဲ့ ပါတယ်။ 

“မိုဒီ၏အစိုးရ သို့မဟုတ် ၎င်း၏ပါတီအရာရှိများအား လူမှုကွန်ယက်ပလက်ဖောင်းတွေမှာ တက်ကြွစွာမေးခွန်းထုတ်သူ မည်သူမဆို အလွယ်တကူ ထောင်ချခံရနိုင်ပါတယ်” လို့ အော်တာ နယူးစ် ရဲ့ မန်နေဂျင်းဒါရိုက်တာက ပြောခဲ့ပါတယ်။ 

နယ်စည်းမကခြားသတင်းထောက်များအဖွဲ့က နှစ်စဉ်ပြုလုပ်နေတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း (၁၈၀) မှာ အိန္ဒိယက အဆင့် (၁၅၀) မှာ ရှိနေပါတယ်။ 

မွတ်ဆလင်တချို့ကတော့ ဇူဘီယာဖမ်းဆီးခံရတာဟာ အိန္ဒိယရဲ့ လူဦးရေ (၁.၃၅) ဘီလျံမှာ (၁၃) ရာခိုင်နှုန်းပါဝင်တဲ့ မွတ်ဆလင်အသိုင်းအဝိုင်းကို ဘေးဖယ်ဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ 

ပြီးခဲ့တဲ့ ကာလတွေက သဘောထားတင်းမာတဲ့ ဟိန္ဒူအုပ်စုတွေက ရာစုနှစ်များစွာ ကြာပြီဖြစ်တဲ့ ရှေ့ဟောင်းဗလီတွေမှာ မွတ်ဆလင်တွေဝတ်ပြုဆုတောင်းတာနဲ့ ပတ်သပ်ပြီး ဟန့်တားတာတွေ ရှိခဲ့သလို တချို့နေရာတွေမှာတော့ အစ္စလာမ်ရိုးရာဝတ်စုံ ဝတ်ဆင်တာတွေကိုပါ ပိတ်ပင်ဖို့ တွန်းအား ပေးခဲ့ကြပါသေးတယ်။

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.