MANILA: File photo shows Philippine President Rodrigo Duterte (C) holding a Galil sniper rifle with outgoing Philippine National Police (PNP) chief Ronald dela Rosa (L) during a change of command ceremony at Camp Crame in Manila. - AFP

မနီလာ – ဇွန်(၂၉)

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးဟာ ထောင်နဲ့ချီတဲ့ မူးယစ်ဆေးသံသယရှိသူတွေကို ပစ်သတ် ဖို့ရဲတွေကို အမိန့်ပေးခဲ့ပေမယ့် ရာထူးက ထွက်ခွါချိန်မှာ စွဲချက်တင်ခံရဖို့မရှိနိုင်ဘူးလို့ လေ့လာ သူတွေက ပြောပါတယ်။ 

ဒူတာတေးလက်မှတ်ထိုးထားတဲ့ နိုင်ငံတွင်းမူးယစ်ဆေးဝါးပပျောက်ရေးမူဝါဒကို ရှုတ်ချထားပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ လှုံဆော်မှုတွေရှိနေတာပါ။ 

နိုင်ငံရဲ့ အာဏာရှင်ဟောင်းရဲ့သားဖြစ်သူ ဖာဒီနန်မားကိုစ် က ဒုတိယသမ္မတအဖြစ်ရွေးကောက်ခံ ထားရတဲ့ ဒူတာတေးရဲ့ သမီးဆာရာနဲ့ မဟာမိတ်ဖွဲ့ခဲ့ပြီး မူးယစ်စစ်ပွဲကို ကျောထောက်နောက်ခံပြု ခဲ့ကာ အစိုးရအနေနဲ့ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရဲ့ စုံစမ်း စစ်ဆေးမှုတွေမှာ ပူးပေါင်းပါဝင်သွားမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

“မူးယစ်စစ်ပွဲမှာ သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ အခန်းကဏ္ဍကို လေးလေးနက်နက် စုံစမ်း စစ်ဆေးမှု တွေကို နောက်ခြောက်နှစ်အတွင်း မလုပ်ဘူးလို့ ရွေးကောက်ပွဲက အခြေခံအားဖြင့် ဆုံးဖြတ်ခဲ့ပါတယ်” လို့  PSA ဖိလစ်ပိုင်အတိုင်ပင်ခံ စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့ဒါရိုက်တာ ဂရက်ဝိုင်ရက်က ပြောခဲ့ပါတယ်။ 

ဒူတာတေးကတော့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုတွေကိုအကာအကွယ်ပေးထားပြီး မိသားစုပေါင်း များစွာကို ကယ်တင်ခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်မှာ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက် ကားမှုကို အာဏာနဲ့ ကြွယ်ဝမှုတို့နဲ့ အလွဲသုံးစားလုပ်တဲ့ နိုင်ငံအဖြစ်မပြောင်းလဲ စေဖို့ ဟန့်တား ခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစစ်ဆေင်ရေးတွေမှာ လူပေါင်း (၆၂၀၀) ကျော် သေဆုံးထားတယ်လို့ အစိုးရအချက်အလက်တွေအရသိရပါတယ်။ 

ဒူတာတေးဟာ မူယစ်ဆေးဝါးတရားခံကို သတ်ဖြတ်မှုအတွက်ရဲတပ်ဖွဲ့ဝင်(၃) ဦးကိုသာ ပြစ်ဒဏ်ချ မှတ်ခဲ့ပြီး ပြစ်ဒဏ်ကင်းလွတ်တဲ့ အခြေအနေတစ်ခုဖန်တီးကာ ခန့်မှန်းခြေ လူပေါင်း သောင်းနဲ့ ချီ သေဆုံးခဲ့သလို မူးယစ်ဆေးဝါးနဲ့ မပတ်သက်တဲ့ သူတွေပါ သေဆုံးထားတယ်လို့ လူ့အခွင့် အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ICC တို့ရဲ့ ဖိအားပေးမှုကြောင့် အစိုးရက လူသေဆုံးမှု ဖြစ်စေတဲ့ မူးယစ်ဆေးဝါးအမှု(၃၀၀) ဝန်းကျင်ကို စစ်ဆေးခံထားပါတယ်။ 

ဒူတာတေးရဲ့ အမှုကို နိုင်ငံတကာတရားရုံး ICC က သက်သေပြဖို့ လုံလောက်တဲ့ အထောက် အထား တွေစုဆောင်းထားနိုင်ရင်တောင် သူ့ရဲ့ စည်းမျဉ်းတွေက သူ့ကို တရားစွဲလို့မရအောင် တားမြစ်ထားပါတယ်။ 

“ICC သင်နားထောင်နေတာ ငါသိပါတယ်၊ ငါ့ကိုတရားစွဲမယ့်ဒရာမာကိုရပ်လိုက်ပါ” လို့ ဒူတာတေးက ကြာသပတေးနေ့က ပြောဆိုထားပြီး ရာထူးကထွက်ပြီးနောက် ရာဇဝတ်သားကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ယူနီဖောင်းဝတ်ထားသူတိုင်းအတွက် ရှေ့နေတစ်ဦးအဖြစ် ဆောင်ရွက် ပေးဖို့ကိုလည်း ကမ်းလှမ်းထားပါတယ်။ 

တရားရေးဆိုင်ရာ အတွင်းရေးမှူး မီနာဒိုဂူဗာရာက အမှုပေါင်း(၅၂) မှုကို ပြန်လည်သုံးသပ် တာဟာ အရာရှိတွေရဲ့ ခုခံကာကွယ်မှုဆိုင်ရာ ဘုံတောင်းဆိုချက်အပေါ် သံသယဖြစ်မိတယ်လို့ ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလ က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ 

သေဆုံးသူတွေရဲ့ မိသားစုကိုယ်စားပြုရှေ့နေတွေကတော့ ဖိလစ်ပိုင်မှာ ဒူတာတေးကို ဇွန်လ(၃၀) ရက်နေ့နောက်ပိုင်းမှာ တရားဥပဒေအရ အရေးယူဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ကတိပြုထား ပါတယ်။ 

“ရက်စက်ကြမ်းကြုတ်သော တရားစီရင်ရေးစနစ်တွင် အမှုကို ဖြေရှင်းရန် နှစ်ပေါင်းများစွာ အချိန်ယူရနိုင်ကြောင်း နှင့်ရှေ့နေတွေက ရဲတွေ ထိန်းသိမ်းထားတဲ့ အထောက်အထားတွေ ရဖို့ ရုန်းကန်ရတယ်” လို့  National Union of Peoples’ Lawyers ဥက္ကဋ္ဌ အယ်ဒရေအိုလာလီယာက ပြောဆိုခဲ့ပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.