ဖနွမ်းပင် – ဇွန်(၂၉) 

ကမ္ဘောဒီးယားနိုင်ငံခားရေးဝန်ကြီး က မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ ဖယ်ရှားခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားဖို့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက တိုက်တွန်းခဲ့ပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ အရှေ့တောင်အာရနိုင်ငံများအသင်းရဲ့ အထူးသံတမန်ဖြစ်တဲ့ ဆွန်ခွန်က စစ်ကောင်စီနိုင်င့ခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ပြောခဲ့တာပါ။ 

“နိုင်ငံရေးနည်းလမ်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကရော မြန်မာနိုင်ငံကပါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ ယူဆတဲ့အတွက် အာဆီယံမှ တဆင့် အလားတူ စိုးရိမ်ပူပန်မှုတွေ ပဲ့တင်ထပ်နေပါတယ်တယ်” လို့ သူက ပြောခဲ့ပါတယ်။ 

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လ(၁၉) ရက်နေ့က အသက်(၇၇) နှစ်ပြည့်ခဲ့ပြီး စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ 

လက်ရှိအချိန်ထိ သူမကို စွပ်စွဲထားတဲ့ အမှု(၁၉) မှုမှာ (၆) မှုကို ထောင်ဒဏ်(၁၁) နှစ်အမိန့် ချခံထားရကာ ဒေါ်အောင်ဆန်းစုကြည်ကတော့ စွဲချက်အားလုံးကို ငြင်းဆိုထားပြီး အကျင့်ပျက် ခြစားမှု၊စစ်တပ်ကိုလှုံ့ဆော်မှု၊ ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်မှုနဲ့ ဆက်သွယ်ရေးဥပဒေချိုး ဖောက်မှုတို့နဲ့ အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထားပါတယ်။ 

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို ကနဦးက မြို့တော်က သူမရဲ့နေအိမ်မှာ ထိန်းသိမ်းထားခဲ့ပေ မယ့် နောက်ပိုင်းမှာ ဖော်ပြထားတာမရှိတဲ့ နေရာကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က နေပြည်တော်က အကျဉ်းထောင်ဝင်းတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် ကို အချုပ်ခန်းတစ်ခုသို့ ပြောင်းရွှေ့လိုက်တယ်လို့ တပ်မတော်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ကပြောဆိုခဲ့ပါတယ်။ 

“သနားကြင်နာမှု” နှင့် “မူလထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ ပြန်လည်ရောက်ရှိရေးအတွက် အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန်” တောင်းဆိုခဲ့သည်။ “သူမ၏ ကျန်းမာရေးအပြင် “တရားမျှတပြီး တရားဥပဒေစိုးမိုးရေး အလေ့အထကို ထည့်သွင်းစဉ်းစားသင့်သည်” လို့ ဆွန်ခွန်က ပြောဆိုခဲ့ပါတယ်။ 

ကမ္ဘောဒီးယားဟာ အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေတာ ကာလတစ်ဝက် နီးပါးရှိနေပြီဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုး ရကို ဖြုတ်ချပြီးနောက်ပိုင်းဟွန်ဆန်ဟာ  မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ 

အဲ့ဒီခရီးစဉ်ဟာ တရားဝင်အသိအမှတ်မပြုတဲ့ စစ်အစိုးရကို တရားဝင်ဖြစ်စေတယ်လို့ ဝေဖန်သူ တွေကြားမှာ ဒေါသထွက်မှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ 

ဒီလအစောပိုင်းက အာဆီယံအလှည့်ကျ ဥက္ကဌ ဟွန်ဆန်က နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်ဖို့ စီစဉ်ထားတာနဲ့ ပတ်သက်ပြီး မပြုလုပ်ဖို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စာရေးသားခဲ့ပါသေးတယ်။ 

အစောပိုင်းကာလတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ဆွန်ခွန်အနေနဲ့ တောင်းဆိုခဲ့ ပေမယ့် အာဏာသိမ်းစစ်ကောင်စီက ငြင်းပယ်ထားပါတယ်။ 

“ပဋိပက္ခဖြေရှင်းရေးရာတွင် ညီမျှခြင်းကို ဖယ်ထုတ်လိုက်သည့်အခါ ငြိမ်းချမ်းသော အမျိုး သားပြန်လည်သင့်မြတ်ရေးကို ကျွန်ုပ်တို့အားလုံး မျှော်လင့်နိုင်မည်မဟုတ်ကြောင်း” လို့ အထူးသံတမန်ဖြစ်တဲ့ ဆွန်ခွန် က ပြောခဲ့ပါတယ်။ 

မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် အစီအစဉ်မှာ စစ်ကောင်စီ အနေနဲ့ အာလုံးပါဝင်နိုင်မယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို စတင်ဖို့ တိုက်တွန်းထားပါတယ်။ 

Ref:Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.