ဘာလင် – ဇွန်(၂၆) 

ရုရှားဓာတ်ငွေ့မပါတဲ့ အစီအစဉ်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အီးယူခေါင်းဆောင်တွေက ဇွန်လ(၂၄) ရက်နေ့က ဆွေးနွေးခဲ့ကြပြီး ဂျာမနီက ဒီနှစ်ဆောင်းရာသီ မှာ သူတို့ရဲ့ စက်မှုလုပ်ငန်းတစ်ချို့ကို ပိတ်ပစ်ရနိုင်တယ်လို့ သတိပေးထားသလို ရုရှားဟာ စွမ်းအင်ကို လက်နက်သဖွယ်အသုံးပြုနေလို့ အကျပ်အတည်းဖြစ်စေတယ်လို့ စွပ်စွဲထားပါတယ်။ 

ယူကရိန်းကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ရေးလမ်းကြောင်းအပေါ်ရှိစေတဲ့အတွက် အောင်ပွဲကျင်းပ ပြီးတစ်ရက်အကြာမှာ ကျူးကျော်စစ်ကြောင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုအပေါ် ဇွန်လ(၂၄) ရက်နေ့က ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲက ကျိုးကြောင်းဆီလျော်တဲ့ ရောင်ပြန်ဟပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ 

ထိပ်သီးဆွေးနွေးပွဲမူကြမ်းအရ ဥရောပသမဂ္ဂ(၂၇) နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ လေးလကတည်းက စတင်ခဲ့တဲ့ စစ်ပွဲကို ငွေကြေးဖောင်းပွမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု လျော့ နည်းသွားတဲ့အတွက် ပြစ်တင်ဝေဖန်သွားပါတယ်။

ကျုးကျော်မှုကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေချမှတ်ပြီးနောက် ဥရောပနိုင်ငံ တွေက ရုရှားရဲ့ ဓာတ်ငွေ့စီးဆင်းမှုကို ဖြတ်တောက်မှုနဲ့ အတူ အခုချိန်အထိ တွန်းအားပေးခံခဲ့ရတဲ့ အစုအဖွဲ့အတွင်းအစားထိုးအထောက်အပံ့တွေရှာဖွေမှုကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ 

“ရုရှားဓာတ်ငွေ့တင်ပို့မှုအားလုံးကို မပိတ်ခင်မှာ ဒါဟာ အရေးကြီးတဲ့အချိန်တစ်ခုပဲဖြစ်ပါတယ်” လို့ ဥရောပသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက သောကြာနေ့ဆွေးနွေးပွဲမတိုင်မီမှာ ပြောဆိုခဲ့ ပါတယ်။ 

ရုရှားနိုင်ငံက ဓာတ်ငွေ့တင်သွင်းမှုနည်းပါးနေသေးရင် ဂျာမနီအနေနဲ့ ဓာတ်ငွေ့ပြတ်လပ်မှု ကိုဦးတည်သွားနိုင်သလို ဆောင်းရာသီရောက်ရင် အချို့သော လုပ်ငန်းတွေကို ပိတ်ပစ်ရမှာ ဖြစ်တယ်လို့ ဂျာမန်စီးပွားရေးဝန်ကြီးက သတိပေးပြောဆိုထားပါတယ်။ 

“ကုမ္ပဏီများရဲ့ ထုတ်လုပ်မှုတွေ ရပ်တန့်သွားလိမ့်မယ်၊ သူတို့၏ လုပ်သားများကိုလည်း ဖြုတ်ပြစ်ရလိမ့်မယ်၊ ထောက်ပံ့ရေးကွင်းဆက်များ ပြိုလဲသွားလိမ့်မှာဖြစ်ပြီး ၎င်းတို့၏ ဓါတ်ငွေ့သုံးစွဲမှုအတွက် ပေးဆောင်ဖို့ အကြွေးတင်သွားလိမ့်မည်” လို့ သူကပြောကြားခဲ့ပြီး ဒါတွေဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သူက ပြောပါတယ်။ 

အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီက တွန်းအားပေးနေတဲ့ ရုရှားဓာတ်ငွေ့နဲ့ ပတ်သက်တဲ့ စျေးနှုန်း သတ်မှတ်ချက်တွေကို ဆွေးနွေးဖို့အတွက် ရောမမြို့က အီးယူခေါင်းဆောင်တွေကို ဇူလိုင်လ လယ်မှာ အထူးအစည်းအဝေးတစ်ခု ပြန်လည်ကျင်းပဖို့ တောင်းဆိုထားတယ်လို့ အီတလီ သတင်းစာတွေက ဖော်ပြထားပါတယ်။ 

ဇွန်လ(၂၄) ရက်နေ့ ဆွေးနွေးပွဲမူကြမ်းအရ ရုရှားက ဓာတ်ငွေ့တင်သွင်းမှုကို လက်နက်သဖွယ် အသုံးပြုနေတာကို တုံ့ပြန်ဖို့အတွက် အီးယူရဲ့ အမှုဆောင်တွေကို တောင်းဆိုသွားမှာ ဖြစ်တယ် လို့သိရပါတယ်။ 

ရုရှားရေနံတင်သွင်းမှုတွေအပေါ်ပိတ်ဆို့မှုလို အရေးယူတဲ့ လုပ်ဆောင်အချို့ဟာ သူတို့ရဲ့ စီးပွားရေးအတွက် ဂယက်ရိုက်မှုတွေရှိနေပမယ့် စစ်ပွဲကိုအသွင်အပြင်မရှိဘဲ အရှိန်အဟုန်နဲ့ တုံ့ပြန်နေပါတယ်။ 

ယူရိုငွေကြေးသုံးစွဲတဲ့ နိုင်ငံ(၁၉) နိုင်ငံမှာ ငွေကြေးဖောင်းပွမှုဟာ (၈) ရာခိုင်နှုန်းအထက်ကို တက်သွားခဲ့သလို အီးယူအမှုဆောင်အရာရှိက ဒီနှစ်အတွင်းစီးပွားရေးတိုးတက်မှုနန်း (၂.၇) ရာခိုင်နှုန်းလောက်သာ ကျဆင်းဖို့ မျှော်လင့်ထားကြပါတယ်။ 

ထုတ်ပြန်ချက်မှာ ခေါင်းဆောင်တွေအနေနဲ့ တက်နိုင်တဲ့ စျေးနှုန်းနဲ့ စွမ်းအင်ရရှိရေးအတွက် ကော်မရှင် ဆီကို တောင်းဆိုမှာဖြစ်ပြီး သွင်းကုန်စျေးနှုန်းဟာ စျေးကွက်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့ နိုင်ငံတချို့က ယုံကြည်နေပြီး ကော်မရှင်အနေနဲ့ ဒီလို ရှုပ်ထွေးပြီး သဘောထားကွဲလွဲမှုတွေရှိနေပေမယ့် လက်ရှိအချိန်ထိ အဆိုပြုချက် တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.