North Korean leader Kim Jong Un attends the fourth-day sitting of the 3rd Plenary Meeting of 8th Central Committee of the Workers' Party of Korea in Pyongyang, North Korea in this image released June 18, 2021 by the country's Korean Central News Agency. KCNA via REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THIS IMAGE. NO THIRD PARTY SALES. SOUTH KOREA OUT.

ပြုံယမ်း – ဇွန်(၂၅) 

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံးအန်းက ထိပ်တန်းစစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံမှု အပြီးမှာ နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇွန်လ(၂၄) ရက်နေ့က ပြောဆိုခဲ့ပြီး သူ့ရဲ့ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ထပ်တိုးလာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ 

အမေရိကန်နဲ့ တောင်ကိုရီးယားတာဝန်ရှိသူတွေက မြောက်ကိုရီးယားအနေနဲ့ (၅) နှစ်အတွင်း သူတို့ရဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ပြုလုပ်နိုင်တယ်လို့ ပြောဆိုထားပြီး အစည်းအဝေး ကိုအနီးကပ်စောင့်ကြည့်နေကြပါတယ်။ 

ထိပ်တန်းအရာရှိတွေဟာ နိုင်ငံရဲ့ စစ်ပွဲအဟန့်အတားကို ပိုမိုအားကောင်းလာစေဖို့ အတွက် စစ်ဘက်ဆိုင်ရာ အာမခွချက်ပေးဖို့ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုကို အတည်ပြုခဲ့တဲ့ (၈) ကြိမ်မြောက် ဗဟိုစစ်ကော်မရှင်ရဲ့ (၃) ရက်ကြာအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ KCNA သတင်းဌာက ဖော်ပြထားပါတယ်။ 

ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားဟာ သူတို့ရဲ့ စစ်ရေးအစီအစဉ်တွေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့သလို သူတိုရဲ့ ရှေ့တန်းတပ်မ တွေရဲ့ စစ်ဆင်ရေး တာဝန်တွေကို “အရေးကြီးသော စစ်ရေးဆောင်ရွက်မှုအစီအစဉ်” အနေနဲ့ မြှင့်တင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဖော်ပြထားပါတယ်။ 

တောင်ကိုရီးယားကို ပစ်မှတ်ထားမယ့် အစီအစဉ်အသေးစိတ်ကိုတော့ KCNA က မဖော်ပြထား ဘူးလို့ လေ့လာသူတွေက ပြောဆိုခဲ့ပါတယ်။ 

KCNA ဟာ ကြာသပတေးနေ့မှာ တောင်ကိုရီးယားရဲ့ နျူကလီးယားဓာတ်အားပေး စက်ရုံတွေ တည်ရှိတဲ့ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ကမ်းရိုးတန်းဖြစ်နိုင်ခြေရှိတဲ့ မြေပုံတစ်ခုနဲ့ အတူ မြောက်ကိုရီးယားရဲ့ ထိပ်တန်းအရာရှိတွေ တွေ့ဆုံမှုဓာတ်ပုံကို ဇွန်လ(၂၃) ရက်နေ့က ထုတ်ပြန် ထားပါတယ်။ 

မြောက်ကိုရီးယားရဲ့ တွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ Yoon Suk-yeol က ဆိုးလ်အနေနဲ့ မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသားတုံ့ပြန်ဖို့ ပြင်ဆင်နေ တယ်လို့ တုံ့ပြန်ထားပါတယ်။ 

KCNA အစီရင်ခံမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို တိုက်ရိုက်ဖော်ပြထားတာမရှိပေမယ့် မြောက်ကိုရီးယားရဲ့ ဒုံးကြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နေတဲ့ Ri Pyong Choi ကိုပါတီဗဟိုစစ်ကော်မရှင်ဒုဥက္ကဌ အဖြစ် ရွေးချယ်ခဲ့ ပါတယ်။

Ref: Channelnewsasia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.