ရန်ကုန် – ဇွန်(၂၅) 

မြန်မာနိုင်ငံမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပအကူအညီတွေလျော့နည်းလာလို့ နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ မော်တော်ကားနဲ့ တခြားမရှိမဖြစ် ကုန်ပစ္စည်းတွေ တင်သွင်း မှုကို တားမြစ်ပြီး သွင်းကုန်ထိန်းချုပ်မှုတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါတယ်။ 

ပြီးခဲ့တဲ့မေလက ဗီယက်နမ်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအားကစားသမားတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဌာန က ကားတင်သွင်းခွင့်ပါမစ် ဆုချီးမြှင့်မယ်ဆိုတဲ့ ထူးခြားတဲ့ ကြေငြာချက်ကြောင့် လေ့လာ သူတွေအံ့အားသင့်ခဲ့ကြတာပါ။ 

အာဏာသိမ်းစစ်အုပ်စုက ၂၀၂၁ ခုနှစ်အောက်တိုဘာလက ကားပါမစ်ထုတ်ပေးတာကို ရပ်တန့် ပြီးနောက် ပါမစ်တန်ဖိုးတွေ မြှင့်တက်လာခဲ့ပြီး ယခင်စစ်အာဏာရှင်တွေလက်ထက်က လည်း တပ်မတော်နဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆုချီးမြှင့်ဖို့အတွက် ပါမစ်တွေကို အသုံးပြုခဲ့ကြသ လို အခုအာဏာသိမ်းစစ်ကောင်စီကလည်း အရင်အာဏာရှင်ဟောင်းရဲ့ ခြေရာနင်းလာတဲ့ပုံစံ ဖြစ်တယ်လို့ သိရပါတယ်။ 

မော်တော်ကားလို ဇိမ်ခံပစ္စည်တွေ တင်သွင်းခွင့်ကို ယာယီကန့်သတ်ထားမယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပြီး အဲ့ဒီအရွေ့ဟာ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်ခဲ့သလို ပြည်တွင်းဝယ်လိုအားကို ထည့်သွင်းတွက်ချက်တဲ့ နိုင်ငံခြားက ဝင်လာတဲ့ ကုမ္ပဏီတွေဟာ အခုချိန်မှာ မရေရာတဲ့ အလားအလာတွေနဲ့ ရင်ဆိုနေရပါ တယ်။ 

“တာဝန်ရှိသူများက တင်သွင်းမှုကို ပြန်လည်စတင်ခွင့်ပြုတော့မယ်လို့ ကြားသိရပေမယ့် မကြာခင်မှာ ဖြစ်လာမယ့် အရိပ်အယောင်ကို မတွေ့ခဲ့ရပါဘူး” လို့ ဂျပန်မော်တော်ယာဉ်အသစ် တင်သွင်းသူ သတင်းရင်းမြစ်တစ်ဦးက ပြောခဲ့ပါတယ်။ 

မော်တော်ကားတွေဟာ သူတို့ရဲ့ ကုန်သွယ်မှုချိန်ခွင်လျှာကို မြှင့်တင်ဖို့ အစိုးရရဲ့ ကမူးမရူး ကြိုးပမ်းမှုတွေမှာ တစ်ခုတည်းသော ပျက်ဆီးပျောက်ဆုံးနေတဲ့ အရာမဟုတ်ပဲ ပို့ကုန်မြှင့်တင် ဖို့ မလွယ်ကူတဲ့အတွက် ကုန်သွယ်မှုလိုငွေကို လျှော့ချဖို့ အစိုးရက သွင်းကုန်တွေကို ဖြတ်ချ လိုက်တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အရပ်သားအစိုးရဖြုတ်ချမခံရခင် ကုန်ပစ္စည်း (၃၉၃၁) ခုအတွက် တင်သွင်းခွင့် လိုင်စင်တွေလိုအပ်ပြီး လွန်ခဲ့တဲ့ မေလမှာ စုစုပေါင်း အရေ အတွက် (၉၀၉၉) ဖြစ်လာခဲ့ပြီး ထုတ်ကုန်တွေမှာ လူသုံးကုန် အီလက်ထရွန်းနစ် ကနေ အဝတ်အစားအမျိုးမျိုးပါရှိပါတယ်။ 

လက်ရှိမှာတော့ အခြေအနေတိုးတက်လာပုံမရှိပဲ မတ်လအထိ လေးပုံနှစ်ပုံအတွက် မြန်မာနိုင်ငံ ဟာ ပို့ကုန် ဒေါ်လာ (၈.၁) ဘီလျံနဲ့ သွင်းကုန်စုစုပေါင်း ကန်ဒေါ်လာ (၇.၉) ဘီလျံရှိတယ်လို့ သိရပါတယ်။ 

သွင်းကုန်ပိုငွေဟာ အဓိကအနေနဲ့ နိုင်ငံခြားနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေက အရင်းအနှီး ဝယ်ယူမှု လျှော့ချတာဖြစ်ပြီး လူသုံးကုန်ပစ္စည်းတွေတင်သွင်းမှုဟာ အရင်ထပ် (၈) ရာခိုင်နှုန်း ပိုမိုမြင့်တက်ထားပါတယ်။ 

မြန်မာနိုင်ငံဟာ စက်သုံးဆီးစျေးနှုန်းတွေ မြင့်တက်လာတဲ့ အချက်တွေကြောင့် ဧပြီလက စပြီး ကုန်သွယ်မှုလိုငွေပြမှုကို ပြန်လည်ကျဆင်းသွားခဲ့တာပါ။ 

စက်မှုလုပ်ငန်းသုံးပစ္စည်းတွေတင်သွင်းမှုအတွက်ပေးဆောင်ဖို့ နိုင်ငံခြားငွေ လိုအပ်နေပြီး အာဏာသိမ်းစစ်ကောင်စီကတော့ နိုင်ငံတော်သုံးငွေဖြစ်တဲ့ ကျပ်ငွေနှုန်းထားရဲ့ ၁၀ ရာခိုင်နှုန်း အထက်သတ်မှတ်ထားတဲ့ တရားဝင်ငွေလဲနှုန်းနဲ့သာ ငွေကြေးရောင်းဝယ်မှုကို ခွင့်ပြုထားပြီး  စျေးကွက်မှာ ရရှိနိုင်တဲ့ နိုင်ငံခြားငွေမမာဏကို ကန့်သတ်ထားပါတယ်။

Ref: Nikkei Asia 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.