မနီလာ ၊ ဇွန် (၂၅)

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် ဖီလစ်ပိုင်နိုင်ငံတို့အကြား ပူးတွဲစွမ်းအင်ရှာဖွေရေးဆိုင်ရာ ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ 

နှစ်နိုင်ငံသည် ပင်လယ်ရေကြောင်း အချုပ်အခြာအာဏာကို ဆယ်စုနှစ်များစွာ အချင်းများခဲ့ကြပြီး ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှုများကို ပူးတွဲရှာဖွေရန် ၂၀၁၈ ခုနှစ်ကတည်းက ကတိပြုခဲ့ကြတာဖြစ်ပါတယ်။ 

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ တတ်နိုင်သလောက်တော့ ကျွန်တော်တို့ သွားလို့ရပါပြီ။ ချောက်ကြီးအစွန်းမှာ ကျွန်တော်တို့ရပ်နေတဲ့ ခြေတစ်လှမ်းက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းထဲကို ရောက်သွားပါပြီ” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ 

“သုံးနှစ်ကြာပြီးနောက် ဖိလစ်ပိုင်အတွက် အလွန်အရေးကြီးတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို မအောင်မြင်ခဲ့ဘဲ နိုင်ငံရဲ့ စျေးနှုန်းအရ မဟုတ်ဘဲ ယင်းရဲ့ အမှုန်အမွှားလောက်ပင်မရှိကြောင်း” ပြောကြားခဲ့ပါတယ်။

မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချသည်ကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် မနီလာမြို့ရှိ တရုတ်သံရုံးက မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်မှု တစ်စုံတစ်ရာမရှိခဲ့ပါဘူး။ 

လောင်စာဆီ တင်သွင်းမှုအပေါ် အလွန်အမင်း မှီခိုနေရသော ဖိလစ်ပိုင်သည် ၎င်းရဲ့  ကမ်းလွန်စွမ်းအင် အရန်ငွေများကို အသုံးချဖို့ နိုင်ငံခြားလုပ်ဖော်ကိုင်ဖက်များ ကူညီမှု ရှာဖွေရန် ရုန်းကန်နေရတာ ဖြစ်ပါတယ်။ 

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ တရုတ်နိုင်ငံနှင့် ပိုမိုနွေးထွေးသော ဆက်ဆံရေးကို လိုက်တဲ့အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုခဲ့ကြပါတယ်။ 

ဒါပေမယ့် ကျွမ်းကျင်သူအများအပြားက နိုင်ငံရေးထိလွယ်ရှလွယ်အခြေအနေကြောင့် ယင်းအစီအစဉ်သည် ဖြစ်နိုင်ချေရှိမှုကို သံသယဝင်ကြပြီး စွမ်းအင်အရင်းအမြစ်များကို မျှဝေရန် မည်သည့်သဘောတူညီချက်ကိုမဆို တစ်ဖက်သားရဲ့ တောင်းဆိုမှုကို တရားဝင်အောင်ပြုလုပ်ခြင်း သို့မဟုတ် အချုပ်အခြာအာဏာပိုင်နယ်မြေကို စွန့်လွှတ်ခြင်းအဖြစ် ရှုမြင်သွားနိုင်ကြောင်း သတိပေးခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် နိုင်ငံတကာ ခုံသမာဓိ စီရင်ချက် အရ ဖိလစ်ပိုင်သည် ၎င်းရဲ့ မိုင် ၂၀၀ ဝေးလံသော EEZ အတွင်း စွမ်းအင်များ ထုတ်ယူရန် အချုပ်အခြာ အာဏာပိုင် လုပ်ပိုင်ခွင့် ရှိကြောင်း ရှင်းရှင်းလင်းလင်း သိထားပေမယ့် တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ၎င်း၏ ပိုင်နက်အဖြစ် တောင်းဆိုသည့် တရုတ်က အဆိုပါ ဆုံးဖြတ်ချက်ကို အသိအမှတ်မပြုကြောင်း ငြင်းဆိုထားခဲ့ပါတယ်။

နှစ်နိုင်ငံသည် အချုပ်အခြာအာဏာနှင့်ပတ်သက်၍ ထိထိမိမိကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ဘဲ အဆိုပါဒေသများကို မည်ကဲ့သို့ ပူးပေါင်းလုပ်ကိုင်နိုင်သည်ကို အဖြေရှာရန် အထူးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြပါတယ်။ 

သို့သော် ဖိလစ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေကို မချိုးဖောက်ဘဲနှင့် သို့မဟုတ် တရုတ်အစိုးရက ၎င်းရဲ့ တောင်းဆိုချက်များကို စွန့်လွှတ်ခြင်းမရှိဘဲနဲ့တော့ အောင်မြင်နိုင်မှာ မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့သည်။ 

ဒူတာတေးက ဆွေးနွေးပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

“သမ္မတက ပြောပြီးပြီ… ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဆွေးနွေးပွဲတွေ အပြီးတိုင် ရပ်ဆိုင်းလိုက်ပါပြီ။ ဘာမှ မဆိုင်းငံ့ပါဘူး၊ အားလုံးပြီးသွားပြီ” လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.