တိုကျို – ဇွန်(၂၄)​

ဂျပန်အစိုးရဟာ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံတို့မှာ ကျောက်မီးသွေးအခြေပြု လျှပ်စစ်ဓါတ် အားပေးစက်ရုံတည်ဆောက်ဖို့အတွက် ယန်းချေးငွေပေးအပ်မှုတွေကို ရပ်တန့်သွားတော့မှာ ဖြစ်တယ်လို့ ဇွန်လ(၂၃) ရက်နေ့က ပြောခဲ့ပါတယ်။ 

ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ထုတ်လွှတ်မှုရဲ့ အဓိက အရင်းအမစ်ဖြစ်တဲ့ ကျောက်မီးသွေးအခြေပြုလျှပ်စစ်ဓါတ်အားကို နိုင်ငံတကာရဲ့ ဝေဖန်မှုကိုတုံ့ပြန်နိုင်ဖို့အတွက် ဂျပန်အစိုးရဟာ အင်ဒိုနီးရှားက အင်ဒရာမာယူစက်ရုံနဲ့ ဘင်္ဂလာဒေ့ရှ် က မာတာဘာရီစက်ရုံ တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ မူဝါဒကို ပြင်ဆင်ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။ 

ထုတ်လွှတ်မှုတွေကို တားမြစ်နိုင်တဲ့ အတိုင်းအတာတွေကို ဆောက်ရွက်ဖို့ပျက်ကွက်ခဲ့တဲ့ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေအတွက် နှစ်ကုပိုင်းမှာ အကူ အညီပေးဖို့ ပုံစံအသစ်တွေကို အဆုံးသတ်ဖို့ G-7 အဖုအဖွဲ့က ၂၀၂၁ ခုနှစ်က သဘောတူညီ ခဲ့ကြတာပါ။

ဂျပန်အနေနဲ့ အဲ့ဒီစက်ရုံတွေကို ဆက်လက်ဆောင်ရွက်နေတဲ့ အခြေအနေတွကြောင့် G-7 ရဲ့ ကတိကဝတ်တွေကို ချိုးဖောက်တဲ့နိုင်ငံအဖြစ် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေက ဂျပန်နိုင်ငံကို ဝေဖန်ထားပါတယ်။ 

အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေရှ့် ကဂျပန်ကျောထောက်နောက်ခံပြုထားတဲ့ စီမံကိန်းတွေအတွက် စစ်တမ်းတွေဆောင်ရွပ်ခဲ့ကြပေမယ့် အဲ့ဒီစီမံကိန်းတွေတိုးမြှင့်တည်ဆောက်နေတာ မရှိဘူး လို့သိရပါတယ်။ 

“ကျွန်မတို့က အဆိုပါဖြစ်စဥ်များအတွက် ယန်း ချေးငွေထောက်ပံ့မှုကို ဆက်လက် ဆောင်ရွက် နိုင်ခြင်း မရှိတော့ပါ” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းမီဒီယာအတွင်းရေးမှူး ဟိုင်ကာရီကို အိုနိုက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဂျပန်အစိုးရအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး ကာဗွန် ကင်းစင်တဲ့ လူ့အဖွဲ့အစည်းဖြစ်စေဖို့အတွက်ဆောင်ရွက်သွားမယ်လို့ သူမက ပြောပါသေးတယ်။ 

G-7 ကို ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုအပြင် ဥ‌ရောပ သမဂ္ဂတို့နဲ့ ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။ 

Ref : Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.