ပေကျင်း – ဇွန်(၂၄) 

ရာစုနှစ်တစ်ခုနီးပါးအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် ပုလဲမြစ်ဝကျွန်းပေါ်ဒေသ က ရေပမာဏဟာ အမြင့်ဆုံးကို ရောက်ရှိနေလို့ တရုတ်နိုင်ငံတောင်ပိုင်းက ဒေသတချို့မှာ စံချိန် တင်ရေကြီးမှုဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ 

တရုတနိုင်ငံရဲ့ နည်းပညာမြို့တော် ရှန်ကျန်း အခြေစိုက်စခန်းဖြစ်တဲ့ Guangdong ပြည်နယ် ကုန်ထုတ်လုပ်မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာအပါအဝင် ဒေသတွင်း အစိတ်အ ပိုင်း တွေက ထောင်နဲ့ချီတဲ့ လူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားပါတယ်။ 

ရေအရင်းအမြစ်ဝန်ကြီးဌာနက ပုလဲမြစ်ှမ်းမှာ အမြင့်ဆုံးရေကြီးမှု သတိပေးချက်ကို ထုတ်ပြန်ခဲ့ ပြီး တနေရာတည်းမှာ ရေပမာဏဟာ သမိုင်းဝင်မှတ်တမ်းတွေကို ကျော်လွတ်ပြီး ပြည်နယ် မြို့တော် ကွမ်ကျိုးကို သက်ရောက်မှုရှိနိုင်တယ်လို့ ပြောဆိုထားပါတယ်။ 

ကွမ်ကျိုးမြို့မြောက်ဘက်က shaoguan မြို့က ပုံရိပ်တွေမှာ ဒေသခံတွေဟာ ရေကြီးနေတဲ့ အဓိက လမ်းမကြီးတွေပေါ်မှာ ဖြတ်သန်းသွားလာနေကြတာကို မြင်တွေ့နေရပါတယ်။ 

ရွံ့ရေကြီးနေတဲ့အတွက် စျေးဆိုင်တွေနဲ့ အဆောက်အအုံတွေရေနစ်မြုပ်ခဲ့ပြီး လူတွေနဲ့ အမှိုက်တွေ ရှင်းလင်းနေတာကို မြင်တွေ့နေရတာပါ။ 

မြေနိမ့်ပိုင်း ပုလဲမြစ်ဝကျွန်းပေါ်ဒေသဟာ ကွမ်ကျိုးနဲ့ ရှန်ကျန်းတို့ရဲ့ စီးပွားရေးအင်အားကြီး စခန်းတွေအပြင် အဓိက ကုန်ထုတ်လုပ်မှုနဲ့ တခြားစက်မှုလုပ်ငန်းတွေရှိတဲ့ လူနေထူထပ် တဲ့ မြို့ငယ်ဖြစ်ပါတယ်။ 

ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်တွေက ဒီသီတင်းပတ်အစောပိုင်းမှာ တိုက်ရိုက် စီးပွားရေး ဆုံးရှုံမှုမှာ ယွမ် (၁.၇) ဘီလျံ အမေရိကန်ဒေါ်လာ (၂၃၅) သန်းရှိတယ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ 

အမြင့်ဆုံးသတိပေးချက်အောက်မှာ Guangdong ပါဝင်လာပြီး အန္တရာယ်များတဲ့ နေရာတွေမှာ တည်ရှိနေတဲ့ စက်ရုံအလုပ်ရုံတွေကို ရပ်ဆိုင်းဖို့နဲ့ ပျက်စီးဆုံးရှုံးမှုနည်းပါးစေဖို့ ကျောင်းတွေ ပိတ်ဖို့အပါအဝင် လိုအပ်တဲ့ အစီအမံအားလုပ်လုပ်ဆောင်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ 

ကမ်းရိုးတန်း Fujian ပြည်နယ်နဲ့ Guangxi အပါအဝင် တရုတ်နိုင်ငံတောင်ပိုင်းက တခြား ဒေသတွေမှာလည်း ဒီလအတွင်း စံချိန်တင်မိုးရွာသွန်းမှုဒဏ်ကို ခံခဲ့ရပြီး လူသိန်းနဲ့ချီကို ဘေးလွတ်ရာနေရာတွေရွှေ့ပြောင်းပေးခဲ့ရပါတယ်။ 

နွေရာသီရေလွှမ်းမိုးမှဒတွေဟာ တရုတ်နိုင်ငံရဲ့ ဒေသတွေမှာ အဖြစ်များနေပြီး ရာသီဥတု ပြောင်းလဲခဲ့လို့ မကြာသေးတဲ့ နှစ်တွေမှာ အခြေအနေပိုမိုဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။

တရုတ်အာဏာပိုင်တွေက ဒီနှစ်အတွင်း ပြင်းထန်တဲ့ရေကြီးမှဒတွေနဲ့ ရာသီဥတု ပြောင်းလဲမှုဟာ တိုက်ရိုက်ဆက်စပ်မှုမရှိဘူးလို့ ပြောဆိုထားပါတယ်။ 

ပြည်တွင်းမီဒီယာတချို့ကတော့ “ရာစုနှစ်အတွင်း တစ်ကြိမ်ရေလွှမ်းမိုးမှု” လို့ခေါ်ဆိုကြပြီး ရေပမာဏဟာ ၁၉၃၁ ခုနှစ်က အမြင့်ဆုံးစံချိန်ကို ကျော်လွန်ခဲ့ပြီး ၁၉၁၅ ခုနှစ်မှာ အဲ့ဒီဒေသရဲ့ အဆိုးရွားဆုံးရေလွှမ်းမိုးမှု ကို ချဉ်းကပ်လာနေပြီလို့ ဖော်ပြထားကြပါတယ်။ 

Ref : CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.