ဂျကာတာ – ဇွန်(၂၃) 

G-20 ဥက္ကဌ ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုဟာ ဇွန်လအကုန်ပိုင်းမှာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ နိုင်ငံလုံခြုံရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့ အင်ဒိုနိုင်ငံပိုင်ရုပ်သံလိုင်းက ဖော်ပြခဲ့ပါတယ်။ 

အဓိက စီးပွားရေးနိုင်ငံတွေရဲ့ အစည်းအဝေးမှဦ ယူကရိန်းစစ်ပွဲအရေးအတွက်သာ လွှမ်းမိုး နေခဲ့ ပြီး တခို့သော အနောက်နိုင်ငံတွေက ထိပ်သီးအစည်းအဝေးကို ခြိမ်းခြောက်ပြီး ရုရှားကို ထုတ်ပယ် နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ ဥက္ကဌ အဖြစ်တာဝန်ယူထားတဲ့ အင်ဒိုဟာ စည်းလုံးညီညွတ်မှု ရရှိဖို့ ရုန်းကန်နေရတာပါ။ 

အင်ဒိုနီးရှားခေါင်းဆောင် ဝီဒိုဒိုအနေနဲ့ သမ္မတပူတင်နဲ့ ဇွန်လ(၃၀) ရက်နေ့မှာ တွေ့ဆုံကြမှာ ဖြစ်တယ်လို့ အန်ထရာသတင်းအေဂျင်စီက ရေးသားထားပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ သမ္မတ နန်းတော်လုံခြုံရေးကဏ္ဍချိတ်ဆက်ရေးဆိုင်ရာဝန်ကြီး မာဖွတ် အမ်ဒီ ရဲ့ ဇွန်လ(၂၀) ရက်နေ့ ပြောဆိုချက်မှာ “ဟုတ်ပါတယ် ဒါဟာ သမ္မတရဲ့ အစီအစဉ်ပါပဲ” လို့ ဆိုထားပါတယ်။ 

ရုရှားအစိုးရသတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး နိုင်ငံပိုင်သတင်းအေဂျင်စီ TASS ကလည်း ဒီအစည်းအဝေးကို အတည်ပြုထားတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က အစီရင်ခံထားပါတယ်။ 

အင်ဒိုသမ္မတဝီဒိုဒိုအနေနဲ့ ရုရှားကို မသွားရောက်ခင် ဂျာမနီမှာ ကျင်းပမယ့် G-7 ထိပ်သီး အစည်း အဝေးငိူ ဇွန်လ(၂၆) ရက်ကနေ (၂၈) ရက်နေ့အထိ တက်ရောက်မှာ ဖြစ်သလို ယူကရိန်းနိုင်ငံကို သွားရောက်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံပိုင်မီဒီယာက အစီရင်ခံခဲ့ပါတယ်။ 

“ကျွန်ုပ်တို့အနေနဲ့ အခြားသောနိုင်ငံများကိုသွားရောက်လည်မယ့် ခရီးစဥ်နှင့် က်ဆိုင်တဲ့ အရာတွေအကုန်လုံးကို အပြီးသတ်လုပ်ဆောင်တဲ့ ဖြစ်စဥ်မှာသာ ရှိနေပါသေးတယ်” လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ 

အင်ဒိုနီးရှားအစိုးရဟာ ယူကရိန်းသမ္မတ ဇီလန်စကီးကို လာမယ့်နိုဝင်ဘာလ အတွင်း ဘာလီမှာ ကျင်းပမယ့် G-20 အစည်းအဝေးကို တက်ရောက်ဖို့ဖိတ်ကြားမယ်လို့ ကြေငြာခဲ့သလို ရုရှား ခေါင်းဆောင်ကိုဖိတ်ကြားထားတာနဲ့ပတ်သက်ပြီး ရုတ်သိမ်းသွားမှာမဟုတ်ဘူးလို့ ဧပြီလ က ကြေငြာထားပါတယ်။ 

အမေရိကန်သမ္မတ၊ကနေဒါ သမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ဟာ ရုရှားခေါင်းဆောင် တက်ရောက် မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ထုတ်ဖော်ပြထာဆိုထားကြပါတယ်။ 

ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်နီစ် ကဘယ်လိုအခြေအနေဖြစ်စေ သူ့အနေနဲ့ တက်ရောက်မှာဖြစ်တယ်လို့ ဂျကာတာ ခရီးစဉ်မှာ ပြောဆိုခဲ့ပါတယ်။ 

အင်ဒိုနီးရှားဟာ ကမ္ဘာ့အကြီးဆုံး ဂျုံ၊ပြောင်းနဲ့ နေကြာဆီတင်ပို့သူဖြစ်ပြီး ယူကရိန်းရဲ့ ရိက္ခာတင်ပို့ မှုကို ဟန့်တားနေတဲ့ ရုရှားရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုထားပါတယ်။ 

Ref : The Straitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.