တိုင်ပေ – ဇွန်(၂၃) 

ထိုင်ဝမ်ကျွန်းရဲ့ တောင်ဘက် နဲ့ ပစိဖိတ်သမုဒ္ဒရာ က လေကြောင်းကာကွယ်ရေးဇုန်ထဲကို ပျံသန်း လာတဲ့ ဗုံးကြဲလေယာဉ်တွေအပါအဝင် တရုတ်လေယာဉ်(၂၉) စင်းကို သတိပေးဖို့ ထိုင်ဝမ်ဂျက် လေယာဉ် တွေဇွန်လ(၂၁) ရက်နေ့က အရေးပေါ်ပျံသန်းခဲ့ရပါတယ်။ 

တရုတ်နိုင်ငံဟာ သူတို့ရဲ့ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာဆိုထားတဲ့ ထိုင်ဝမ်ကို လွန်ခဲ့တဲ့ (၂) နှစ် ကျော်ကာလအတွင်း ကျွန်းရဲ့ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်ထဲမှာ ပါတဲ့ ပရာတာ ကျွန်းစုတွေအတွင်း တရုတ်လေတပ်ရဲ့ မစ်ရှင်တွေကို မကြာခဏဆိုသလို လုပ်ဆောင်နေတဲ့ အတွက် ထိုင်ဝမ်က မကျေမနပ်ဖြစ်နေတာပါ။ 

ထပ်ခါတလဲလဲ စစ်ရေးလှုပ်ရှားမှုတွေအတွက် မီးခိုးရောင်ဇုန် စစ်ပွဲလို့ ပြောဆို ထားပြီး ထိုင်ဝမ်တပ်ဖွဲ့ဝင်တွေကို ကြိမ်ဖန်များစွာ ဝင်ရောက်နှောင့်ယှက်တာတွေအတွက် ထိုင်ဝမ်ရဲ့ တုံ့ပြန်မှုတွေကို စမ်းသပ်ဖို့ လည်းဖြစ်တယ်လို့ သိရပါတယ်။ 

နောက်ဆုံးပေါ်တရုတ်မစ်ရှင်မှာ တိုက်လေယာဉ်(၁၇) စင်းနဲ့ H-6 ဗုံးကြဲလေယာဉ်ခြောက်စင်း တို့အပြင် အီလက်ထရွန်းနစ်စစ်ပွဲ၊ ကြိုတင်သတိပေးမှု ရေငုပ်သင်္ဘော နဲ့ ဝေဟင်ဆီဖြည့်လေ ယာဉ် တစ်စင်းတို့ပါဝင်ပြီး ယာဉ်တချို့ဟာ ပရာတာကျွန်းစုရဲ့ အရှေ့မြောက်ဘက် ဧရိယာထဲမှာ ပျံသန်းခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

လျှပ်စစ်သံလိုက်လှိုင်းအသုံးပြုတဲ့ ယာဉ်တွေဟာ ထောက်လှမ်းရေး စုဆောင်းရေး လေယာဉ်တွေ နဲ့လိုက်ပါလာတဲ့ ဗုံးကြဲလေယာဉ်တွေဟာ ထိုင်ဝမ်ကို ဖိလစ်ပိုင် နဲ့ ပစိဖိတ်သမုဒ္ဒရာတို့နဲ့ ပိုင်းခြား ထားတဲ့ ဘာရှိချန်နယ်ရေလမ်းကြောင်းကို ပျံသန်းလာပြီး သူတို့ဝင်လာတဲ့ လမ်းကြောင်းအတိုင်း တရုတ်နိုင်ငံကို ပြန်လှည့်သွားခဲ့တယ်လို့ သိရပါတယ်။ 

ထိုင်ဝမ်ဟာ တရုတ်လေယာဉ်တွေကို သတိပေးဖို့ တိုက်ခိုက်ရေးလေယာဉ်တွေစေလွှတ်ခဲ့ပြီး သူတို့ကိုစောင့်ကြည့်ဖို့ ဒုံးကျည်စနစ်တွေချထားတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မေလ(၃၀) ရက်နေ့က တရုတ်လေယာဉ်အစင်း(၃၀) နှောင့်ယှက်ခံရပြီးနောက်ပိုင်း ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်အတွင်း အကြီးမားဆုံးကျူးကျော်မှုဖြစ်ပြီး လေယာဉ်(၃၉) စင်း ပါတယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံကတော့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ စစ်ရေးလေ့ ကျင့်မှုလို့ အရင်ကပြောဆိုထားပေမယ့် ဒီတကြိမ်ကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုးတော့ မရှိခဲ့ပါဘူး။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ တရုတ်အနေနဲ့ ထိုင်ဝမ်အပေါ် စစ်ရေး သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးနေတာတွေနဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန့်သင့်တယ်လို့ ရိုက်တာကို ပြောခဲ့ပါတယ်။ 

ထိုင်ဝမ်တစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ တရုတ်စစ်တပ်က ပြီးခဲ့တဲ့ လက ပြောဆိုထားပြီး ထိုင်ဝမ်ရဲ့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြင်းထန်စွာ သတိပေး ပြော ဆိုထားပါတယ်။ 

ဒီပြောဆိုချက်ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်မယ်ဆိုရင် အမေရိကန်ဟာ စစ်ရေးအရပူးပေါင်းပါဝင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးချိန်မှာ အခုလို သတိပေး မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ 

တရုတ်နုိင်ငံဟာ ထိုင်ဝမ်ကို သူတို့ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လက်ခံဖို့ ဖိအားပေး နေပြီး တိုင်ပေအစိုးရကတော့ ငြိမ်းချမ်းရေးကို လိုလားပေမယ့် တိုက်ခိုက်ခံရရင် မိမိကိုယ်ကို ကာကွယ်သွားမှာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.