မော်စကို – ဇွန်(၂၂) 

ယူကရိန်းစစ်တပ်နဲ့ အတူ တိုက်ခိုက်နေချိန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ အမေရိကန် နိုင်ငံသားနှစ်ဦး ဟာ ရုရှားစစ်သားတွေကို အန္တရာယ်ဖြစ်စေတဲ့ ရာဇဝတ်မှုတွေ မှာ တာဝန်ရှိတဲ့အတွက် ဖမ်းဆီး ထားတာဖြစ်တယ်လို့ ရုရှားပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က NBC သတင်း ဌာနကို ပြောပါတယ်။ 

သူတို့ဟာ ကြေးစားစစ်သားတွေဖြစ်ပြီး ယူကရိန်းပိုင်နက်ထဲ တရားမဝင်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို ရုရှားနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေမှာ ပါဝင် ပြီး အသက်အန္တရာယ်ထိခိုက်စေတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။  

“အဲဒီ ရာဇ၀တ်မှုတွေကို စုံစမ်းမှုပြုလုပ်ပြီး သူတို့ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် သူတို့တာဝန်ယူသင့်တယ်” လို့ ရုရှားနိုင်ငံပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။ 

ဒါ့အပြင် အမေရိကန်တွေကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ သူတို့ရဲ့ ပြစ်မှုတွေကို တိတိကျကျ မသိရ သေးဘူးလို့ ဝန်ခံထားပေမယ့် စစ်သုံ့ပန်းတွေနဲ့ ပတ်သက်တဲ့ ဂျီနီဗာ သဘောတူညီချက် တွေမှာ အကျုံးဝင်မှာ မဟုတ်ဘူးလို့ သူကပြောပါသေးတယ်။ 

ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေဟာ ယူကရိန်းစစ်တပ်မှာ မပါဝင်ကြတဲ့အတွက် ဂျီနီဗာ သဘောတူညီချက်တွေလိုက်နာစရာမလိုသလို ရုရှားနိုင်ငံပိုင်ရုပ်သံလိုင်းတစ်ခုကလည်း ဖမ်းဆီးခံထားရတဲ့ အမေရိကန်နှစ်ဦးရဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာမှာ ထုတ်လွှင့်ခဲ့ပါတယ်။ 

လက်ရှိမှာ သူတို့နှစ်ဦးကို ဖမ်းဆီးထားတဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မသိရ သေးသလို ဘယ်သူက ချုပ်နှာင်ထားတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် သူတို့ကို အာဏာပိုင်တွေက ဖမ်းဆီးထားတယ်ဆိုတာအတည်ပြုထားပြီး သေဒဏ်နဲ့ ပတ်သက်လို့တော့ စုံစမ်းစစ်ဆေးမှုတွေအပေါ်မှာ မူတည်နေတယ်လို့ ရုရှားပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

ယူကရိန်းမှဦ ရုရှားစစ်တပ်က ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယို တွေကို အမေရိကန်အာဏာပိုင်တွေက တွေ့ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူက အတည်ပြုထားပြီး သူတို့ဘယ်နေရာမှာလဲဆိုတာကိုတော့ အတိအကျမသိရသေး ဘူးလို့ဆိုပါတယ်။ 

“ကျွန်တော်တို့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အခုလို ခက်ခဲတဲ့အချိန်အတွင်းမှာ သူတို့ရဲ့ မိသားစုတွေနဲ့အတူရှိနေပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိ သူက အေအက်ဖ်ပီပြောခဲ့ပါ တယ်။  

မူးယစ်ဆေးဝါးစွဲချက်နဲ့ ရုရှားမှာ ချုပ်နှောင်ခံထားရတဲ့ WNBA စူပါစတား ဘရစ်တနီဂရင်နာ ရဲ့ အမှုနဲ့ ပတ်သက်ပြီး သူမကို ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကိုတော့ ရုရှားပြောရေးဆိုခွင့်ရှိသူက ပယ်ချခဲ့ပါတယ်။ 

“ကျွန်တော်တို့ သူမကို ဓားစာခံလို့ ခေါ်လို့မရပါဘူး၊ ဘာကြောင့် သူ့ကို ဓားစာခံလို့ ခေါ်ရမှာလဲ၊ သူမက ရုရှားဥပဒေကို ချိုးဖောက်ပြီး အခု သူ့ကို တရားစွဲနေပါတယ်” လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူက တုန့်ပြန် ပြောဆိုခဲ့ပါတယ်။ 

အိုလံပစ်ရွေတံဆိပ်ဆု နှစ်ကြိမ်ရ WNBA ချန်ပီယံ ဂရင်နာဟာ မော်စကိုလေဆိပ်မှာ ဆေးခြောက် အဆီပါတဲ့ Vape ကို ခရီးဆောင်အိတ်အတွင်းသယ်ဆောင်လာတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ က ဖမ်းဆီးခံထားရပြီး ထောင်ဒဏ်(၁၀) နှစ်အထိချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။ 

အသက်(၃၁) နှစ်အရွယ်ဂရင်နာကို ရုရှားက မှားယွင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ဓားစာခံတွေကို တာဝန်ခံတဲ့ အမေရိကန်အထူးသံတမန်ဆီ လွှဲပြောင်းခဲ့တယ်လို့ ဝါရှင်တန်က ထုတ်ပြန် ထားပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.