ဘန်ကောက် – ဇွန်(၂၂) 

ဒီဇယ်ဆီစျေးမြင့်တက်လာတဲ့အတွက် ထိုင်းနိုင်ငံအနှံ့ခရိုင်နဲ့ ဒေသအလိုက်ပြေးဆွဲနေတဲ့ ပုဂ္ဂလိ က ဘတ်စ်ကား ကုမ္ပဏီ(၂၇) ခုက လာမယ့်ဇူလိုင်လ(၁) ရက်နေ့ကစပြီး ဝန်ဆောင်မှု အကြိမ်ရေ လျှော့ချပြီး ခရီးစဉ်ပြေးဆွဲဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

အစိုးရပိုင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကတော့ ပုံမှန်အတိုင်းဝန်ဆောင်မှုတွေကို ဆက်လက် ပေးနေမှာဖြစ်ပြီး ပုဂ္ဂလ်ကဘတ်စ်ကား လုပ်ငန်းရှင်များအသင်းက အဖွဲ့ဝင်(၂၇) ဦးက ဝန်ဆောင် မှုအပြည့်ပေးရတဲ့ ကုန်ကျစရိတ်ကို မနိုင်တော့တဲ့အတွက် ဇူလိုင်လ(၁) ရက်နေ့ကစပြီး ဝန်ဆောင် မှုအကြမ်ရေကို (၈၀)ရာခိုင်နှုန်းလျှော့ချဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ကြေညာထားပါတယ်။

အသင်းဥက္ကဌ ဖိချစ်ဂျီအမ်ဘူရာဆစ်က ယာဉ်လိုင်းပိုင်ရှင်တွေဟာ ခရီးစဉ်တစ်ခုစီအတွက် ပျမ်းမျှ ဘတ်(၁၆၀၀) အရှုံးပေါ်နေသလို ယာဉ်စီးခ ကောက်ခံမှုမှာလည်း ပြဿနာရှိနေတယ် လို့ ပြောဆိုထားပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ဒီဇယ်ဆီစျေးဟာ ၂၀၁၉ ခုနှစ်မှာ တစ်လီတာကို (၂၇.၇၉) ဘတ်သာရှိပေမယ့် လက်ရှိ ဒီဇယ်ဆီလက်လီစျေးနှုန်းဟာ ဘန်ကောက်မှာ (၃၄.၉၄) ဘတ်ရှိတယ်လို့ PTT ကုမ္ပဏီရဲ့ စျေးနှုန်းတွေအတွက် သိရပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိက ဘတ်စ်ကားကဏ္ဍမှာ ဘတ်စ်ကားစီးရေ(၂၀၀၀၀) နဲ့ ကုမ္ပဏီ(၂၇) ခုက ပါဝင်လုပ်ကိုင်နေကြပါတယ်။ 

လာမယ့်ဇူလိုင်လ(၁) ရက်နေ့ကစတင်ပြီး ဝန်ဆောင်မှုအကြိမ်ရေ လျှော့ချတဲ့ ဘတ်စ်ကားကုမ္ပဏီ တွေမှာ ဘန်ကောက်ကနေ တခြားပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရိုင်တွေနဲ့ ပြည်နယ်တွေထဲမှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေပါဝင်ပါတယ်။

Nakhonchai Air ယာဉ်လိုင်းကတော့ ဘတ်စ်ကားပြေးဆွဲမယ့် အကြိမ်ရေကို ခရီးစဉ်(၂၉) ခုအတွက်လျှော့ချမှာဖြစ်တယ်လို့ သိရပါတယ်။ 

 Transport ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဆန်ညာလက် ပန်ဝတ်တာလီခစ်က ကုမ္ပဏီဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေအတွက် ဝန်ဆောင်မှုတွေလျှော့ချဖို့ အစီအစဉ်မရှိ ဘူးလို့ ဇွန်လ(၂၁) ရက်နေ့က ပြောခဲ့ပါတယ်။ 

ကုမ္ပဏီရဲ့ လုပ်ပိုင်ခွင့်အောက်မှာရှိနေတဲ့ ပုဂ္ဂလိက အော်ပရေတာတွေကို ကူညီဖို့ ကုမ္ပဏီက နည်းလမ်းရှာဖွေနေတယ်လို့ သူက ပြောပါသေးတယ်။ 

Ref: Bangkok Post 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.