စင်္ကာပူ – ဇွန်(၂၂) 

စင်္ကာပူအစိုးရဟာ ငွေကြေးဖောင်းပွမှုမြင့်တက်တာကို ရင်ဆိုင်ဖို့ ဝင်ငွေနည်းပြီး ထိခိုက်လွယ်တဲ့ အစုအဖွဲ့တွေကို သင်သာစေဖို့အတွက် ဦးတည်တဲ့ အမေရိကနဒေါ်လာ(၁.၅) ဘီလျံပါဝင်တဲ့ အထောက်အပံ့အစီအစဉ်ကို ဇွန်လ(၂၁) ရက်နေ့က ကြေငြာခဲ့ပါတယ်။ 

ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲနဲ့ ကမ္ဘာ့ဒေသ တချို့မှာလည်း ကိုဗစ်ကန့်သတ်ချက်တွေကို ထုတ်ပြန်ထားတဲ့အတွက် ထောက်ပံ့ရေးကွင်းဆက် တွေမှာ စွမ်းအင်နဲ့ အစားအသောက်စျေးနှုန်းတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့ ဖော်ပြထား ပါတယ်။ 

စင်္ကာပူနိုင်ငံရဲ့ အဓိက ငွေကြေးဖောင်းပွမှုနှုန်းထားဟာ မတ်လအတွင်း (၂.၉) ရာခိုင်နှုန်းအထိရှိ ပြီး(၁၀) နှစ်အတွင်းအမြင့်ဆုံးဖြစ်ခဲ့သလို ဧပြီလမှာ (၃.၃) ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်လာခဲ့ ပါတယ်။ 

ပြီးခဲ့တဲ့ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ဒုဝန်ကြီး လောရန့်စ် ဝန် က စွမ်းအင်နဲ့ အစား အသောက်စျေးနှုန်းတွေမှာ သိသာစွာမြင့်တက်လာခဲ့သလို ကမ္ဘာ့လုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု တွေဆက်လက်ဖြစ်ပေါ်နိုင်ပြီး မတည်ငြိမ်ပြန်လည်မကောင်းမွန်ခင်မှာ ပိုမိုမြင့်တက်လာနိုင် တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

သက်သာချောင်ချိရေးအတိုင်းအတာတွေမှာ သက်မှတ်ချက်နဲ့ ပြည့်မီတဲ့ စင်္ကာပူနိုင်ငံသားတွေ ဟာ စင်္ကာပူဒေါ်လာ(၃၀၀) အထိ GST Voucjer အထူးပေးချေမှုတစ်ကြိမ်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ 

ပုဂ္ဂလိက အိမ်ခြံမြေအပါအဝင် စင်္ကာပူအိမ်ထောင်စုအားလုံးရဲ့ အသုံးစပိတ်တွေအတွက် စင်္ကာပူ ဒေါ်လာ(၁၀၀) ပြန်အမ်းငွေရရှိမှာဖြစ်ပါတယ်။ 

Comcare အကူအညီအစီအစဉ်တွေအတွက် အဆင့်မြှင့်တင်မှုတွေပါဝင်တဲ့ စီးပွားရေးလုပ်ငန်း တွေအတွက် Progressive Wage Credit Scheme နဲ့ ပြည်တွင်းအသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေအတွက် Energy Effciency Grant ထောက်ပံ့ကြေးတွေလည်း ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးအစီအစဉ်မြှင့်တင်မှုတွေပါဝင်သလို မလေးရှားနိုင်ငံက ကြက်သားတင်ပို့မှု တားမြစ်မှုဒဏ်ခံရတဲ့ ကြက်သတ်ရုံတွေက နိုင်ငံခြားအလုပ်သမားတွေကို (၁) လစည်းကြပ်မှု ပြန်အမ်းငွေရရှိမှာ ဖြစ်ပါတယ်။

သက်မှတ်ချက်နဲ့ ကိုက်ညီတဲ့ တက္ကစီယာဉ်မောင်းတွေနဲ့ ပုဂ္ဂလိက ကားငှားယာဉ်မောင်းတွေ ကိုလည်း ဩဂုတ်လမှာ သက်သာခွင် စင်္ကာပူဒေါ်လာ(၁၅၀) ရရှိမှာဖြစ်တယ်လို့သိရပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.