နယူးဒေလီ – ဇွန်(၂၁) 

အာဖဂန်နစ္စတန်ရဲ့ တာလီဘန်ခေါင်းဆောင်တွေနဲ့ အိန္ဒိယရဲ့ ထိတွေ့ဆက်ဆံမှုကို အရှိန်မြှင့် လုပ်ဆောင်နေပြီး အာဖဂန်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုံ့ဆော်မှုတွေ ရှိနေသလို တရုတ်၊ ပါကစ္စတန်တို့နဲ့ ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှု အခြေအနေမှာ ဆက်ဆံရေးကို ကန့် သတ်ထားတယ်လို့ သိရပါတယ်။ 

ပူးတွဲအတွင်းဝန်ဂျေပီဆင်း ဦးဆောင်တဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအဖွဲ့ဟာ ဒီလအစော ပိုင်းက ကဘူးလ်မြို့ကို သွားရောက်ခဲ့သလို ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ တာလီဘန်တို့က အာဖဂန် နစ္စတန်ကို သိမ်းပိုက်ပြီးနောက်ပိုင်း နယူးဒေလီကို ပထမဆုံး တရားဝင်ခရီးစဉ် အဖြစ်သွား ရောက်ခဲ့ကြပြီး အိန္ဒိယက အကူအညီပေးပို့မှုကို ကြီးကြပ်ဖို့အတွက် တာလီဘန် ယာယီနိုင်ငံခြား ရေးဝန်ကြီးနှင့် သူ့ရဲ့ လက်ထောက်တို့ဖြင့် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ 

တာလီဘန်အစိုးရကို အသိအမှတ်မပြုတဲ့ အိန္ဒိယနိုင်ငံဟာ ဂျုံတန်ချိန်သန်း( ၂၀၀၀၀) ၊ ဆေးဝါး (၁၃) တန်နဲ့ ကိုဗစ်ကာကွယ်ဆေး (၅၀၀၀၀၀) ကို အာဖဂန်နစ္စတန်ကို ပေးပို့ထားပြီးဖြစ်သလို ဆေးနဲ့ စပါးထောက်ပံ့မှုတွေကိုလည်း ဆက်လက်ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ အကူအညီပေးရေးကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယ တာဝန်ရှိသူတွေက အခိုင်အမာ ပြောဆိုခဲ့ပြီး အဖဂန်နစ္စတန် ပြည်သူတွေကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စ အတွက်သာဖြစ်တယ်လို့ အန္ဒိယနိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောထားပါတယ်။ 

“ကဘူးလ်ကိုသီးသန့်ချန်လှပ်ထားခဲ့ရင် တရုတ်က သူ့ရဲ့ သြဇာကို မြှင့်တင်ဖို့ အခွင့်အရေးရ လိမ့်မယ်” လို့အာဖဂန်နစ္စတန်နည်းပညာ သုတေသန တက္ကသိုလ် BITS Pilani Dubai Campus က နိုင်ငံတကာ ဆက်ဆံရေး လက်ထောက်ပါမောက္ခ ရှမ်ရှပ်အာမတ်ခမ်းက Nikkei Asiaကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင်လက်ရှိအခြေအနေဟာ တာလီဘန်တို့ အာဏာမသိမ်းခင်က အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးတိုး တက်ရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ပံ့ပိုးမှု ပရောဂျက်တွေက ရရှိထားတဲ့ စေတနာတွေ အချည်းအနှီးဖြစ်ကုန်လိမ့်မယ်လို့ သူက ပြောပါသေးတယ်။ 

တရုတ်နိုင်ငံကတော့ တာလီဘန်တွေကို တရားဝင်အသိအမှတ်မပြုပေမယ့် ပူးပေါင်းဆောင်ရွက် မှုအတွက် နည်းလမ်းမျိုးစုံကို ရှာဖွေနေပါတယ်။ 

အာဖဂန်နစ္စတန်ဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်နဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ဖို့ အဆင်သင့်ရှိနေတယ်လို့ ကဘူးလ်မှာ ထိပ်တန်းသံတမန် ဝမ်ရိ နဲ့တွေ့ဆုံပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။ 

နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုတွေကြောင့် ပါကစ္စတန်နဲ့ တာလီဘန်တို့်ကြား ကွဲလွဲမှုတွေ ပိုမို ပြင်းထန်နေသလို ပါကစ္စတန်ဟာ သူတို့ရဲ့ ဆိုးရွားလာတဲ့ စီးပွားရေးအကြပ်အတည်း ကို ကိုင်တွယ်ဖြေရှင်းနေရတဲ့အတွက် အဖဂန်နစ္စတန်ကို ကူညီမယ့် အနေအထားမှာ မရှိဘူးလို့ ပြောဆိုထားပါတယ်။ 

“တာလီဘန်တွေက လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို လိုချင်ပြီး ပါကစ္စတန်ကနေ အိန္ဒိယနဲ့ ထိတွေ့ဆက်ဆံလိုကြောင်း အိန္ဒိယကို အကြိမ်ကြိမ် အချက်ပြနေပါတယ်” လို့ နယူးဒေလီမှာ လေ့လာရေးနဲ့ နိုင်ငံခြားရေးမူဝါဒ ဒုတိယဥက္ကဌ ဟာ့ရှ်ဗီပန့်က ပြောခဲ့ပါတယ်။ 

နိုင်ငံတကာတရားဝင်မှုကို ငတ်မွတ်နေတဲ့ တာလီဘန်တို့က အိန္ဒိယခရီးစဉ်ကို တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်(၂) ရက်နေ့က သူတို့ရဲ့ ဆွေးနွေးပွဲဟာ သံတမန်ဆက်ဆံရေး ၊နှစ်နိုင်ငံကုန်သွယ်မှု နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအပေါ်အာရုံစိုက်ထားတယ်လို့ ပါကစ္စတန်ယာယီနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးမှာ ပြောခဲ့တယ်လို့ သူ့ရဲ့ တွစ်တာ မှာ ဖော်ပြထားပါတယ်။ 

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.