ပေကျင်း – ဇွန်(၂၁) 

တရုတ်ကွန်မြူနစ်ပါတီ(CPC) ရဲ့ ဗဟိုကော်မတီအထွေထွေရုံးက အရာရှိတွေနဲ့ ဆက်စပ်နေတဲ့ ဆွေမျိုးသားချင်းတွေရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စည်းမျဉ်းစည်းကမ်းတစ်ရပ် ထုတ်ပြန် ခဲ့ ပါတယ်။ 

အဲ့ဒီထုတ်ပြန်ချက်မှာ အရာရှိတွေရဲ့ ဇနီး၊သားသမီးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ သူတို့နဲ့ ပတ်သက်သူတွေရဲ့ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ အခြေအနေများ၊အလုပ်လုပ်ကိုင်ခွင့်အတိုင်း အတာများနဲ့ လိုအပ်တဲ့ စည်းကမ်းတွေကို ဖော်ပြထားပါတယ်။ 

ကြေငြာချက်မှာ မတူကွဲပြားတဲ့ အဆင့်တိုင်းနဲ့ ကဏ္ဍတိုင်းက အာဏာပိုင်တွေရဲ့ ဆွေမျိုးသား ချင်း တွေနဲ့ ပတ်သက်ပြီး တားမြစ်ချက်တွေပါဝင်ပြီး အဆင့်မြင့်အရာရှိတွေနဲံ သက်ဆိုင်တဲ့ ကန့်သတ်ချက်တွေဟာ ပိုမိုတင်းကြပ်ခံထားရတယ်လို့ သိရပါတယ်။ 

နှစ်စဉ်နှစ်တိုင်းမှာ ဆွေမျိုးသားချင်းတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အရာရှိတွေအနေနဲ့ သတင်းပို့အစီရင်ခံရမှာဖြစ်ပြီး မှားယွင်းသတင်းပေးပို့လာပါက ပြစ်ဒဏ်အမျိုးမျိုး ကျသင့် ခံရနိုင်တယ်လို့ သိရပါတယ်။ 

Xinhua News Agency သတင်းရင်းမြစ်ကို ကိုးကားပြီး CGTN သတင်းဌာနရဲ့ ဖော်ပြချက်မှာ တော့ တရုတ်ကွန်မြူနစ်ပါတီဝင် အာဏာပိုင်တွေရဲ့ ဆွေမျိုးသားချင်းစီးပွားရေးကန့်သတ် ချက်တွေနဲ့ ပတ်သက်ပြီး အခုလောက် အသေးစိတ်ဖော်ပြထားတာမရှိပါဘူး။ 

Ref:Xinhua

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.