မနီလာ ၊ ဇွန် (၂၁)

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာဒူတာတေးကာပီယိုသည် နိုင်ငံရဲ့ ၁၅ ဦးမြောက် ဒုတိယသမ္မတအဖြစ် တနင်္ဂနွေနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သဘောထားကွဲလွဲမှုတွေရှိခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုများအပြီး အမျိုးသားစည်းလုံးညီညွတ်မှုရရှိဖို့ တောင်းဆိုခဲ့ပါတယ်။ 

“ရှေ့လာမယ့်ရက်တွေမှာ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပိုမိုစည်းလုံးညီညွတ်ဖို့ တောင်းဆိုမှု စိန်ခေါ်ချက်တွေနဲ့ ပြည့်နှက်နေနိုင်ပါတယ်” လို့ သူမရဲ့ ဇာတိမြို့  ဒါဗောင်းမှာ ကျမ်းသစ္စာကျိန်ဆိုစဉ် ပြောကြားခဲ့ပါတယ်။

အသက် (၄၄) နှစ်ရှိပြီးဖြစ်တဲ့ ဒူတာတေး-ကာပီယိုသည် မေလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သည့် ဖာဒီနန်မားကို့စ် ဂျူနီယာ၏ ယှဉ်ပြိုင်ဖက်ဖြစ်ခဲ့ပြီး မားကို့စ်သည် ဇွန်လ ၃၀ ရက်နေ့မှာ နိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

၁၉၈၆ ခုနှစ် လူထုအုံကြွမှုမှာ အာဏာရှင်၏ သားဖြစ်သူ မားကို့စ်သည်လည်း ဒူတာတေး-ကာပီယိုရဲ့ ဆွေမျိုးများ၊ မဟာမိတ်များနှင့် ထောက်ခံသူများ တက်ရောက်ခဲ့သည့် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပါဝင်ခဲ့ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ဆယ်စုနှစ်များအတွင်း တောင်ပြိုကမ်းပြို အပြတ်အသတ်အနိုင်ရခဲ့ပြီး အရေးကြီးသော မဟာမိတ်ဖွဲ့ကာ လွှတ်တော်နှင့် ဒေသန္တရအစိုးရရာထူးများတွင် အမတ်နေရာများရရှိရန် စည်းလုံးညီညွတ်မှုကို ဖော်ပြသည့် သဝဏ်လွှာများဖြင့် ကူညီလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဆာရာဒူတာတေးကာပီယိုသည် သူမရဲ့ ဖခင်ကဲ့သို့ပင် မြို့တော်မနီလာမှ ကီလိုမီတာ ၁၀၀၀ ခန့်ဝေးသော ဇာတိမြို့မှာ နိုင်ငံရေးလောကသို့မ၀င်ရောက်မီ ရှေ့နေတစ်ဦးအဖြစ် လေ့ကျင့်သင်ကြားခဲ့တာ ဖြစ်ပါတယ်။ 

သူမသည် အစောပိုင်းတွင် ဆရာဝန်တစ်ဦးဖြစ်လိုခဲ့သော်လည်း သူမရဲ့ နိုင်ငံရေးအသက်မွေးဝမ်းကြောင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ဒါဗောင်းမြို့ရဲ့ ပထမဆုံးအမျိုးသမီး မြို့တော်ဝန်ဖြစ်လာခဲ့ပါတယ်။ 

သူမဟာ မားကို့စ်၏ ပညာရေးအတွင်းဝန်အဖြစ်လည်း တာဝန်ထမ်းဆောင်မည့်သူဖြစ်ပြီး “ကျွန်ုပ်တို့အားလုံး တောင်းဆိုမှုကို နားထောင်ပြီး လိုက်နာရန် ဆုံးဖြတ်ပါက တိုင်းပြည်ဟာ အနာဂတ်မျှော်လင့်ချက်၊ လုံခြုံရေး၊ စွမ်းဆောင်ရည်၊ တည်ငြိမ်မှုနှင့် တိုးတက်မှုဆီသို့ ဦးတည်သွားလိမ့်မည်ဟု ယုံကြည်ပါသည်” လို့ သူမက ပြောကြားခဲ့ပါတယ်။  

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.