မတူပီ – ဇွန်(၂၀)

ချင်းပြည်နယ်လက်နက်ကိုင်တွေအနေနဲ့ မြန်မာစစ်အစိုးရကိုသာမက အန္ဒိယနိုင်ငံက သူပုန်တွေကိုပါ တိုက်ခိုက်နေရတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှာ မငြိမ်းချမ်းတဲ့ အခြေအနေတွေနဲ့ ပိုမို မြင့်တက်လာနေပါတယ်။ 

အိန္ဒိယရဲ့ မဏိပူကနယ်စပ်ဖြတ်ကျော်လာတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်(PLA) နဲ့ ဇိုမီတော် လှန်ရေးတပ်မတော် အရှေ့ပိုင်းကွပ်ကဲရေးတပ်(Zomi Revolutionary Army -ZRA) တို့ကြောင့် လည်းချင်းပြည်နယ်က အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေတာပါ။ 

ချင်းအမျိုးသားတပ်ဦးရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ချင်းအမျိုးသားစစ်တပ်(Chin National Army) ရဲ့ စစ်မှုထမ်းဟောာင်းတစ်ဦးက Nikkei Asia သတင်းဌာနကိုပြောဆိုရာမှာတော့ ခုခံစစ်ဟာ ZRA PLA နဲ့ မြန်မာစစ်တပ်တို့အပေါ် စစ်ခေါ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

“ယင်းတို့အဖွဲ့အစည်းအနေဖြင့် တပ်မတော်နှင့် ထိတွေ့မှုများမရှိပါ။ သို့သော်လည်း ဒီအခြေအနေကို တစ်ခြားသော လက်နက်ကိုင်အစုအဖွဲ့များကို ပုန်ကန်ဖို့ စစ်အစိုးရနှင့် ZRA တို့က ပူးပေါင်းနေတယ်လို့ ပြောလို့မရပါဘူး”လို့ ZRA အုပ်ချုပ်ရေးအကြီးအကဲ တစ်ဦးက  Nikkei Asia သို့ပြောခဲ့ပါတယ်။

မြန်မာစစ်တပ် အာဏာသိမ်းလိုက်ချိန်တည်းက ချင်းပြည်နယ်ဟာ အသေးစားလက်နက်ကိုင် တွေနဲ့ ZRA အရှေ့ပိုင်းကွပ်ကဲရေးတပ်လို အဖွဲ့အသစ်တွေထွက်ပေါ်လာတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ဟာ အလျင်အမြန် မြင့်တက်လာနေပြီး ပိုမိုကောင်းမွန်သော လက်နက်တပ်ဆင်ထားသော စစ်သားများလည်း မြောက်များစွာ ရရှိလာနေပါတယ်။ ဒီအကြောင်းပြချက်အတွက် အချို့သော ဝေးလံဧရိယာမှာရှိ‌နေတဲ့ လက်နက်ကိုင်တစ်ချို့က ယှဥ်ပြိုင်တိုက်ခိုက်မှုနှင့် အဆုံးသတ်ဖို့ မဖြစ်နိုင်တာ ကြောင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် အပေးအယူလုပ်တဲ့အခြေအနေမျိူးတွေ ရှိနိုင်ပါတယ်”လို့ အလွတ်တန်းလေ့လာသုံးသပ်သူ ဒေးဗစ် စကော့ မာတီဆန် က ပြောခဲ့ပါတယ်။ 

မြန်မာစစ်တပ်အာဏာယူလိုက်ချိန်မှာ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးဖြစ်စဉ်တွေအပေါ် စိုးရိမ်ပူပန်မှုတွေရှိနေ ပေမယ့်လည်း မြန်မာ့အကြပ်အတည်းအပေါ် နယူးဒေလီအစိုးရက ကြားနေဝါဒအဖြစ်ရှိနေတယ် လို့ သိရပါတယ်။ 

နိုင်ငံရဲ့ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေဟာလည်း တခြားသော အချက်တစ်ချက်ဖြစ်တဲ့အတွက် အိန္ဒိယအစိုးရအနေနဲ့ မြန်မာ့စစ်တပ်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားလိုတဲ့အခြေအနေမှာ ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလက အန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်ဟာ အာဏာသိမ်းစစ်ခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး PLA အပါအဝင် မြန်မာဘက်မှာ ပုန်းအောင်း နေတဲ့ အိန္ဒိယသူပူန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အိန္ဒိယစစ်ဘက်ဆိုင်ရာ အရာရှိနဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖာ်ဝါရီလ အာဏာအပြောင်းအလဲမတိုင်ခင်မှာ အိန္ဒိယနဲ့ မြန်မာစစ်တပ်တို့ဟာ မဏိပူရ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ PLA နဲ့ တခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေကို ရှင်းလင်း ရေး ပြုလုပ်ဖို့အတွက် စစ်ကိုင်းတိုင်းအတွင်း ပူးပေါင်းစစ်ဆင်ရေးတွေကို ပြုလုပ်ထားကြ တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလမှာ မြန်မာစစ်တပ်က PLA တပ်က (၂) ဦးအပါအဝင် လက်နက်ကိုင် (၂၂) ဦးကို အိန္ဒိယထံကို လွှဲပြောင်းပေးခဲ့တယ်လို့ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်က ပြောဆိုထားပါတယ်။ 

အိန္ဒိယဟာ မြန်မာစစ်အစိုးရအနေနဲ့ လက်နက်ကိုင်သူတွေကို ထိန်းချုပ်နိုင်ပြီး မြန်မာစစ်တပ် က အခြေအနေထိန်းချုပ်နိုင်ဖို့ မျှော်လင့်နေတဲ့အပေါ်မှာတော့ အကဲဖြတ်သုံးသပ်သူတွေက မှားယွင်း နိုင်တယ်လို့ ငြင်းဆိုထားကြပါတယ်။ 

“ဒါက မဖြစ်နိုင်ပါဘူ။ အိန္ဒိယစစ်တပ်နှင့် မြန်မာစစ်တပ်အကြား နားလည်မှုထားတာ မရှိပါဘူး။ မြန်မာအနေနဲ့ သူတို့ရဲ့ နယ်စပ်ဘက်ခြမ်းမှာ ဖြစ်ပျက်နေတဲ့ မည်သည့်အရာကိုမဆို ထိန်းနိုင်ဖို့ မစွမ်းဆောင်နိုင်ပါဘူး” လို့ အိန္ဒိယ အရှေ့မြောက်ပြည်နယ်များအတွင်းရှိ တပ်များကို ကွပ်ကဲရေးတာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ရမက်ချ် ရာဝေ က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း မုကော့ဖတ်ယာက တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားက မဟာမိတ်ပြုလုပ်မှုတွေဟာ ဘယ်သူ့အတွက် မှအကျိုးမရှိနိုင်ဘူးလို့ ဝေဖန်ထားပါတယ်။ 

 “တပ်မတော်အနေဖြင့် ကြီးထွားလာသော အတိုက်အခံ ဒီရေလှိုင်းများကို ရပ်တန့်ရေးအတွက် ဆောင်ရွက်ရာမှာ မြေအောက်အဖွဲ့တွေကို အသုံးပြုတာဟာ အချည်နှီး ကြိုးစားဆောင်ရွက်မှုတစ်ခုသာဖြစ်ပါတယ်။ အဲ့လိုအဖွဲ့တွေကလည်း အမြင်ကျယ်ကျယ်မကြည့်ပဲနဲ့ ဒီကစားပွဲမှာပါဝင်မယ့် ဖြစ်ခြင်းက ဖြစ်စဥ်အတွင်း ပိုမိုဆိုးရွားမယ့် အခြေအနေကိုသာ ရရှိလာကြမှာပါ” လို့ သူကပြောခဲ့ပါတယ်။ 

Ref:Nikkei Asis

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.