ဘန်ကောက် – ဇွန်(၁၉) 

ထိုင်းတော်ဝင်မိသားစုဝင်တစ်ဦးကို အွန်လိုင်းအရောင်းမြှင့်တင်ရေးဗီဒီယိုတွေမှာ လှောင်ပြောင် ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ထိုင်း Influcencers (၃) ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ ပါတယ်။ 

ပြီးခဲ့တဲ့ မေလက အီးကောမက်စ် ပလက်ဖောင်း Lazada ရဲ့ အရောင်းမြှင့်တင်ရေးအတွက် အသုံး ပြုခဲ့တဲ့ အွန်လိုင်းကြေငြာမှာ ဖမ်းဆီးခံရသူ (၃) ဦးပါဝင်ခဲ့တာဖြစ်ပြီး Influencer (၃) ဦးထဲက တစ်ဦးဟာ ထိုင်းရိုရာဝတ်စုံကို ဝတ်ဆင်ထားပြီး ဝှီးချဲပေါ်မှာ ထိုင်နေတဲ့ ပုံစံမျိုး ဖော်ပြထားပါတယ်။ 

ထိုင်းတော်ဝင် ဘုရင် မဟာဗီဂျရာလောင်ကွန်ရဲ့ ထောက်ခံသူတွေရဲ့ ပြောဆိုချက်အရ ဝှီးချဲ အသုံးပြုရတဲ့ အမျိုးသမီးဟာ လူသိမခံတဲ့ ဘုရင်ရဲ့ အငယ်ဆုံးညီမဖြစ်တယ်လို့ ပြောဆိုကြ ပါတယ်။ 

အလီဘာလာ လုပ်ငန်းစု လက်အောက်ခံ Lazada ဟာ စော်ကားပုတ်ခတ်ခဲ့တဲ့ ဖော်ပြချက်ကို နောက်ပိုင်းမှာ ဖြုတ်ချခဲ့သလို ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ 

တော်ဝင်မိသားစုတွေကို စော်ကားတာ၊အသရေဖျက်တာနဲ့ ခြိမ်းခြောက်တာတွေအတွက် စော်ကြောဝေဖန်ခြင်းဆိုင်ရာ ဥပဒေ အရ ပြစ်ဒဏ်တွေချမှတ်နိုင်ပါတယ်။ 

ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာကတော့ ဗီဒီယိုဟာ လက်ခံနိုင်စရာမရှိပဲ Lazada က ပစ္စည်းဝယ် ယူတာတွေမပြုလုပ်ဖို့အတွက် ထိုင်းစစ်တပ်အာဏာပိုင်တွကို အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ ထိုင်းအစိုးရအနေနဲ့ စွဲချက်တင်နိုင်တဲ့ အထောက်အထားတွေကို စုဆောင်းနေပြီး ဘုရင့်တော်ဝင်မိသားစုတွေကို စော်ကားပြောဆိုတာတွေအတွက် ပြစ်မှုစီရင်ချက်ဟာ ထောင်ဒဏ်(၁၅) နှစ်အထိ ကျခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

Ref:Nikkei Asis

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.