Three-wheeler drivers wait in a queue to buy petrol due to fuel shortage, amid the country's economic crisis, in Colombo, Sri Lanka June 17, 2022. REUTERS/Dinuka Liyanawatte

ကိုလံဘို – ဇွန်(၁၉) 

သီရိလင်္ကာအာဏာပိုင်တွေက တင်သွင်းနေတဲ့ စက်သုံးဆီအတွက် ဒေါ်လာပေးချဖို့ မလုံလောက် လို့အများပြည်သူ သယ်ယူပို့ဆောင်ရေး အားလုံးနီးပါးရပ်နားထားရတဲ့အတွက် အစိုးရရုံးတွေနဲ့ ကျောင်းတွေကို နှစ်ပတ်ကြာ ပိတ်ထားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ 

စိုးရိမ်စရာအဆင့်မှာ ရှိနေတဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီပြတ်လပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အဓိက ဝန်ဆောင်မှုတွေကို လာမယ့်တနင်္လာနေ့က စတင်ပြီး ထိန်ထားဖို့ ဌာနဆိုင်ရာတွေနဲ့ အစိုးရဌာန တွေ ဒေသဆိုင်ရာ ကောင်စီအားလုံးကို ညွှန်ကြားထားတာပါ။ 

“အများပြည်သူသယ်ယူပို့ဆောင်ရေး နည်းပါးလာတဲ့အပြင် သီးသန့်ယာဉ်တွေကို စီစဉ်ပေးနိုင်မှု မရှိတာကြောင့် အလုပ်လာလုပ်တဲ့ ဝန်ထမ်းအရေအတွက်ကို သိသိသာသာ လျှော့ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဝန်ကြီးဌာနအမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

၁၉၄၈ ခုနှစ် လွတ်လုပ်ရေးရပြီးချိန်က စပြီး သီရိလင်္ကာနိုင်ငံဟာ လက်ရှိအချိန်မှာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကစပြီး အစားအသောက် ဆေးဝါးနဲ့ လောင်စာဆီလို ပြည်သူတွေလိုအပ်တဲ့ ပစ္စည်တွေတင်သွင်းမှုအတွက် ငွေကြေးမတက် နိုင်တော့တာဖြစ်ပါတယ်။ 

နိုင်ငံဟာ စံချိန်တင်မြင့်မားနေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ကာလရှည်ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေကို ရင်ဆိုင်နေရပြီး သမ္မတ ဂိုတာဘရာ ရာဂျာပါစကာ ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြမှုတွေနဲ့ တခါတရံ ပြင်းထန်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ လပေါင်းများစွာဖြစ်ပေါ်နေပါတယ်။ 

လောင်စာဆီ ချွေတာဖို့ ကြိုးပမ်းချက်အနေနဲ့ ဒီသီတင်းပတ်အစောပိုင်းမှာ အာဏာပိုင်တွေက သောကြာနေ့ကို အားလပ်ရက်အဖြစ် ကြေညာထားပါတယ်။ 

ရေနံဆီအရောင်းဆိုင်အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေတဲ့ ကားသမားတွေကလည်း သူတို့ရဲ့ ဆီတိုင်ကီတွေကို ဖြည့်ဖို့ ရက်ပေါင်းများစွာ စောင့်ခဲ့ရတယ်လို့ ဆိုကြပါတယ်။ 

ကျောင်းအားလုံးကို လာမယ့် တနင်္လာနေ့ကစပြီး နှစ်ပတ်ကြာ ပိတ်ထားဖို့နဲ့ ကျောင်းသားတွေနဲ့ ဆရာတွေကို လျှပ်စစ်မီးရရှိလာရင် အွန်လိုင်းက သင်ကြားဖို့ ပညာရေးဝန်ကြီးဌာနက ပြောဆို ထားပါတယ်။ 

သီရိလင်္ကာနိုင်ငံမှာ မကြံစဖူးစီးပွားရေးကြပ်အတည်းအတွက် ကုလသမဂ္ဂက အရေးပေါ်တုံ့ပြန်မှု ကြေညာပြီးနောက် တစ်ရက်အကြာမှာ အခုလို အမိန့်ထွက်လာခဲ့တာဖြစ်ပြီး ထောင်နဲ့ ချီတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအစာရေစာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ 

သီရိလင်္ကာမှာ လူငါးဦးမှဦ လေးဦးဟာ စားစရာ အစားအစာမတက်နိုင်တဲ့အခြေအနေဖြစ်နေပြီး သန်းပေါင်းများစွာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေသလို အကြပ်အတည်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေး ပြောဆိုထားပါတယ်။ 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကိုလံဘိုရဲ့ “အသက်ကယ်အကူအညီ” အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် လက်လှမ်းမမှီတဲ့ ဒေသတွေက ကိုယ်ဝန်ဆောင်အမျိုးသမီး(၂၀၀၀) ခန့်ကို အစားအသောက်ကူပွန်တွေကို ကြာသပတေးနေ့မှာ စတင်ဝေငှခဲ့တယ်လို့ သိရပါတယ်။

WFP က ဇွန်လမှ ဒီဇင်ဘာလအတွင်း စားနပ်ရိက္ခာ ထောက်ပံ့ရေးအတွက် ဒေါ်လာသန်း (၆၀) တင်ပြနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေတာ ဖြစ်ပါတယ်။ 

သီရိလင်္ကာဟာ ဧပြီလမှာ ဒေါ်လာ (၅၁) ဘီလျံ ရှိတဲ့ နိုင်ငံခြား ကြွေးမြီးကို ပေးဆောင်ဖို့ ပျက်ကွက်ခဲ့ပြီး ကယ်ဆယ်ရေးအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဆွေးနွေး လျက်ရှိနေပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.