ဂျာရုစလမ် ၊ ဇွန် (၁၉)

ပြီးခဲ့တဲ့ စနေနေ့က ပါလက်စတိုင်း စစ်သွေးကြွတွေဟာ အစ္စရေးတောင်ပိုင်းရှိ မြို့တစ်မြို့ကို ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့တဲ့အတွက် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ 

အက်ရှ်ခလွန် မြို့ဆီကို ပစ်လွှတ်တဲ့ ဒုံးပျံကို ကြားဖြတ်ဟန့်တားခဲ့ရတာကြောင့် ဂါဇာ သို့မဟုတ် အစ္စရေးမှာ အသေအပျောက်သတင်းများ မသိရသေးဘဲ  လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ ဥသြသံများဖြင့် ဒေသခံများကို ဗုံးခိုစခန်းများသို့ ပို့ဆောင်ပေးခဲ့ရပါတယ်။ 

ဂါဇာကို ထိန်းချုပ်ထားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဟားမတ်စ်အဖွဲ့က ဒုံးကျည်ကို ပစ်လွှတ်ခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ထားပြီး ဟားမတ်စ်ထံမှ ချက်ခြင်း တုံ့ပြန်မှု မရှိသလို အခြားသော စစ်သွေးကြွအုပ်စုများထံမှလည်း တာဝန်ရှိကြောင်း ပြောဆိုတာ မရှိသေးပါဘူး။ 

“ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ လေယာဉ်တွေက ဂါဇာကမ်းမြှောင်မှာရှိတဲ့ ဟားမတ်စ် အကြမ်းဖက်တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်”လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွများက ၁၁ ရက်ကြာ စစ်ပွဲဆင်နွှဲခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလကတည်းက အစ္စရေး-ဂါဇာနယ်စပ်ဟာ အတော်လေး ငြိမ်သက်သွားခဲ့ပြီး ဖြစ်ပါတယ်။ 

နယ်စပ်ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှုဟာ ပိုမိုကျယ်ပြန့်တဲ့ အရှိန်အဟုန် လက္ခဏာ မပြပေမယ့် အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနှင့် မကြာသေးမီ လတွေအတွင်း အစ္စရေးမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ လူအသေအပျောက်များသည့် တိုက်ခိုက်မှုများစွာ ပြုလုပ်ပြီးနောက် စစ်တပ်က စီးနင်းတိုက်ခိုက်ခဲ့ရာ အနောက်ဘက်ကမ်းရှိ ဂျီနင်မှာ ပါလက်စတိုင်း သေနတ်သမား သုံးဦး သေဆုံးခဲ့ပါတယ်။ 

သေဆုံးသွားတဲ့ သေနတ်သမားတစ်ဦးဟာ ၎င်းတို့ရဲ့ အဖွဲ့ဝင်ဖြစ်တယ်လို့ ဟားမတ်စ်က ပြောကြားခဲ့ပြီး ပါလက်စတိုင်းအဖွဲ့ခွဲ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ အခြားစစ်သွေးကြွအုပ်စုမှ သေဆုံးသူ သေနတ်သမားများသည်လည်း ၎င်းတို့မှဖြစ်ကြောင်းကို ပြောဆိုခဲ့ပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.