တိုကျို – ဇွန်(၁၈) 

ဂျပန်နိုင်ငံက ဆိုနီနဲ့ ဟွန်ဒါတို့ဟာ ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ကားတွေစတင်ရောင်းချမယ့် ဖက်စပ် လုပ်ငန်းကို ကြာသပတေးနေ့က တရားသဘောတူညီခဲ့ကြပါတယ်။ 

ရင်းနှီးမြှပ်နှံသူတွေဟာ ပြိုင်ဘက် တိုယိုတာ လို ဟွန်ဒါကို ကမ္ဘာလုံးဆိုင်ရာ မော်တော်ကား ထုတ်လုပ်သူတွေထက် လျှပ်စစ်ကား(EV) ကို ကူးပြောင်းဖို့ နှေးကွေးနေပြီး ကာဗွန်ကင်းစင်တဲ့ နည်းပညာနဲ့ ကားတွေထုတ်လုပ်ဖို့ ဖိအားပေးနေခဲ့ကြတာပါ။ 

ဟွန်ဒါအနေနဲ့ ၂၀၃၀ မှာ EV မော်ဒယ်(၃၀) ကို တစ်နှစ်မှာ EV အစီးရေ (၂)သန်း ခန့် ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

Sony Honda Mobility လို့အမည်ပေးထားတဲ့ အကျိုးတူပူးပေါင်းရေး အစီအစဉ်တစ်ရပ်ကို မတ်လမှာ စတင်ကြေညာခဲ့ပြီး ဟွန်ဒါဟာ ကားတည်ဆောက်ဖို့နဲ့ ရောင်းချတဲ့နေရာကို တာဝန်ယူ သွားမှာဖြစ်ပြီး ဆိုနီကတော့ သူတို့ရဲ့ ဆော့ဖ်ဝဲလ်နဲ့ နည်းပညာပိုင်းကို ထည့်သွင်းသွားမှာဖြစ် တယ်လို့ ကုမ္ပဏီတွေက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ကြပါတယ်။ 

ကုမ္ပဏီတစ်ခုစီဟာ အဲ့ဒီအကျိုးတူပူးပေါင်းမှုအတွက် ယန်း(၅) ဘီလျံ ဒေါ်လာ(၃၇.၅၂) သန်း ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ သိရပါတယ်။ 

Accord နဲ့ Civic လို လူကြိုက်များတဲ့ မော်ဒယ်လ်တွေ ထုတ်လုပ်တဲ့ ဟွန်ဒါ ဟာ ကုန်ကြမ်းစရိတ် တွေမြင့်တက်လာပြီး ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ပြားထုတ်လုပ်မှုတွေထိခိုက်နေတဲ့အတွက် အပြီးသတ် ထုတ်လုပ်မှုမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဟွန်ဒါကုမ္ပဏီဟာ General Motors (G.M.N) နဲ့ တွဲဖက် ပလပ်ဖောင်းအသစ် ကို အခြေခံပြီး စျေးနှုန်းသက်သာတဲ့ EV စီးရီးတွေကို တိုးချဲ့ထုတ်လုပ်သွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်က စတင်ပြီး ဟွန်ဒါအတွက် လျှပ်စစ် SUV ကားနှစ်စီးကို စတင်တည်ဆောက်မယ့် အစီအစဉ် ကို တိုးချဲ့သွားမှာဖြစ်တယ်လို့ ဒီနှစ်အစောပိုင်းက ပြောဆိုထားပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.