ထီးလင်း – ဇွန်(၁၈)

ဖုန်းလိုင်းတွေပြန်မဖွင့်ပေးတဲ့အတွက် MPT တာဝါတိုင်ကို ဖြိုချဖျက်ဆီး လိုက်တယ်လို့ ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YRPA) က ဇွန်လ(၁၈) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိအချိန်မှာ ထီးလင်းမြို့နယ်ရဲ့ ဧရိယာ(၅၀) ရာခိုင်နှုန်းလောက်သာ ဖုန်းလိုင်းရရှိနေသလို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးချိန်တွေမှာလဲ ဖုန်းလိုင်းတွေဖြတ်တောက်တာတွေရှိနေတယ် လို့ သိရပါတယ်။

ယောဒေသ ထီးလင်း မြို့နယ်ကို စစ်ကောင်စီက ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတည်းကဖြစ်ပြီး အခုချိန်ထိပြန်ဖွင့်ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။



ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းဖြတ်တောက်တာတွေဟာ သုံးစွဲသူတွေရဲ့ အခွင့်အရေးချိုးဖောက် နေတာဖြစ်တဲ့အတွက် အမြန်ဆုံးရပ်တန့်ဖို့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YRPA) က ပြီးခဲ့တဲ့ မေလ(၁၂) ရက်နေ့က တောင်းဆိုထားပေမယ့် ပြန်ဖွင့်ပေးတာမရှိလို့ ဖြိုချ ဖျက်ဆီးလိုက်တာဖြစ် တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း တွေမှာ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာ (၁) နှစ်နီးပါးအထိရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.