အပီယာ၊ ဇွန် ၁၈

ပစိဖိတ်ဒေသတွင်း လုံခြုံရေးဆိုင်ရာပြဿနာတွေကို ဒေသတွင်းနိုင်ငံများကသာ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ဆာမိုအာနိုင်ငံဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ကြီးထွားလာမှုနှင့် ကျွန်းနိုင်ငံငယ်များတွင် စစ်အင်အား တိုးချဲ့မှု အလားအလာကြောင့် အိမ်နီးချင်း သြစတြေးလျနှင့် နယူးဇီလန်တို့အပြင် သူတို့ရဲ့ မဟာမိတ် အမေရိကန်တို့ကြား စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့တာပါ။ 

“သူတို့ရဲ့ ကြီးမားတဲ့ စျေးကွက်၊ ဝယ်ယူမှုစွမ်းအားနဲ့ အခြားအရာတွေကြောင့် လူတိုင်းက တရုတ်ကို စိတ်ဝင်စားကြတယ်” လို့ မာတာဖာက နယူးဇီလန်ကို တရားဝင် သွားရောက်လည်ပတ်စဉ် အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ 

ယခုနှစ်အတွင်း ဆော်လမွန်ကျွန်းစုများနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ဟာ တရုတ်နိုင်ငံ၏ ဒေသတွင်းလွှမ်းမိုးမှု တိုးလာခြင်းကို မီးမောင်းထိုးပြနေပါတယ်။  

ရဲလုပ်ငန်းနှင့် လုံခြုံရေးဆိုင်ရာအပါအဝင် ဒေတာဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို ပစိဖိတ်နိုင်ငံတဒါဇင်နီးပါးနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်အား တရုတ်က တွန်းအားပေးဆောင်ရွက်လျက်ရှိနေပါတယ်။

ပစိဖိတ်ဒေသခံခေါင်းဆောင်များအနေနဲ့ ပြီးခဲ့သောလက တရုတ်ထိပ်တန်းအရာရှိတစ်ဦးနှင့် ဆွေးနွေးခဲ့ကြသော်လည်း အဆိုပါအစီအစဉ်ကို သဘောတူညီခြင်းမရှိသေးပါ။ 

“ကျွန်မတို့မှာ ရှိပြီးသားအရာတွေရဲ့ ကျယ်ပြန့်တဲ့ အခြေအနေမှာ လုံခြုံရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ဒေသတစ်ခုအနေနဲ့ လိုအပ်ပါတယ်” လို့ ဒေသဆိုင်ရာ  အစောပိုင်း သဘောတူညီချက်တွေကို ကိုးကားပြီး မာတာဖာက ပြောကြားခဲ့ပါတယ်။ 

လာမယ့်ဇူလိုင်လမှာ ကျင်းပမယ့် ပစိဖိတ်ကျွန်းစုဖိုရမ်တွင် ခေါင်းဆောင်များစုဝေးပြီး လုံခြုံရေးနှင့်ပတ်သက်လို့ နောက်ထပ်လုပ်ဆောင်ရန် လိုအပ်လာပါက ဒေသတွင်းနိုင်ငံများ၏ ပံ့ပိုးကူညီမှုရှာဖွေရန် လိုအပ်ကြောင်း မခံစားစေရန်အတွက် ဆွေးနွေးကြမှာဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။ 

“ခေါင်းဆောင်တွေက ဆော်လမွန်ကျွန်းစုကို ငါတို့ရဲ့ ဒီနေရာမှာ သတ်မှတ်ထားပြီးသားအရာတွေဟာ မလုံလောက်ဘူးလား မေးတဲ့အခါ ဒါဟာ တရားမျှတတဲ့ မေးခွန်းလို့ ထင်ပါတယ်၊ ဒါဟာ ဆော်လမွန်တွေအတွက်တင် မဟုတ်ဘဲ၊ ပစိဖိတ်သမုဒ္ဒရာရဲ့ တခြားနေရာတွေမှာ ဖြစ်နိုင်ပါတယ်။”

ဖိုရမ်ကို ပစိဖိတ်၏ ကျွန်းနိုင်ငံ ၁၈ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ယဉ်ကျေးမှုနှင့် ပထဝီဝင်ဆိုင်ရာ အုပ်စုသုံးစုဖြစ်တဲ့ မိုက်ခရိုနီးရှား၊ မယ်လနေးရှားနှင့် ပိုလီနီးရှားတို့အပြင် သြစတြေးလျနှင့် နယူးဇီလန်တို့ပါဝင် ဖွဲ့ထားတာဖြစ်သလို အချို့က ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးရှိကြပြီး အများစုက ပေကျင်းကို အသိအမှတ်ပြုကြတာ ဖြစ်ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.