တိုင်ပေ – ဇွန်(၁၈) 

တရုတ်နိုင်ငံက ပိုင်ဆိုင်ဖို့ လိုလားနေတဲ့ ဒီမိုကရက်တစ်ကျွန်းစုနိုင်ငံ ထိုင်ဝမ်နဲ့ အမေရိကန်တို့ ရဲ့ နှစ်ပေါင်းများစွာရှိထားတဲ့ ထုတ်ပြန်ကြေညာထားတာမရှိတဲ့ သဘောတူညီချက်ကို အပြောင်း အလဲအနေနဲ့ အမေရိကန်က ထိုင်ဝမ်အတွက် လုံခြုံရေးဆိုင်ရာ ထောက်ပံ့ကူညီမှုအဖြစ် ဒေါ်လာ ဘီလျံနဲ့ချီ အတွက် ဥပဒေအဆိုပြုချက်တစ်ရပ်ကို အမေရိကန်အထက်လွှတ်တော်အမတ်(၂) ဦးက မိတ်ဆက်လိုက်ပါတယ်။ 

ထိုင်ဝမ်နိုင်ငံအပေါ တရုတ်က စစ်ရေးအရ အသားစီးရယူထားတယ်လို့ စွပ်စွဲထားတဲ့ အဓိက လက်နက်ထောက်ပံ့သူဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက စွပ်စွဲထားပြီး ရာစုနှစ်အတွင်း ဆက် ဆံရေးယိုယွင်းလာတဲ့ အမေရိကန်နဲ့ တရုတ်အစိုးရတို့ရဲ့ ကွာဟမှုဟာ ပိုမိုတိုးမြှင့်လာနေ ပါတယ်။ 

ထိုင်ဝမ်မူဝါဒ အက်ဥပဒေ ၂၀၂၂ (Taiwan Policy Act of 2022) မှာ တရုတ်အနေနဲ့ ထိုင်ဝမ်ကို ဘယ်လို ရန်လိုမှုတွေအတွက်မဆို ပိတ်ဆို့တားမြစ်ချက်တွေနဲ့ ခြိမ်းခြောက်ထားပြီး နောက်လာ မယ်(၄) နှစ်စာအတွက် နိုင်ငံရပ်ခြားစစ်ဘက်ဆိုင်ရာ ဘဏ္ဍာရေးအတွက် ဒေါ်လာ (၄.၅) ဘီလျံ ထောက်ပံ့မှာဖြစ်သလို ထိုင်ဝမ်ကို နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ အဓိက မဟာမိတ်အဖြစ်လည်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

အခုမူဝါဒဟာ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ ၁၉၇၉ ခုနှစ် တည်းကဆိုရင် ပိုမို ကျစ်လစ်ပြည့်စုံ စွာ တည်ဆောက်ထားတဲ့ ထိုင်ဝမ်အတွက် အမေရိကန်ရဲ့ မူဝါဒဖြစ်တယ်လို့ အဆိုတင်သွင်းသူ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဌ (ဒီမိုကရက်အမတ်) ဘော့မာနယ် ဒက်ဇ်နဲ့(ရီပါပလစ်ကန်အမတ်) လင်ဆေးဂရာဟမ်က ပြောဆိုခဲ့ပါတယ်။ 

မာနယ်ဒက်ဇ်ရဲ့ ထုတ်ပြန်ချက်မှာ ဒီဥပဒေဟာ ယူကရိန်းကို ရုရှားကျူးကျော်သလို တရုတ်နိုင်ငံ အနေနဲ့ တူညီတဲ့ အများမျိုးထပ်မလုပ်ဖို့ ရှင်းလင်းတဲ့ သတင်းစကား ပေးပို့တာ ဖြစ်တယ်လို့ ပါရှိပါတယ်။ 

“ကျွန်ုပ်တို့အနေနဲ့ ထိုင်ဝမ် အနေနဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရန်လိုမှုတွေ ကြုံ‌တွေ့ နေရ တာကို ပျော့ညံ့ညံ့ လုပ်နေမယ်ဆိုရင်တော့ ဒီအန္တရာယ်က ပိုဆိုးလာဖို့ပဲ ရှိတော့မယ်” လို့ ရီပါပလစ်ကန်အမတ်လင်ဆေးဂရာဟမ် က ပြောဆိုခဲ့ပြီး ဒီအဆိုပြုချက်ကို လာမယ့် သီတင်း ပတ်အစောပိုင်းအတွင်း အထက်လွှတ်တော် တင်နိုင်ဖို့ ကော်မတီက မဲပေးဆုံးဖြတ်မှာ ဖြစ်တယ် လို့ သိရပါတယ်။ 

ထိုင်ဝမ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ အနေနဲ့ မတူကွဲ ပြားတဲ့ အမြင်တွေရှိနေကြပါတယ်။ 

အဆိုပြုထားတဲ့ ထိုင်ဝမ်မူဝါဒ အက်ဥပဒေ ၂၀၂၂( Taiwan Policy Act of 2022 နဲ့ ပတ်သက်ပြီး ဝါရှင်တန်က တရုတ်သံရုံးက တုံ့ပြန်ချက်တစုံတရာ ပေးခဲ့တာတော့ မရှိပါဘူး။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.