ဘမာကို၊ ဇွန် ၁၇

မာလီနိုင်ငံတွင် အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ ရှဟယ်အဖွဲ့အကြီးတန်းခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြင်သစ်စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ပြင်သစ်ဦးဆောင်သော ဘရက်ခမ်းသောင်းကျန်းသူဆန့်ကျင်ရေးတပ်ဖွဲ့နှင့် နိုင်ငံအတွင်း ဂျီဟတ်ဝါဒီပုန်ကုန်သူတို့ ဆယ်စုနှစ်တစ်ခုနီးပါးကြာ တိုက်ပွဲဝင်ပြီးနောက် မာလီနိုင်ငံမှ ထွက်ခွာရန် ပြင်သစ်က အပြီးသတ်ပြင်ဆင်နေချိန်မှာပဲ ယခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ 

“ဇွန် ၁၁ နှင့် ၁၂ ရက် ညမှာ ဘရက်ခမ်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတစ်ခုဟာ အစ္စလာမစ်နိုင်ငံတော် Greater Sahara (IS-GS) ရှိ အိုင်အက်စ်ရဲ့အကြီးတန်းပုဂ္ဂိုလ်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အရာရှိ၏ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ ပြောကြားခဲ့ပါတယ်။ 

ကြိုတင်ပြင်ဆင်မှုတွေ ရက်သတ္တပတ်များစွာပြုလုပ်ခဲ့တဲ့ လေတပ်နှင့် မြေပြင်တပ်များဟာ အဆိုပါ စစ်ဆင်ရေးကို နိုင်ဂျာနယ်စပ်အနီးမှာ ပြုလုပ်တယ်လို့ ပါရီမြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ 

၎င်းထိပ်တန်းခေါင်းဆောင် အယ်လ်ဘာကာယီကို ပြင်သစ်တပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းရန် ရက်အတော်ကြာ ထိန်းသိမ်းထားခဲ့ပြီး မာလီအာဏာပိုင်များထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်ပါတယ်။

အမည်မဖော်လိုသူ လုံခြုံရေးသတင်းရင်းမြစ်တစ်ခုအရ အယ်လ်ဘာကာယီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ပြင်သစ်တပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော IS-GS ခေါင်းဆောင်ဟောင်း၏ နေရာကိုဆက်ခံသူအဖြစ် တစ်ချိန်က ရှူမြင်ခဲ့ကြောင်း အေအက်ဖ်ပီကို ပြောပါတယ်။ 

ဖောက်ခွဲရေးဆိုင်ရာကျွမ်းကျင်သူ အယ်လ်ဘာကာယီက ၎င်းအဖွဲ့တွင် ဒေသတွင်းအကြီးအကဲတစ်ဦးဖြစ်ပြီး ဘာကီနာဖာဆို၏အိမ်နီးချင်းဖြစ်တဲ့ မာလီရှိ ဂေါ်မာ နှင့် အူဒါလန် ဒေသများကို ကွပ်ကဲခဲ့သူဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေမှာ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ လုပ်ရပ်တွေအတွက် သူဟာတာဝန်ရှိတဲ့သူဖြစ်တဲ့လို့ စစ်တပ်က ပြောပါတယ်။

ပြင်သစ်သည် ဂါအိုရှိ ၎င်း၏အဓိကစစ်အခြေစိုက်စခန်းအား မာလီတပ်များထံ ပြန်လည်လွှဲပြောင်းပေးပြီး လအနည်းငယ်အတွင်း မာလီမှဆုတ်ခွာမှုကို အပြီးသတ်လုပ်ဆောင်မှာဖြစ်ပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.