တိုင်ပေ – ဇွန်(၁၇) 

ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထိုင်ဝမ်နိုင်ငံသားတွေအတွက် ဝင်ရောက်ခွင့် ဗီဇာ လျှောက်ထားချိန်မှာ တရုတ်နဲ့ သက်ဆိုင်တဲ့ ကိုးကားချက် (ID) ကိုဖယ်ရှားပေးခဲ့တဲ့အတွက် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ(၁၆) ရက်နေ့က ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ 

ကမ္ဘာ့ဖလားလက်မှတ်ကိုင်ဆောင်တွေအနေနဲ့ ဟာရာကဒ်ကို လျှောက်ထားရမှာဖြစ်ပြီး အဲ့ဒီကဒ် ဟာ ဧည့်သူတွေကို စီစစ်ဖို့ နဲ့ကာတာနိုင်ငံကို ဝင်ရောက်ခွင့်ဗီဇာပါ တပါတည်း ပါဝင်မှာဖြစ်ပြီး အစောပိုင်းအွန်လိုင်းလျှောက်ထားမှုစနစ်မှာ ကျွန်းနိုင်ငံအဖြစ်သီးသန့်ဖော်ပြထားတာမရှိတဲ့ အတွက် ထိုင်ဝမ်အစိုးရအနေနဲ့ စိုးရိမ်ပူပန်မှုရှိနေတယ်လို့ ဖော်ပြထားပါတယ်။ 

မကြာသေးခင်က တရုတ်နိုင်ငံရဲ့ ခရိုင်ဒေသန္တရ ထိုင်ဝမ်ဆိုတဲ့ အသုံးအနှုန်းနဲ့ဖော်ပြထားတဲ့ အတွက် ထိုင်ဝမ်အစိုးရနဲ့ ပြည်သူတွေအမျက်ဒေါသ ထွက်ခဲ့ကြပါသေးတယ်။ 

အွန်လိုင်းလျှောက်ထားမှုကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာတော့ ထိုင်ဝမ်အလံနဲ့ အတူ ထိုင်ဝမ် ဆိုတဲ့ စာလုံးနဲ့ပဲ ပြန်လည်ဖော်ပြခဲ့ပါတယ်။ 

“ကျွန်မတို့အနေနဲ့ ဒီလိုစိတ်ကောင်းစေတနာကို ကျေးဇူးအများကြီးတင်ကြောင်းနှင့် အတိအကျခံယူကြောင်း ဖော်ပြလိုပါတယ်” လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဂျူအယ်အိုန် က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ဒီအရာဟာ အပြုသဘာေဆာင်တဲ့ ဖွံ့ဖြိုးမှုတစ်ရပ်ဖြစ်ပြီး ပွဲစီစဉ်သူတွေဘက်က လျင်မြန်စွာ ပြင်ဆင်ပေးခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုတယ်လို့ ပြောပါသေးတယ်။ 

ထိုင်ဝမ်အာဏာပိုင်တွေက ကာတာကမ္ဘာ့ဖလားမှာ တောင်းဆိုမှုတွေပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝင်ဘင်က တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ ထိုင်ဝမ်လို့ ပြောင်းလဲသုံးစွဲဖို့ ဆန္ဒရှိတယ်လို့ တုံ့ပြန်ထားပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေ ကုမ္ပဏီတွေရဲ့ တရားဝင်စာရွက်စာတမ်းတွေ၊ ဝက်ဘ်ဆိုဒ် တွေမှာ မကြာခဏအသုံးပြုလေ့ရှိတဲ့ “တရုတ်ရဲ့ ခရိုင်ဒေသန္တရ တိုင်ပေ” ၊တရုတ်-တိုင်ပေ လို့ သုံးစွဲနေရာကနေ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ ထိုင်ဝမ်လို့ ပြောင်းလဲသုံးစွဲဖို့အတွက် ခြေလှမ်းစတင်လှမ်းလာခဲ့တာပါ။ 

ထိုင်ဝမ်အစိုးရဟာ တခြားနိုင်ငံအများစုလို ကာတာနဲ့ သံတမန်ဆက်ဆံရေး မရှိပဲ ကာတာ ကတော့ တရုတ်အစိုးရကိုသာ အသိအမှတ်ပြုထားပါတယ်။ 

Ref: Channel News Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.