ကိုလံဘို၊ ဇွန် ၁၄

မကြုံစဖူးစီးပွားရေးအကြပ်အတည်းများနှင့် ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံအနေဖြင့် ရုရှားထံမှ ရေနံပိုမိုဝယ်ယူရန် မဖြစ်မနေလုပ်ဆောင်နိုင်ရဖွယ်ရှိကြောင်း နိုင်ငံဝန်ကြီးချုပ်က အေပီသတင်းဌာနကို ပြောလိုက်ပါတယ်။

သီရိလင်္ကာဝန်ကြီးချုပ်က အခြားသတင်းရင်းမြစ်များကို ဦးစွာရှာဖွေမှာဖြစ်ပေမယ့် မော်စကိုမှ ရေနံစိမ်းများကို ပိုမိုဝယ်ယူနိုင်ရန် လမ်းဖွင့်ထားကြောင်း ဇွန် ၁၁ ရက်နေ့က သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ 

သီရိလင်္ကာနိုင်ငံသည် ဆယ်စုနှစ် ခုနစ်ခုအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေး အကြပ်အတည်းကို ရင်ဆိုင်နေရပြီး အစားအသောက်၊ လောင်စာဆီနှင့် ဆေးဝါးများ အပါအဝင် အရေးကြီးသော သွင်းကုန်များအတွက် ဒေါ်လာနဲ့ ပေးဆောင်ဖို့ ပိုက်ဆံပြတ်လပ်နေတာဖြစ်ပါတယ်။ 

တခါတရံ ကီလိုမီတာခန့် ရှည်လျားတဲ့ တန်းစီစောင့်ဆိုင်းနေသော လူတန်းတွေဟာ နိုင်ငံတစ်ဝှမ်း ဓာတ်ဆီဆိုင်များအနီးတွေမှာ တွေ့ရလေ့ရှိပြီး စွမ်းအင်ပြတ်တောက်မှုတွေလည်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ဝါရှင်တန်နှင့် ၎င်း၏မဟာမိတ်များက မော်စကို၏ စစ်ပွဲအတွက် ပံ့ပိုးပေးတဲ့ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ရန် ကြိုးပမ်းနေချိန်မှာ ရုရှားက ၎င်း၏ ရေနံစိမ်းကို လျှော့ဈေးဖြင့် နိုင်ငံအများအပြားကို ဆွဲဆောင် ကမ်းလှမ်းလျက်ရှိနေပါတယ်။ 

သီရိလင်္ကာဘဏ္ဍာရေးဝန်ကြီးကလည်း ကျွန်းနိုင်ငံအနေနဲ့ အကြွေးများ တိုးလာနေသော်လည်း တရုတ်နိုင်ငံထံမှ ငွေကြေးအကူအညီကို ပိုမိုလက်ခံရန် ဆန္ဒရှိကြောင်းလည်း ဖော်ပြခဲ့ပါသေးတယ်။ 

သီရိလင်္ကာ၏ လက်ရှိအကြပ်အတည်းမှာ “ကိုယ်ပိုင်ဖန်တီးမှု” ကြောင့်ဖြစ်ကြောင်း သူကပြောကြားခဲ့ပြီး ယူကရိန်းစစ်ပွဲကြောင့် ပိုမိုဆိုးရွားလာကာ အစာရေစာပြတ်လပ်မှုသည် ၂၀၂၄ ခုနှစ်အထိ ဆက်လက်ရှိနေနိုင်တယ်လို့ သူက ပြောပါတယ်။ 

ရုရှားက သီရိလင်္ကာကို ဂျုံတင်ပို့မှုပြုလုပ်ရန်လည်း ကမ်းလှမ်းခဲ့တယ်လို့ အေပီသတင်းမှာ ဖော်ပြခဲ့ပါတယ်။ 

သီရိလင်္ကာသည် အရှေ့အလယ်ပိုင်းနိုင်ငံမှ ပေးသွင်းသူများထံမှလည်း ရေနံနှင့် ကျောက်မီးသွေးကို ရယူရန် ကြိုးပမ်းခဲ့ဖူးပါသေးတယ်။ 

တာဝန်ရှိသူများက ပုဂ္ဂလိက တင်သွင်းသူများနှင့် ညှိနှိုင်းနေသော်လည်း ၎င်းတို့ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုမှာ ရေနံအများအပြားကို အီရန်သို့ အလွတ်သဘော သို့မဟုတ် ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်သည့် အရင်းအမြစ်များလည်းရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

ဖေဖေါ်ဝါရီလနှောင်းပိုင်းက ယူကရိန်းကို ရုရှားမှ ကျူးကျော်ဝင်ရောက်လာချိန်မှစ၍ ကမ္ဘာ့ရေနံဈေးများ တဟုန်ထိုး တက်လာခဲ့တာဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.