တရုတ်နဲ့ ထိတွေ့ဆက်ဆံဖို့ ဆန္ဒရှိနေပြီး ဆွေးနွေးဖို့ တံခါးပိတ်မထားဘူးလို့ ထိုင်ဝမ်ဆို 

ထိုင်ဝမ် – ဇွန်(၁၄) 

ထိုင်ဝမ်နိုင်ငံက တရုတ်နိုင်ငံကို မျှခြေညီတဲ့ အခြေခံနဲ့ နိုင်ငံရေးဆိုင်ရာ ကြိုတင်သတ်မှတ်ချက် တွေမပါဘဲ စိတ်စေတနာ အရင်းခံပြီး တွေ့ဆုံညှိနှိုင်းဖို့ ဆန္ဒရှိတယ်လို့ ဝန်ကြီးချုပ် ဆူဇန်ချမ်း က ပြောခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ တရုတ်နိုင်ငံက ထိုင်ဝမ်ကို သူတို့ရဲ့ အချုပ်အခြာအာဏာကို လက်ခံဖို့အတွက် နိုင်ငံရေးနဲ့ စစ်ရေးအရ ဖိအားပေးလုပ်ဆောင်လာတာတွေရှိနေတာပါ။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက စင်္ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရှန်ဂရီလာ လုံခြုံရေးထိပ်သီးအစည်းအဝေးမှာ တရုတ်ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်း ရေးကို တောင်းဆိုခဲ့ပြီး တခြားရွေးချယ်စရာတွေကိုလည်း သီးသန့်ထားရှိတယ်လို့ ဆိုထား ပါတယ်။ 

လုံခြုံရေးအကြောင်းပြချက်နဲ့ ထိုင်ပေက ဂရူဂါငါးတွေတင်သွင်းတာကို တရုတ်နိုင်ငံက တားမြစ်ခဲ့ပြီးနောက် တိုင်ပေမှာ နိုင်ငံရေးအရ လှုံဆော်မှု လို့ခေါ်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ် နေပြီး ထိုင်ဝမ်ကတော့ တရုတ်နိုင်ငံအပေါ်အမြဲတမ်း စေတနာ ရှိတယ်လို့ သတင်ထောက်တွေကို ပြောဆိုထားပါတယ်။ 

တန်းတူညီမျှမှု၊အပြန်အလှန်ထိန်းကြောင်းမှုနဲ့ နိုင်ငံရေးဆိုင်ရာ သတ်မှတ်ချက်တွေ မရှိသရွှေ့ တရုတ်နဲ့ ချစ်ကြည်ရေးဆက်ထိန်းသွားဖို့ ဆန္ဒရှိတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က လူသိ ရှင်ကြား ပြောဆိုဖူးပါတယ်။ 

“စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ရန်စမှုတွေအပြင် နိုင်ငံရေးအရ ထိုင်ဝမ်ကို တရုတ်ရဲ့ နှောင့်ယှက်မှုတွေနဲ့ ပတ်သက်လို့ ယုတ္တိမတန်ဆုံးကတော့ တရုတ်ပါပဲ” လို့ သူက ထိုင်ဝမ်သမ္မတက ပြောပါတယ်။ 

ဒါ့အပြင် ထိုင်ဝမ်ပြည်သူတွေသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်ပြီး တရုတ်နဲ့ ငြိမ်းချမ်း ရေးကို လိုလားနေချိန်မှာ တိုက်ခိုက်ခံရရင် ပြန်လည်ခုခံကာကွယ်သွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

တရုတ်နဲ့ ထိုင်ဝမ်ဟာ တစ်ပြည်ထောင်တည်းဆိုတာလက်ခံဖို့ ငြင်းဆိုထားတဲ့ ခွဲထွက်ရေးသမား အဖြစ် သမ္မတကို ရှုမြင်ထားပြီး ၂၀၁၆ ခုနှစ် ပထမဆုံးအရွေးခံရပြီးကတည်းက တရုတ်ဟာ သူမနဲ့ စကားပြောဆိုဖို့ ငြင်းဆိုထားပါတယ်။ 

အာရှမှာ အလွတ်လပ်ဆုံးနဲ့ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံမှာ နေထိုင်ကြတဲ့ ထိုင်ဝမ်လူမျိုး တွေကတော့ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုကို လက်ခံကြပါဘူး။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.