စတော့ဟုမ်း – ဇွန်(၁၄) 

ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့ အရေးကြောင့် ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာ တာဟာ (၃၅) နှစ်အတွင်း ကျဆင်းလာတဲ့ နျူကလီးယားလက်နက်တပ်ဆင်မှုကို လာမယ့် ဆယ်စု နှစ်အတွင်း အရေအတွက်ပိုတိုးလာစေလိမ့်မယ်လို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု(SIPRI) က သုတေတီတွေက ထောက်ပြလိုက်ပါတယ်။ 

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ဗြိတန်၊တရုတ်၊ပြင်သစ်၊အိန္ဒိယ၊ အစ္စရေး၊မြောက်ကိုရီးယား၊ပါကစ္စတန် နဲ့ရုရှားနိုင်ငံတို့က ၂၀၂၂ ခုနှစ်အစောပိုင်း မှာ နျူကလီး ယားထိပ်ဖူးပေါင်းသုံးရာကျော်လျှော့ချခဲ့ကြတယ်လို့ နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန  က အစီရင်ခံထားပါတယ်။ 

အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ရုရှားတို့က စစ်အေးတိုက်ပွဲအတွင်း လက်နက်ပိုင်ဆိုင် မှုကို တဖြည်းဖြည်းလျှော့ချခဲ့ကြပြီး ၁၉၈၆ ခုနှစ်နှာ နျူလက်နက် (၇၀၀၀၀) ကျော်ကနေ အရေ အတွက်တဖြေးဖြေးကျဆင်းလာခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ 

“စစ်အေးတိုက်ပွဲ ပြီးကတည်းက လျော့ကျလာနေတဲ့ ကမ္ဘာလုံးဆိုင်ရာ နျူကလီယားလက်နက် အရေအတွက်ဟာ မကြာခင်မှာ  ပထမဆုံးအကြိမ် တိုးမြင့်လာနိုင်တဲ့ အနေအထားကို ရောက် တော့မယ်” လို့ အစီရင်ခံစာကို ရေးသားတဲ့ အရာရှိတစ်ဦးဖြစ်တဲ့   Matt Kordaက AFP သတင်း ဌာန ကို ပြောခဲ့ပါတယ်။ 

ယူကရိန်းစစ်ပွဲအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က နျူလက်နက်အသုံးပြုတာနဲ့ ပတ်သက် ပြီး အကြိမ်ကြိမ်ပြောဆိုတာတွေရှိနေပါတယ်။ 

ဒါ့အပြင် တရုတ်၊ဗြိတိန်နဲ့ နိုင်ငံတော်တော်များများကလည်း သူတို့ရဲ့ လက်နက်တွေကို တရားဝင် ရောတရားမဝင်ပါ အဆင့်မြှင့်တင်နေကြတယ်လို့ သုတေသန အင်စတီကျုက ပြောထားပါတယ်။

ယူကရိန်း-ရုရှားစစ်ပွဲကြောင့် လာမယ့်နှစ်တွေမှာ လက်နက်ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုရဖို့ ခက်ခဲ့နိုင်ပြီး ပူတင်က သူ့ရဲ့ နျူကလီးယားလက်နက်အသုံးပြုမယ်အကြောင်း မကြာခဏ ပြောဆိုနေတာကြောင့်ဖြစ်တယ်လို့ Korda က ပြောပါတယ်။ 

ကုလသမဂ္ဂနျူကလီးယားလက်နက်တားမြစ်ရေးစာချုပ်နဲ့ အမေရိကန်-ရုရှား “နယူးစတင်” စာချုပ်ကို ငါးနှစ်သက်တမ်းတိုးဖို့ ၂၀၂၁ ခုနှစ်အစောပိုင်းက အသက်ဝင်နေသေးပေမယ့် လက်ရှိအခြေအနေမှာတော့ အချိန်အတော်ကြာေအာင် ဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာ့နျူကလီးယားလက်နက် (၉၀) ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားပြီး ရုရှားဟာ ၂၀၂၂ ခုနှစ်အစောပိုင်းမှာ နျူ ထိပ်ဖူး (၅၉၇၇) ခုပိုင်ထားတဲ့ အတွက် အကြီးမားဆုံးနျူကလီးယားစမ်းအင်ရှိတဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ 

ကိန်းဂဏန်းတွေအရ နျူလက်နက်ပိုင်ဆင်မှုမှာ အမေရိကန်နဲ့ ရုရှားပြီးရင် တရုတ်က နျူလက် နက် (၃၅၀) နဲ့တတိယနိုင်င့မှာ ရှိနေပြီး ပြင်သစ်၊ဗြိတိန်၊ပါကစ္စတန်၊အိန္ဒိယနဲ့ အစ္စရေးတို့ က အသီးသီးရပ်တည်နေကြပါတယ်။ 

မြောက်ကိုရီးယားကတော့ ကင်ဂျုံအန်ရဲ့ ကွန်မြူနစ်အစိုးရလက်ထက်မှာ နျူကလီးယား ထိပ်ဖူး အလုံး(၂၀) ရှိနေပြီး နောက်ထပ်အလုံး(၅၀) လောက်ထုတ်လုပ်ဖို့ ရှိနေတယ်လို့ ခန့်မှန်းထားကြပါ တယ်။ 

၂၀၂၂ ခုနှစ်အစောပိုင်းမှာ ကုလသမဂ္ဂလုံခြုဲံရေးကောင်စီရဲ့ နျူကလီးယားလက်နက် အမြဲတမ်း အဖွဲ့ဝင် (၅) နိုင်ငံဖြစ်တဲ့ ဗြိတိန်၊တရုတ်၊ပြင်သစ်၊ရုရှားနဲ့ အမေရိကန်တို့က နျူကလီးယားကြောင့် စစ်ပွဲတွေမဖြစ်စေရဘူးလို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

လက်ရှိမှာတော့ ဒီငါးနိုင်ငံလုံးက နျူလက်နက်တွေကို တိုးချဲ့တာနဲ့ ပိုမို ခေတ်မီအောင် လုပ်နေ တွေကို မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်နေပြီး စစ်ရေးဗျူဟာ မြောက် နျူလက်နက်တွေ ပိုမို အားကောင်းလာတယ်လို့ SIPRI က မှတ်ချက်ပြုထားပါတယ်။ 

တရုတ်ကတော့ နျူကလီးယားလက်နက်တိုးချဲ့မှုကို ပုံမှန်ပြုလုပ်နေပြီး ဂြိုလ်တုဓာတ်ပုံတွေ အရ စက်ရုံ (၃၀၀) ကျော်တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ 

ပင်တဂွန်စစ်ဌာနချုပ်အဆိုအရ တရုတ်အနေနဲ့ ၂၀၂၇ ခုနှစ်မှာ နျူကလီးယားလက်နက် (၇၀၀) လောက်အထိပိုင်ဆိုင်လာဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.