ကီးယက် – ဇွန်(၁၂) 

ရုရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ နိုင်င့အရှေ့ဘက်ကို ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် လက်နက် တွေကို မြန်မြန်ဆန်ဆန်ပို့ဆောင်ပေးဖို့နဲ့ တိုးပွားလာတဲ့ ရောဂါတွေကို တိုက်ဖျက်ဖို့အတွက် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ထောက်ပံ့ပေးဖို့ အနောက်နိုင်ငံတွေကို ယူကရိန်းက တောင်းဆိုလိုက်ပါတယ်။ 

အမေရိကန်နဲ့ တခြားနိုင်ငံတွေအနေနဲ့ ဒုံးပျံစနစ်တွေအပါအဝင် ပိုမိုကောင်းမွန်တဲ့ လက်နက်တွေ ထောက်ပံ့ပေးဖို့ ကတိကဝတ်တွေ ဖြည့်ဆည်းပေးမှသာ ရုရှားရဲ့ ထိုးစစ်ကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ယူကရိန်းအရာရှိတွေက ပြောခဲ့ပါတယ်။ 

“ဒါက အမြောက်စစ်ပွဲပါပဲ၊ ယူကရိန်းပိုင် အမြောက်တစ်စင်းနှင့် ရုရှအမြောက် ၁၀ ခုကနေ ၁၅ ခုအထိသာ  ရှိတဲ့အတွက် အခုချိန်မှာ အရာအားလုံးဟာ အနောက်နိုင်ငံက ငါတို့ကို ပေးမယ့်အရာပေါ်မှာဘဲ မူတည်တယ်။ “ဟု ယူကရိန်း စစ်ထောက်လှမ်းရေး လက်ထောက်အကြီးအကဲက ဂါးဒီယမ်းသတင်းစာကို ပြောခဲ့ပါတယ်။ 

ရုရှားကျူးကျော်ပြီး နောက်ပိုင်း လက်နက်အများဆုံး တင်ပို့သူဖြစ်တဲ့ ဂျာမနီနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတွေမှာ လက်နက်တပ်ဆင်မှု ပိုမိုလွယ်ကူစေဖို့ လက်နက်တင်ပို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပြီး နှောင့်နှေး နေတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတယ်လို့ ဂျာမနီ သတင်းဌာန တစ်ခုက ဖော်ပြထားပါတယ်။ 

ရုရှားတပ်တွေဝန်းရံထားတဲ့ တောင်ပိုင်း မာရီယူပူးမြို့မှာ ရေဆိုးသန့်စင်တဲ့ စနစ်တခုလုံး ပျက်ဆီးနေပြီး အလောင်းတွေဟာ လမ်းပေါ်မှာ ပုပ်ပွနေသလို တချို့ရေတွင်းတွေဟာလည်း အလောင်းတွေနဲ့ ညစ်ညမ်းမှုတွေရှိနေတယ်လို့ သိရပါတယ်။ 

“ဝမ်းကိုက်ရောဂါနဲ့ ကာလဝမ်းရောဂါတွေ ဖြစ်ပွားနေပါတယ်၊ နေထိုင်သူ ၂၀၀၀၀ ကျော်ကို ခေါ်ယူသွားတဲ့ ဒီစစ်ပွဲဟာ ကံမကောင်းစွာပဲ ဒီရောဂါကူးစက်မှုနှင့်အတူ နောက်ထပ်ထောင် ပေါင်းများစွာသော မာရီယူပူးမြို့သားအတွက် တောင်းဆိုရပါလိမ့်မယ်”လို့ မာရီယူပူး မြို့တော်ဝန်က ပြောဆိုခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ရုရှားထိန်းချုပ်မှုအောက်မှာ ကျန်ရှိနေတဲ့သူတွေကို မြို့က ထွက်ခွါခွင့်ပြုဖို့ ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စင်္ကြံတစ်ခု ထူထောင်ဖို့ မြို့တော်ဝန်က တောင်းဆိုထားပါသေးတယ်။ 

စစ်ပွဲရဲ့ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုတွေကြောင့် ယူကရိန်းနဲ့ ရုရှားတို့က ဂျုံနဲ့ စားနပ်ရိက္ခာ ကုန်ပစ္စည်းတွေ တင်ပို့မှု လျှော့ချခဲ့တဲ့အတွက် လာမယ်နှစ်မှာ ကမ္ဘာတဝန်းက လူ(၁၉) သန်းအထိ ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီက ပြော ဆိုထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.