စင်ကာပူ၊ ဇွန် ၁၁

အမေရိကန် ကာကွယ်ရေးဝန်ကြီးနှင့် စင်္ကာပူ ကာကွယ်ရေးဝန်ကြီးတို့ ဇွန်လ ၁၀ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား နီးကပ်သော ဆက်ဆံရေးကို ထပ်မံအတည်ပြုခဲ့ကာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမယ့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါတယ်။ 

အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်ရဲ့ စင်ကာပူနိုင်ငံ တရားဝင် ခရီးစဉ်အတွင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ဒေါက်တာနောင်းကို ရှန်ဂရီလာဟိုတယ်မှာ တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာ စတင်ကျင်းပမယ့် (၁၉) ကြိမ်မြောက် ရှန်ဂရီလာဆွေးနွေးပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။ 

ဒေါက်တာနောင်း နှင့် မစ္စတာ အော်စတင်တို့မှ ကောင်းမွန်သော နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးရှိတဲ့ မိတ်ဖက်ဆက်ဆံရေးကို ထပ်လောင်း အတည်ပြုခဲ့တယ်” လို့ ကာကွယ်ရေး ဝန်ကြီးဌာန (MINDEF) က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

နှစ်ဖက်တွေ့ဆုံစဉ် ဒေါက်တာနောင်းက အမေရိကန်ပြည်ထောင်စုအနေနဲ့ စင်ကာပူစစ်တပ်လေ့ကျင့်ရေးအတွက် ပံ့ပိုးကူညီမှု အပါအဝင် စင်္ကာပူလေတပ် (RSAF) ၏ F-35B ဂျက်လေယာဉ် ဝယ်ယူခြင်းနှင့် လည်ပတ်ခြင်းအတွက် အမေရိကန်၏ ခိုင်မာသောပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် သြဂုတ်လက ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲပြီးနောက် နောက်ဆက်တွဲကိစ္စရပ်များ အပါအဝင် စင်ကာပူနှင့် အမေရိကန်တို့ကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမဲ့ နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန (MINDEF) မှ ပြောကြားခဲ့ပါတယ်။ 

မစ္စတာအော်စတင်က အာရှ-ပစိဖိတ်ဒေသကို ထိတွေ့ဆက်ဆံခြင်းနှင့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ခိုင်မာသောအခန်းကဏ္ဍမှ ပါဝင်ခြင်းအတွက် အမေရိကန်၏ ကတိကဝတ်များကိုလည်း ထပ်မံအတည်ပြုခဲ့ပါသေးတယ်။ 

ကိုဗစ်-၁၉ ကာလအတွင်းမှာတောင် အမေရိကန်ရဲ့ ဒေသတွင်းတည်ရှိမှုအတွက် စင်္ကာပူရဲ့ ပံ့ပိုးကူညီမှုတွေကို ကျေးဇူးတင်ရှိကြောင်းလည်း သူကပြောကြားခဲ့ပါတယ်။ 

ထို့အပြင် တည်ငြိမ်သောကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးအတွက်သာမက ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် စုပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း အတည်ပြုဆွေးနွေးခဲ့ကြပါတယ်။ 

စင်ကာပူကို လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဓိကမိတ်ဖက်အဖြစ် အသိအမှတ်ပြုသည့် ၂၀၀၅ ခုနှစ် မဟာဗျူဟာ မူဘောင် သဘောတူညီချက် နှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေး နယ်မြေများတစ်လျှောက် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ပေးတဲ့ ၂၀၁၅ ကာကွယ်ရေးဆိုင်ရာ တိုးမြှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် ဇီဝလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အသစ်များကိုလည်း ချမှတ်ခဲ့ကြပါတယ်။ 

ယခုခရီးစဉ်အတွင်း မစ္စတာ အော်စတင်သည် မစ္စတာလီအား ဖိတ်ကြားတွေ့ဆုံမည်ဖြစ်ပြီး ဇွန်လ ၁၁ ရက် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စု၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာအတွက် နောက်ခြေလှမ်းများ ခေါင်းစဉ်ဖြင့် မျက်နှာစုံညီအစည်းအဝေးတွင်လည်း မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.