ကွာလာလမ်ပူ – ဇွန်(၁၁) 

တရားရုံးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ချမှတ်ရမယ့် အစားထိုး ပြစ်ဒဏ်နဲ့ အတူ သေဒဏ်ကို ဖျက်သိမ်းဖို့ မလေးရှားနိုင်ငံအစိုးရက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ပါတယ်။ 

လွှတ်တော်နဲ့ ဥပဒေ ဌာနက ဝန်ကြီး ဒေါက်တာ ဝမ်ဂျူနိုင်ဒီတွမ်ကူဂျာဖာက အစိုးရအဖွဲ့ အစည်းအဝေးမှာ အစားထိုးပြစ်ဒဏ်တွေလေ့လာတဲ့ အစီရင်ခံစာကို တင်ပြပြီးနောက် ဒီဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ။ 

“အစီရင်ခံစာမှာ ရှင်းပြထားတဲ့ သေဒဏ်ပြစ်ဒဏ်အထူးကော်မတီရဲ့ အကြံပြုချက်တွေကို အစိုးရက မူအားဖြင့် လက်ခံထားပြီးဖြစ်ပါတယ်” လို့ ဝန်ကြီးဒေါက်တာ ဝမ်ဂျူနိုင်ဒီက ပြောပါတယ်။ 

အထူးကော်မတီကို တရားရေးချုပ်ဟောင်းတွန်းရစ်ချက်မာလန်ဂျွန်က ဦးဆောင်ပြီး ဥပဒေနယ်ပယ်ကျွမ်းကျင်သူတွေဖြစ်တဲ့ မလေးရှားတရားလွှတ်တော်ချုပ်ဟောင်း၊ တရားရုံး ရှေ့နေချုပ်ဟောင်း၊ဥပဒေပညာရှင်များ၊ထိပ်တန်းအဖွဲ့အစည်းတွေက ဥပဒေကထိကများ၊ ရာဇဝတ်မှုဗေဒပညာရှင်များနဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မလေးရှားမှာ သေဒဏ်ပေးရမယ့် ပြစ်မှု (၁၁) မှုအပါအဝင် ၁၉၅၂ မူးယစ်ဆေးဝါးအန္တရာယ် အက်ဥပဒေပုဒ်မ ၃၉(B) အက်ဥပဒေပုဒ်မ (၂၃၄) နဲ့ တရားရုးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ သေဒဏ်ချမှတ်တဲ့ ပြစ်မှု (၂၂) မှုတို့အတွက် အဆိုပြုထားတဲ့ အစားထိုး ပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး ထပ်မံစိစစ်လေ့လာဖို့ အစိုးရအဖွဲ့က သဘောတူညီထားတယ်လို့ သိရပါတယ်။ 

“ရှေ့နေချုပ်ရုံးများ၊ ဝန်ကြီးချုပ်ရုံး၏ ဥပဒေရေးရာဌာနခွဲနှင့် အခြားစိတ်ပါဝင်စားသော ဝန်ကြီးဌာနများ သို့မဟုတ် ဌာနဆိုင်ရာများ ပူးပေါင်း၍ နောက်ထပ်လေ့လာမှုတစ်ခုလည်း ထပ်မံပြုလုပ်မှာဖြစ်တယ်” လို့ ဒေါက်တာ ဝမ်ဂျူနိုင်ဒီက ပြောပါတယ်။ 

ဒါ့အပြင် အစိုးရအနေနဲ့ နိုင်ငံအတွင်း ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ရဲ့ လမ်းညွှန်မှု ဖြစ်နိုင်ခြေကို လေ့လာဖို့အပြင် စီရင်ချက်မချမီ လုပ်ထုံးလုပ်နည်း ချမှတ်တာ စီရင်ချက် ချမှတ်ခြင်းကောင်စီဖွဲ့စည်းတာ ၊စီရင်ချက်ချဖို့ လမ်းညွှန်ချက်တွေ ရေးဆွဲတာ၊ ဥပဒေ ကော်မရှင်ဖွဲ့စည်းတာ ၊ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး နဲ့ ပြည်လည်ထူထောင်ရေးဆိုင်ရာ တရားမျှတမှုကို အခြေခံတဲ့ ပြစ်ဒဏ်ချမှတ်နိုင်မယ့် ဖြစ်နိုင်ချေတွနဲ့ ပတ်သက်ပြီး လေ့လာသွား မှာ ဖြစ်တယ်လို့ သူကပြောပါသေးတယ်။ 

အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ် ပိုမိုကောင်းမွန်လာ မယ့် ဦးဆောင်မှုမှာ ပွင့်လင်းမြင်သာမှု ကိုရောင်ပြန်ဟပ်တဲ့ သက်ဆိုင်ရာ ဘက်အားလုံးကို ကာကွယ်ဖို့နဲ့ အခွင့်အရေးတွေကို အာမခံဖို့ ဖြစ်တယ်လို့ မလေးရှားဥပဒေဝန်ကြီးက ဆိုပါတယ်။ 

ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်မှာ စနစ်တကျနဲ့ ထိရောက်တဲ့ အပြောင်းအလဲအတွက် အခြေခံဖြစ်တဲ့ အစီရင်ခံစာထုတ်ပြန်ရာမှာ အထူးကော်မတီရဲ့ ကတိကဝတ်ကို အစိုးရက ကျေးဇူးတင်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ 

“သက်ဆိုင်ရာအက်ဥပဒေများပြင်ဆင်ချက်သည် ‘အချိုးညီမှု’ အခြေခံမူများနှင့် နောက်ပိုင်းတွင် အစိုးရထံ အဆိုပြုချက်တိုင်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းစဉ်းစားရန် ဤလုပ်ဆောင်ချက်သည် အလွန်အရေးကြီးပါတယ်” လို့ ဝန်ကြီး ဒေါက်တာ ဝမ်ဂျူနိုင်ဒီက ပြောခဲ့ပါတယ်။

Ref: The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.