ကိုလံဘို – ဇွန်(၁၁) 

သီရလင်္ကာသမ္မတနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းရဲ့ အကိုဖြစ်သူ Basil Rajapaksa ဟာ ပြင်းထန် တဲ့ စီးပွားရေးအကြပ်အတည်းအတွင်း အစိုးရက နှုတ်ထွက်ခဲ့ပြီး ဩဇာကြီးမားတဲ့ မိသားစု က ဒုတိယနိုင်ငံရေးသမား ပါလီမန်က နှုတ်ထွက်တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

နိုင်ငံရဲ့ စီးပွားရေးအကြပ်အတည်းကို ကာလရှည်ကြာ ဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် သမ္မတ Gotabaya Rajapaksa ရဲ့ အကိုဖြစ်သူ မဟင်ဒါ ဟာ ပြီးခဲ့တဲ့ လက ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ခဲ့ပြီး ပါလီမန်အမတ်အဖြစ် ဆက်ရှိနေခဲ့ပါတယ်။ 

“ဒီနေ့ကစပြီး ကျွန်တော်ဟာ အစိုးရရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် နိုင်ငံရေးကနေ ရုန်းမထွက်နိုင်ပါဘူး” လို့ Rajapaksa က သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။ 

Rajapaksa မိသားစုဟာ သီရိလင်္ကာနိုင်ငံရေးမှာ ဆယ်စုနှစ်များစွာ အဓိက ကျခဲ့သူတွေဖြစ်ပေ မယ့် ပြီးခဲ့တဲ့ လပိုင်းက ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ နိုင်ငံရဲ့ စီပွားရေးကို အလွဲသုံးစား လုပ်တယ်ဆိုပြီး အပြစ်တင်ထားကြပါတယ်။ 

သီရိလင်္ကာနိုင်ငံမှာ စံချိတ်တင်ငွေကြေးဖောင်းပွမှုနဲ့ လောင်စာဆီ၊ဆေးဝါးနဲ့ တခြားလိုအပ်တဲ့ ပစ္စည်း တွေဆိုးရွားစွာ ပြတ်တောက်မှုနဲ့အတူ နိုင်ငံရဲ့ နှစ်(၇၀) အတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေး မတည်ငြိမ်မှုကို ပြည်သူတွေခံစားနေရပြီး ပြင်းထန်တဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းချို့တဲ့ခဲ့မှု ကြောင့် သွင်းကုန်တွေလည်း ရပ်တန့်နေပါတယ်။ 

ဝန်ကြီးချုပ်သစ် Ranil Wickremesinghe ဟာ အကြပ်အတည်းက လွတ်မြောက်ဖို့ အတွက် ကြိုးပမ်းမှုတွေကို ဦးဆောင်နေပြီး ချေးငွေအစီအစဉ်အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊အိန္ဒိယ နဲ့ တရုတ်အပါအဝင် ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေက ပံ့ပိုးကူညီမှုတွေ ပြုလုပ် နေပါတယ်။ 

ပါလီမန်မှာ ထိုင်ခံတစ်ခုတည်းသာရှိတဲ့ Wickremesinghe ဟာ Basil ကို နိုင်င့ရေး အင်အားစု အဖြစ် ပြန်လည်တည်ဆောက်ဖို့ ကူညီပေးခဲ့တဲ့ အတွက် လက်ရှိအာဏာရ Podujana Persmuna (SLPP) ပါတီကို မှီခိုနေရပါတယ်။ 

“BR သည် လွှတ်တော်အမတ်မဖြစ်ဘဲ သီရိလင်္ကာနိုင်ငံရေးတွင် တွန်းအားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေလိမ့်မည်” လို့ Colambo Think-tank Center For Policy Analysis မှ အကြီးတန်းသုတေသီ Bhavani Fonseka က အကိုကောက်နဲ့ Basil ကို ရည်ညွှန်းပြောဆို ခဲ့ပါတယ်။ 

SLPP နဲ့ ညွန့်ပေါင်းလုပ်ဖော်ကိုင်ဖက်တွေဟာပါလီမန်မှာ ထိုင်ခုံ  (၂၂၅) ခုံကို သက်သောင့် သက်သာ ရရှိထားပြီး အရင်းအမြစ်အများအပြားဟာ Basil ကို သစ္စာစောင့်သိ နေကြဆဲ ဖြစ်တယ်လို့ Reuters သတင်းဌာနကို ပြောခဲ့ဖူးပါတယ်။ 

အသက် (၇၀) အရွယ် Basil ဟာ ယခုနှစ် ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထင်ရှားတဲ့ နိုင်ငံရေး ဗျူဟာ မြောက်သူ တစ်ဦးဖြစ်ပါတယ်။ 

Ref:Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.