ဆိုးလ် – ဇွန်(၁၁)

တောင်ကိုရီးယားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ အချုပ်မှာဖမ်းဆီးခံထားရတဲ့ ဗီဇာမဲ့ မြန်မာ နိုင်ငံသား (၃) ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက ပြန်လည် လွတ် မြောက်အောင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံသား (၃) ဦးဟာ ဒယ်ဂျွန်းမြို့မှာ နေထိုင်ပြီး အလုပ်လုပ်နေတာဖြစ်ပြီး ကိုရီးယား လူဝင်မှုကြီးကြပ်ရေးက တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခဲ့တဲ့ အတွက် မြန်မာရွှေ့ပြောင်းအလုပ် သမားရေးရာကော်မတီ(ကိုရီးယား) ကအမျိုးသားညီညွတ်ရေးအစိုးရ မြန်မာ ကိုယ်စားလှယ်ရုံး ကို ဆက်သွယ်အကူအညီတောင်းခံခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် ဗီဇာမဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာ၊ အိမ်ပြန်ပို့တာတွေမပြုလုပ်ရေးနဲ့ အထောက်အထားခိုင်လုံမှုရှိရင် နေခိုင်ခွင့်/ခိုလှုံခွင့် လျှောက် ထားနိုင်ရေးအတွက် ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးချိန်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား တွေ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေပြန်လည်လွတ်မြောက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာကိုယ်စားလှယ် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားရေးရာတာဝန်ခံ ဦးမျိုးဟိန်းက ဒယ်ဂျွန်း လ.ဝ.က ရုံးမှာ သွားရောက်ဆောက်ရွက်ပေးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို သံလွင်တိုင်းမ်သတင်းဌာန အနေနဲ့ တခြားနိုင်ငံတွေမှာ ဖမ်းဆီးခံနေရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.