Two of five police officers who are accused of jointly accused of murdering a suspect are brought to Nakhon Sawan Provincial Court to request a remand in Nakhon Sawan province, Thailand, Thursday, Aug. 26, 2021. Thai authorities have arrested a number of police officers in connection with the death of a drug dealer who was allegedly killed while being shaken down in custody for cash, but were still searching Thursday for a few more. (AP Photo/Surat Sappakun)

ဘန်ကောက် – ဇွန်(၁၀) 

ပြိုင်ကာတွေကိုကြိုက်တက်တဲ့ ထိုင်းနာမည်ကြီးရဲအရာရှိ “ဂျိုး ဖရာရီ” ဟာ မူးယစ်တရားခံ တစ်ဦး ကိုအသတ်သေဆုံးတဲ့အထိ ညှင်းပန်းနှိပ်စက်ခဲ့တဲ့အတွက် ဘန်ကောက်တရားရုံးတော်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရမယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။ 

ထစ်တီဆန်အွတ်ထနာဖွန်ဟာ ဖြစ်စဉ်တစ်ခုမှာ လူတစ်ဦးကို အသက်သေဆုံးတဲ့အထိ ညှင်းပန်း နှိပ်စက်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ ဘန်ကောက်တရားရုံးတော်က ရှာဖွေတွေ့ရှိခဲ့သလို အဲ့ဒီ ဖြစ်ရပ်ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ထိုင်းဘုရင့်နိုင်ငံအတွင်း အကျင့်ပျက် ချစားမှုတွေကို ပြည်သူလူထုက တဆင့်ထုတ်ဖော်ပြောဆိုလာခဲ့ပြီး ရှားပါတဲ့ လုပ်ဆောင်ချက် တစ်ခုအဖြစ် မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ 

ဗီဒီယိုမှတ်တမ်းတစ်ခုမှာ ထစ်တီဆန်နဲ့ တခြားအရာရှိ(၆) ဦးဟာ စစ်ကြောရေးလုပ်နေစဉ် အသက်(၂၄) နှစ်အရွယ် ဂျီရာပွန် ထန်နာပတ်ရဲ့ ဦးခေါင်းကို ပလတ်စတစ်အိတ် (၇) လုံး စွပ်ခဲ့ တဲ့အတွက် မွန်းသတ်စေတဲ့ သဘောမျိုးသက်ရောက်ခဲ့သလို အမေရိကန် ဒေါ်လာ(၆) သောင်း ပေးဖို့ တောင်းဆိုနေစဉ်မှာ သံသယ ရှိသူဟာ အသက်သေဆုံးသွားခဲ့ရတာပါ။ 

အကျင့်ပျက်ချစားမှုနဲ့ အမှုဖြစ်စဉ်ကို အလွဲသုံးစားလုပ်ခဲ့တဲ့အတွက် ဘန်ကောက်ဗဟိုပြစ်မှု ရုံးတော်က အသက်(၄၁) နှစ်အရွယ် ဂျိုးဖရာရီ ကို သေဒဏ်ချမှတ်ခဲ့ပေမယ့် ချက်ချင်းဆို သလို တစ်သက်တစ်ကျွန်းထောင်ဒဏ်အမိန့်ပြင်ဆင်ခဲ့ပါတယ်။ 

“ဒီရုံးချိန်းအတွင်းမှာ ကျွန်ုပ်တော်တို့ အကူအညီမဲ့တယ်လို့ ခံစားရတယ်၊ ပြီးတော့ ကျွန်ုပ် အမျိုးသမီး ကလည်း ငိုနေခဲ့ပါတယ်။ အရာရှိ ၇ ဦးစလုံးက သူတို့သင်ခန်းစာယူပြီး သူတို့ ပြစ်မှုအတွက် ပြန်ပေးဆပ်သင့်တယ်” လို့  အသက်သေဆုံးခဲ့သူ သံသယ တရားခံအမှုသည် ဖခင် ဂျက်ကရစ် ကလန်ဒီ က တရားရုံးပြင်ပ မှာ ပြောဆိုခဲ့ပါတယ်။ 

ထစ်တီဆန်ဟာ တရားခံကို အသက်ရှင်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ပြီး မိသားစုကို အသုဘစရိတ်ပေးအပ်ခဲ့ပြီးဖြစ်တဲ့အတွက် သေဒဏ်အမိန့်အစားတစ်သက်တစ်ကျွန်း ထောင်ဒဏ်အဖြစ်ရုံးတော်က လျှော့ချခဲ့တာပါ။ 

အဲ့ဒီအမှုဖြစ်စဉ်မှာ ပါဝင်တဲ့ အခြားအရာရှိ(၆) ဦးကိုလည်း အသက်သေစေမှုနဲ့ ပြစ်ဒဏ် စီရင်ခဲ့ ပြီး တစ်သက်တစ်ကျွန်းအမိန့်ပြောင်းလဲခဲ့ပါတယ်။ (၇) ဦးမြောက် ပါဝင်တဲ့ အရာရှိကိုတော့ သူ့ရဲ့ သက်သေခံချက်နောက်ဆက်တွဲအရ ထောင်ဒဏ်(၅) နှစ် (၄) လ ကျခံစေဖို့ အမိန့်ချထား ပါတယ်။ 

ရှေ့နေတွေရဲ့ ပြောဆိုချက်တွေအရ ထစ်တီဆန်နဲ့ တခြားသော အရာရှိတွေဟာ ဂျူရီတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အယူခံဝင်ဖို့ အချိန်တစ်လရထားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ဩဂုတ်လက အကြမ်းဖက်စစ်ဆေးမှု ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြီးနောက် ဘန်ကောက်အိမ်ယာနဲ့ ဇိမ်ခံကားတွေပိုင်ဆိုင်ထားတဲ့ ထိုင်းမြောက်ပိုင်းခရိုင်ဒေသန္တရ နခွန်ဆဝန်ရဲ့ ခရိုင်အဆင့်မြင့် အကြီးတန်း ရဲ အရာရှိဟာ ရဲတပ်ဖွဲ့ထံကို သူကိုယ်တိုင် အဖမ်းခံခဲ့ပါတယ်။ 

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အဲ့ဒီပုဂ္ဂိုလ်က သံသယ တရားခံ ဂျီရာပွန်ရဲ့ သေဆုံးမှုဟာ မတော်တဆသာဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

လူ့အခွင့်အရေးလေ့လာစောင့်ကြည်သူတွေက သိက္ခာမရှိတဲ့ ဖြစ်ရပ်ကြောင့်င့် နားလည်ဖို့ ခက်ခဲတဲ့ အပေးအယူတွေနဲ့ အိတ်ဖောင်ရေးအတွက် တရားမဝင်တဲ့ အရာတွေကို လုပ်ဆောင်နေတယ် လို့ အချိန်ကြာမြင့်စွာ စွပ်စွဲခံထားရတဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေကို အသက်သွင်းလုပ်ဆောင်နေသော အေဂျင်စီတွေအပေါ် ယုံကြည်မှု ကင်းမဲ့စေတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

Ref: AFP/nh

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.