People wearing protective face masks walk on a street, after the lockdown placed to curb the coronavirus disease (COVID-19) outbreak was lifted in Shanghai, China June 7, 2022. REUTERS/Aly Song

ဘေဂျင်း – ဇွန်(၁၀) 

တရုတ်နိုင်ငံရဲ့ မြို့တစ်မြို့မှာ ဘယ်နေရာက ရောက်ရှိလာတာ ကို မမှန်းဆ နိုင်တဲ့ ကိုဗစ် – 19 ကူးစက်မှု အသစ်တွေဆက်တိုက်ဖြစ်ပွားနေတာကို တွေ့ရှိရတဲ့အတွက် အိမ်နီးချင်း မြောက်ကိုရီး ယားနိုင်ငံက တိုက်ခတ်လာတဲ့ လေကို သံသယရှိနေတယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။ 

လူဦးရေ(၂) သန်းကျော်ရှိတဲ့ ဒန်းဒေါင်းမြို့ကို ဧပြီလကုန်တည်းက လော့ခ်ဒေါင်းချထားပေမယ့် နေ့စဉ်ကူးစက်မှုတွေတိုးလာနေပြီး ပြီးခဲ့တဲ့ အပတ်က ရောဂါကူးစက်သူအများစုဟာ ရောဂါလက္ခ ဏာမပြမီလေးရက်အလိုမှာ သူတို့ရဲ့ အိမ်ခြံဝင်းအပြင်ဘက်တောင်မထွက်ကြတဲ့သူတွေဖြစ် တယ်လို့ ရောဂါထိန်းချုပ်ရေးစင်တာမှ သိရပါတယ်။ 

တရုတ်နိုင်ငံမြောက်ပိုင်းဒေသအပါအဝင် နိုင်ငံရဲ့ တခြားနေရာတွေမှာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေ ချိန်မှာ ကူးစက်မှုကွင်းဆက်ကို ရှာဖွေချိတ်ဆက်ဖိို့ မရနိုင်သေးဘူးလို့ တာဝန်ရှိသူတွေက ပြော ဆိုထားပါတယ်။ 

နှစ်နိုင်ငံနယ်စပ် ယာလူမြစ်ကမ်းနံဘေးမှာ နေထိုင်တဲ့ ဒေသခံတွေကို တောင်လေပြင်းတိုက်ခတ် တဲ့အချိန်မှာ ပြတင်းတံခါးတွေပိတ်ထားဖို့ မြို့တာဝန်ရှိသူတွေက တိုက်တွန်းတဲ့ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဒေသခံတွေကို ရောဂါစစ်ဆေးမှုတွေ မကြာခဏ ပြုလုပ်ဖို့လည်း တောာင်းဆို ထားတယ်လို့ အမည်မဖော်လိုတဲ့ ဒန်းဒေါင်းမြို့ခံတစ်ဦးက ပြောပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံက ဗိုင်းရပ်စ်ပိုးက လေထဲက သယ်ဆောင်ပျံ့နှံ့လာတယ်ဆိုပြီး ဒေသခံ တွေက သံသယရှိနေတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဖြစ်နိုင်ချေအပေါ်စဉ်းစားနေကြ တယ်လို့ သူကပြောပါသေးတယ်။ 

လေကတဆင့်ကူးစက်တာဟာ အလွန်ဝေးတဲ့အကွာအဝေးမှာ အထူးသဖြင့် ကြိမ်ဖန်များစွာ ထိတွေ့တာမရှိပဲ ကူးစက်မှု မဖြစ်နိုင်သလို သီအိုရီတွေကို အခြေခံထားတဲ့ အထောက်အထား မရှိဘူးလို့ သုတေသနပြုလုပ်ချက်တွေအရ သိရပါတယ်။ 

ဒါ့အပြင် ဗိုင်းရပ်စ်ပိုးဟာ လေထဲမှာ မီတာရာနဲ့ချီပြီး သွားလာနိုင်တယ်ဆိုတဲ့ မှတ်ချက်ကိုလည်း ဆိုရှယ်မီီဒီယာအသုံးပြုသူတွေက လှောင်ပြောင်ပြောဆိုထားကြပါတယ်။ 

တံခါးပိတ်ဝါဒကျင့်သုံးတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ဧပြီလနှောင်းပိုင်းကစပြီး ကိုဗစ် သံသယ လူနာ(၄) သန်းကျော်ရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန (KCNA) ကသတင်းထုတ်ပြန်ထားပါ တယ်။

နယ်စပ်မြို့နှစ်မြို့က ကျန်းမာရေးအာဏာပိုင် ကိုယ်စားလှယ်တွေက လေထဲမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ မသိရသေးဘူးလို့ ပြောဆို ထားကြပါတယ်။ 

ကူးစက်မှုအများစုကို တရုတ်နိုင်ငံနဲ့ မွန်ဂိုလီးယားကြားက အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်တဲ့ အီရန်ဟော့မြို့မှာ တွေ့ရှိရပြီး ကူးစက်ခံရသူလူဦးရေ (၇၄၁၇၉) အထိရှိခဲ့သလို မြို့တော် ဘေဂျင်းမှာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းအပါအဝင် လွတ်လပ်စွာ သွားလာခွင့်ပြုထားတာကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြန်လည်ကန့်သတ်ခဲ့ပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.