ဘန်ကောက် – ဇွန်(၁၀)

 ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်က ပယ်ဖျက်လိုက်ချိန်မှာ ထိုင်းနိုင်ငံ တစ်ဝှမ်းက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၄၂၀၀) ကျော် ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ 

ဆေးခြောက်နဲ့ ပတ်သက်တဲ့ အမှုကိစ္စတွေက အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ သူတို့ရဲ့ ပြစ်ဒဏ် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အကူအညီတွေပေးအပ်ထားတယ်လို့ ပြုပြင်ရေး ဌာန လက်ထောက်ညွှန်ကြားရေးမှူး တာဝါချိုင်ဝပ်က ပြောပါတယ်။ 

ပြစ်ဒဏ်ကျခံရသူတွေရဲ့ လွတ်မြောက်ရေးအတွက် စစ်တမ်းကောက်ယူပြီးတဲ့ အကျဉ်းသားစာ ရင်းတွေကို တရားရုံးတွေကို ပို့ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံမှာ ဆေးခြောက်ပြစ်မှုတစ်ခုတည်းနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားစုစုပေါင်း (၃၀၇၁) ဟာ ဇွန်လ(၉) ရက်နေ့မှာ နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်တွေကနေ ပြန်လည်လွတ် မြောက်လာမှာဖြစ်တယ်လို့ Mr-Tawatchai က ပြောဆိုခဲ့ပါတယ်။ 

Nakhon Sawan ဗဟိုအကျဉ်းထောင်မှာ ဆေးခြောက်မှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၁၀) ဦးဟာ လွှတ်ငြိမ်းခွင့်ရရှိထားပေမယ့် ဘယ်သူမှတော့ပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။ 

ထိုင်းနိုင်ငံမှာ ဆေးခြောက်နဲ့ ပိုးသတ်ဆေးအမျိုးအစား(၅) မျိုးစာရင်းက ဖယ်ရှားတာကို ဇွန်လ(၉) ရက်နေ့မှာ တရားဝင်စတင်မှာ ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ 

Nakhon Sawan အကျဉ်းထောင်အကြီးအကဲ Supachok Khuanrurchai က အကျဉ်းထောင် ဟာ ဥပဒေသစ်အရ လွတ်မြောက်မယ့် ဆေးခြောက်နဲ့ ဆက်နွယ်တဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားအရေအတွက်ကို ပြည်နယ်တရားရုံးနဲ့ ညှိနှိုင်းထားတယ်လို့ ပြောပါတယ်။ 

အကျဉ်းသားတွေဟာ တခြားပြစ်မှုတွေနဲ့ ပြစ်ဒဏ်စီရင်ခံထားရတဲ့အတွက် သူတို့ကို လွှတ်ပေးနိုင် တာမရှိသေးဘူးလို့ သူက ပြောပါသေးတယ်။

မူးယစ်နှိမ်နင်းရေးဗျူရို ညွှန်ကြားရေးမှူးဒုတိယရဲမှူးချုပ် ရွှိုင်းအင်းကာပိုင်ရို ကတော့ ဇွန်လ (၉) ရက်နေ့မှာ ဆေးခြောက်မှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသား(၄၂၀၀) ကျော်ကို လွှတ်ပေးဖို့ ရှိတယ် လို့ပြောဆိုထားပါတယ်။ 

ထိုင်းနိုင်ငံမှာ ဆေးခြောက်သုံးစွဲမှုအတွက် ဆိုင်းငံ့ထားတဲ့ အမှုတွေကို စုံစမ်းစစ်ဆေး မှုတွေ ကနေဖယ်ရှားသွားမှာဖြစ်သလို ဖမ်းဝရမ်းထုတ်ထားတာတွေကိုလည်း ရုပ်သိမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Cannabis ဟာ တရားမဝင်ဆေးဝါးမဟုတ်ဘူးဆိုတာကို ဖေဖော်ဝါရီလ(၉) ရက်နေ့က ထုတ်ပြန် တဲ့တော်ဝင်ပြန်တမ်းမှာ ထုတ်ပြန်ထားတဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ဟာ ဇွန်လ(၉) ရက်နေ့မှာ စတင်အသက်ဝင်ခဲ့တာပါ။ 

ထိုင်းနိုင်ငံမှာ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်အတွက် ဆေးခြောက် ထုတ်လုပ်တာ၊တင်သွင်း တာ၊ဖြန့်ဖြူးတာ၊သုံးစွဲတာနဲ့ လက်ဝယ်ထားရှိတာတွေအတွက် တရားဝင်ခွင့်ပြုထားပြီးဖြစ်တယ် လို့သိရပါတယ်။ 

ဒါပေမယ့် 0.2 % THC ထက်ပိုတဲ့ ကောက်နှုတ်ချက်တွေကို လက်ဝယ်ထားရှိတာနဲ့ မူးယစ်ဆေး ဝါးကို အပန်ဖြေအသုံးပြုတာတွေကိုတော့ ကန့်သတ်ထားပါတယ်။ 

Ref : Bangkok Post 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.