June 10, 2022

ထိုင်းမှာ ဆေးခြောက်မှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေး

ဘန်ကောက် – ဇွန်(၁၀) ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်က ပယ်ဖျက်လိုက်ချိန်မှာ ထိုင်းနိုင်ငံ တစ်ဝှမ်းက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၄၂၀၀) ကျော် ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆေးခြောက်နဲ့ ပတ်သက်တဲ့ အမှုကိစ္စတွေက အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ သူတို့ရဲ့ ပြစ်ဒဏ် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အကူအညီတွေပေးအပ်ထားတယ်လို့ ပြုပြင်ရေး ဌာန လက်ထောက်ညွှန်ကြားရေးမှူး တာဝါချိုင်ဝပ်က ပြောပါတယ်။…

မြောက်ကိုရီးယားက ကိုဗစ်ဗိုင်းရပ်စ်သယ်ဆောင်လာတဲ့ လေကို တရုတ် စိုးရိမ်

ဘေဂျင်း – ဇွန်(၁၀) တရုတ်နိုင်ငံရဲ့ မြို့တစ်မြို့မှာ ဘယ်နေရာက ရောက်ရှိလာတာ ကို မမှန်းဆ နိုင်တဲ့ ကိုဗစ် – 19 ကူးစက်မှု အသစ်တွေဆက်တိုက်ဖြစ်ပွားနေတာကို တွေ့ရှိရတဲ့အတွက် အိမ်နီးချင်း မြောက်ကိုရီး ယားနိုင်ငံက တိုက်ခတ်လာတဲ့ လေကို သံသယရှိနေတယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။ လူဦးရေ(၂) သန်းကျော်ရှိတဲ့ ဒန်းဒေါင်းမြို့ကို ဧပြီလကုန်တည်းက လော့ခ်ဒေါင်းချထားပေမယ့်…

သံသယ တရားခံကို သေဆုံးတဲ့အထိညှင်းပန်းနှိပ်စက်ခဲ့တဲ့ ဂျိုးဖရာရီ ကိုဘန်ကောက်တရားရုံး တော်ကထောင်တစ်သက်တစ်ကျွန်းအမိန့်ချ

ဘန်ကောက် – ဇွန်(၁၀) ပြိုင်ကာတွေကိုကြိုက်တက်တဲ့ ထိုင်းနာမည်ကြီးရဲအရာရှိ “ဂျိုး ဖရာရီ” ဟာ မူးယစ်တရားခံ တစ်ဦး ကိုအသတ်သေဆုံးတဲ့အထိ ညှင်းပန်းနှိပ်စက်ခဲ့တဲ့အတွက် ဘန်ကောက်တရားရုံးတော်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရမယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ထစ်တီဆန်အွတ်ထနာဖွန်ဟာ ဖြစ်စဉ်တစ်ခုမှာ လူတစ်ဦးကို အသက်သေဆုံးတဲ့အထိ ညှင်းပန်း နှိပ်စက်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ ဘန်ကောက်တရားရုံးတော်က ရှာဖွေတွေ့ရှိခဲ့သလို အဲ့ဒီ ဖြစ်ရပ်ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ထိုင်းဘုရင့်နိုင်ငံအတွင်း အကျင့်ပျက်…

တနင်္သာရီမှာ စက်သုံးဆီတွေ အလုအယက် ဝယ်ယူနေရ

ကော့သောင်း၊ ဇွန် ၁၀ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းနဲ့ မြိတ်မြို့ပေါ်က စက်သုံးဆီဆိုင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးမယ်ဆိုတဲ့ သတင်းကြောင့် ဇွန် ၉ ရက်နေ့ မနက်ပိုင်းကစပြီး ပြည်သူတွေ အလုအယက် ဝယ်ယူနေကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကော့သောင်းနဲ့ မြိတ်မြို့ပေါ်ရှိ စက်သုံးအရောင်ဆိုင်တွေကို စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့တွေက လိုက်လံစစ်ဆေးခဲ့တာပါ။ အဲဒီနောက်မှာတော့ စက်သုံးဆီအရောင်းဆိုင်တချို့နဲ့…

ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်း ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံနေရ

ကျိုက်ထို၊ ဇွန် ၁၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တညင်ချောင်းကျေးရွာအဝင်လမ်းအနီးမှာ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ်ကနေ ဘီးလင်းမြို့နယ်ကို မောင်းနှင်လာတဲ့ ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…

ဘားအံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက် နှိပ်စက်ခံရပြီး အစာရေစာပါ ဖြတ်တောက်ခံထားရ

ဘားအံ ၊ ဇွန်(၉) ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ ဖမ်းဆီးခံ တက္ကသိုလ်ကျောင်သားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ မတရား ရိုက်နက်ညှဉ်းပန်း နှိပ်စက်ခံနေရပြီးနောက် အစာရေစာပါ ဖြတ်တောက် ခံထားရတယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားမဂ္ဂ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘားအံထောင်ပိုင်အသစ် ဦးလှဆွေ ဦးစီးတဲ့အဖွဲ့ဟာ ဖမ်းဆီးခံ တက္ကသိုလ်ကျောင်သားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က စပြီး…