ဆိုးလ် – ဇွန်(၉) 

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေဟာ ပြင်းထန်ပြီး ဥပဒေနဲ့ မညီပဲ ရန်စမှု ဖြစ် တဲ့အတွက် တွေ့ဆုံဆွေးနွေးမှုတွေမှာ ပြန်လည်ဝင်ရောက်ဖို့နဲ့ ကိုဗစ် ဆိုင်ရာ အကူအညီတွေ လက်ခံဖို့ အမေရိကန်၊တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံက အကြီးတန်းအရာရှိတွေက တိုက်တွန်းလိုက်ပါတယ်။  

၂၀၁၇ ခုနှစ်နောက်ပိုင်းမြောက်ကိုရီးယားရဲ့ ပထမဆုံးနျူကလီးယားစမ်းသပ်မှုအတွက် ကြိုတင် ပြင်ဆင်မှု လက္ခဏာတွေအဖြစ် ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး ရက်ပိုင်းအကြာ မှာ နိုင်ငံသုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ဆိုးလ်မြို့မှာ တွေ့ဆုံပြီး အခုလို ဆုံးဖြတ်ခဲ့ကြ တာပါ။ 

တောင်ကိုရီးယားနိုင်ငံသမ္မတသစ် ယွန်းဆုခ်ယို တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတွေရဲ့ နံပါတ်(၂) သံတမန်တွေသုံးပွင့်ဆိုင်တွေ့ဆုံမှုဟာ မြောက်ကိုရီးယားရဲ့ ပြင်းထန်တဲ့ လက်နက်စမ်းသပ်မှုတွေရဲ့ အရေးကြီးမှုကို မီးမောင်းထိုးပြခဲ့ကြတာဖြစ်ပါတယ်။ 

နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေကို လိုက်နာဖို့နဲ့ ဒေသတွင်းမတည်မငြိမ်ဖြစ်စေပြီး တင်းမာမှုတွေတိုးမြင့်လာစေတဲ့လုပ်ရပ်တွေကို ချက်ချင်း ရပ်တန့်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းခဲ့ကြောင်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီးဖို့ သုံးနိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက် မှုကို အရှိန်မြှင့်သွားမှာဖြစ်တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရှားမန်းက ကတိပြုထားပြီး အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ ကတိကဝတ်တွေကို ထပ်မံအတည်ပြု ခဲ့ပါတယ်။ 

“ရေရှည်တည်တံ့တဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို အလေးအနက်ထားပြီး လမ်းဖွင့်ထား ဆဲဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး စေ့စပ်ညှိနှိုင်းရေးသို့ ပြန်လည်ဝင်ရောက်ရန် မြောက်ကိုရီးယားအား တိုက်တွန်းခဲ့သလို ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ အကူအညီများကို အပြုသဘောဖြင့် လက်ခံသွားဖို့ သူတို့မျှော်လင့်လျက်ရှိတယ်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ လထဲက ပထမဆုံး ကိုဗစ် အမြောက်အများကူးစက်ဖြစ်ပွားမှုကို ရင်ဆိုင်နေရပြီး လူဦးရေ (၂၅) သန်းမှာ အဖျားရောဂါလက္ခဏာရှိတဲ့ လူနာ (၄.၂) သန်း ကျော်ကို အစီရင်ခံထားပေမယ့် စမ်းသပ်ကိရိယာတွေနဲ့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေမရှိတဲ့ အတွက် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ဘယ်လောက်ရှိတယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြောက်ကိုရီးယားမှာ ကိုဗစ်ပိုမိုဆိုးရွားလာနိုင်တယ်လို့ သတိပေးထားခဲ့ သလို တောင်ကိုရီးယားနဲ့ အမေရကန်တို့ရဲ့ အကူအညီတွေကို ငြင်းဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ တောင်ကိုရီးယားသမ္မတ အသစ် ယွန်းဆုခ်ယိုနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့က အမေရိကန်ရဲ့ မဟာဗျူဟာမြောက် စစ်ရေး ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ပိုမိုဖြန့်ကျက်ချထားဖို့ ကတိပြုထားကြပါတယ်။ 

သမ္မတ ယွန်းက မြောက်ကိုရီးယားရဲ့ တရားမဝင် လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွား မှာဖြစ်တယ်လို့ ကတိပြုထားပေမယ့် တွေ့ဆုံဆွေးနွေးမှုတွေအတွက် တံခါးဖွင့်ထားတယ်လို့ သမ္မတ ရုံးက ဗုဒ္ဓဟူးနေ့က ပြောဆိုထားပါတယ်။ 

မြောက်ကိုရီးယားနဲ့ ကာလရှည်ကြာ ဆက်ဆံရေးရှိတဲ့ ဗီယက်နမ်ကွန်မြူနစ် ပါတီအကြီးအကဲ ငုယင်ဖူထရွန်နဲ့ ဗီဒီယိုကွန်ဖရင့်မှာ ပြုံယမ်းကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို ပြန်လည်ရောက် ရှိလာစေဖို့ အတွက် ကူညီပေးဖို့ တောင်းဆိုထားပါတယ်။ 

“အမေရိကန်ပြည်ထောင်စုသည် ကြိုတင်သတ်မှတ်ချက်များမပါဘဲ မြောက်ကိုရီးယားနှင့် တွေ့ဆုံရန် ပြင်ဆင်နေဆဲဖြစ်ပြီး မြောက်ကိုရီးယားအပေါ် အလားအလာရှိတဲ့ ရည်ရွယ်ချက်မျိုး မရှိကြောင်း ထပ်မံပြောကြားခဲ့သည်” လို့  အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရှားမန်းက ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.